menu

Monday 15 October 2012

၁၀ လက်မအရွယ် Nexus ဖြင့် Apple ကိုဖိုက်မည့် Google နှင့် Samsung

Photo: ၁၀ လက်မအရွယ် Nexus ဖြင့် Apple ကိုဖိုက်မည့် Google နှင့် Samsung

Nexus 7 –Tablet ကို ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ပြီး ဖြန့်ချိခဲ့တာ ဖြစ်ပါ တယ်။ ၇ လက်မရွယ် ကျောက်သင်ပုန်း ကွန်ပျူတာ အသုံးပြုသူများအတွက် အကောင်းဆုံးလို့ ဆိုထားပြီး ယခုတော့ ၁၀ လက်မရွယ် Nexus ကိုထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။

Nexus အမှတ်တံဆိပ်ပါ ကုန်ပစ္စည်းများဟာ Google မှ နည်းပညာ အများစု ပါဝင်တဲ့ အီလက်ထရောနစ် ထုတ်ကုန်များ ဖြစ်ပြီး အခြား အီလက်ထရောနစ် ကုန်ပစ္စည်းထုတ် Company များနဲ့ ပူးပေါင်းရယူတဲ့ ပစ္စည်း ဖြစ်ပါတယ်။ Nexus အမည်အောက်မှာ စမတ်ဖုန်းနဲ့ Tablet များထုတ်ပြီး HTC, Samsung တို့လို နာမည်ကြီး company နှစ်ခုကို ပါတနာလုပ်ထားပါတယ်။ Nexus Tablet ကတော့ Samsung နဲ့အထုပ်များပြီး ဒီတစ်ခါ နောက်ထပ် မျိုးဆက်ကိုလည်း Samsung နဲ့ပဲ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ဒီအတွက် ဈေးကွက်ကိုလေ့လာရာ Amazon ဟာ သူတို့ရဲ့ အဓိက ပြိုင်ဘက် မဟုတ်ဘူးလို့ ဆိုပါတယ်။ Amazon ထုတ်တဲ့ Kindle Fire ဟာ ဈေးသက် သာ အသုံးပြုသူများကို ရည်ရွယ်တဲ့ e-book သက်သက်သာ ဖြစ် တယ်လို့တောင် Android Tabler user များ လောင်ပြောင်ထားပါတယ်။

လက်ရှိ Tablet ဈေးကွက်မှာ ဦးဆောင်နေတာကတော့ Apple ဖြစ်ပါတယ်။ Apple ထုတ်တဲ့ iPad များဟာ Applcation အမြောက်အများရရှိ အသုံးပြုနိုင် မှု၊ Retina Display အသုံပြုထားမှု၊ Hardware, software ထူးခြား ကောင်းမွန်မှုများကြောင့် ယနေ့တိုင် ယှဉ်ပြိုင်နိုင်သူ မရှိသေးခြင်း ဖြစ်ပါတယ်။

ဒီတစ်ခါကတော့ Google နဲ့ Samsung က ယင်းသမိုင်းကို ဖြိုဖျက်တော့ မှာ ဖြစ်တယ်လို့ နည်းပညာသတင်းမီဒီယာ များက ဖော်ပြနေကြပါတယ်။ လာမယ့် Nexus ကျောက်သင်ပုန်း ကွန်ပျူတာကိုတောင် ၇ လက်မ မဟုတ်တော့ပဲ ၁၀ လက်မ နဲ့ ထွက်ရှိစေမှာ ဖြစ်ပါတယ်။ ဖန်သားပြင် ကိုလည်း Resolution အကောင်းဆုံးပေးတဲ့ Retina Display ကိုအသုံးပြု မယ်လို့ တောင် သတင်းများ ထွက်ပေါ်နေပါတယ်။

Application နည်းပါးမှု ပြ သနာကို Google ကအဓိက ကိုင်တွယ်ပေး မှာ ဖြစ်ပြီး အကောင်းဆုံး Tablet တစ်လုံး ဖြစ်လာအောင် ဖန်တီးမယ်လို့ သိရပါတယ်။ Nexus 7 ကို ၂၀၁၂ ဇူလိုင်က စတင်ဖြန့်ချိထားတဲ့ အတွက် Nexus 10 ကို နောက်နှစ် လယ်လောက်မှပဲ ဖြန့်ချိနိုင်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
---
Ref:wired.com
Aung Kham (TSJ team)
http://techspacejournal.blogspot.com/2012/10/nexus-apple-google-samsung.html

မူရင်းသတင်း--- TechSpace Journal
Post By : အေးချမ်းမွန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis