menu

Monday 15 October 2012

Microsoft Surface tablet ၏ တန်ဖိုး PC တစ်ခုနီးပါးရှိနိုင်

Photo: Microsoft Surface tablet ၏ တန်ဖိုး PC တစ်ခုနီးပါးရှိနိုင်

Microsoft ကုမ္ပဏီ၏ Surface RT tablet တန်ဖိုးသည် smart cover/keyboard မပါဝင်ဘဲ tablet သီးသန့်ကို အမေရိကန်ဒေါ် လာ ၃၉၉ မှ ၄၉၉ ကြား ကုန်ကျနိုင်ကြောင်း အိန္ဒိယနိုင်ငံအခြေစိုက် Finvista Advi
sors အကြံပေးအဖွဲ့မှ သုတေသီတစ်ဦးက ပြောကြားခဲ့ကြောင်းသိရသည်။

လာမည့်နှစ်တွင်ထုတ်လုပ်မည့် Surface Pro ဗားရှင်းမှာလည်း smart cover/keyboard မပါဝင်ဘဲ အမေရိကန်ဒေါ်လာ ၇၉၉ မှ ၈၉၉ အထိ ကုန်ကျဖွယ်ရှိကြောင်း သုတေသီတစ်ဦးဖြစ်သူ Sameer Singh ကဆိုသည်။ Surface RT တွင် တန်ဖိုးနည်းပါးသည့် Nvidia ARM ချစ်ပ်ကို အသုံးပြုထားပြီး ယခင် Windows ဆော့ဖ်ဝဲအဟောင်းများကို အသုံးပြုနိုင်မည်မဟုတ်ပေ။ တန်ဖိုးပိုမိုကြီး မားသည့် Intel Core i5 Pro ဗားရှင်းတွင်မူ ဆော့ဖ်ဝဲဟောင်းများကို အသုံးပြုနိုင် မည်ဖြစ်ကြောင်းသိရသည်။ ကီးဘုတ်တွဲဖက်ပါ ၀င်သော tablet များသည် ဈေးကွက်အတွင်းထိုးဖောက်ဝင်ရောက်လာနေပြီဖြစ်ပြီး Microsoft ၏ အကျိုးတူကုမ္ပဏီများကလည်း keyboard ပါဝင်သည့် tablet များကို မိတ်ဆက်ပေးခဲ့သည်။ Lenovo မှ ၎င်း၏ Nvidia Tegra ချစ်ပ်အသုံးပြုထားသည့် Windows RT အခြေခံ IdeaPad Yoga 11 tablet ကို ကီးဘုတ်အပါအ၀င် အမေရိကန်ဒေါ်လာ ၇၉၉ ဖြင့် မကြာသေးမီကမိတ် ဆက်ခဲ့သည်။

Windows 8 tablet တစ်မျိုးဖြစ်သည့် Iconia W510 ကိုလည်း Acer မှ keyboard dock မပါဝင်ဘဲ အမေရိကန်ဒေါ်လာ ၄၉၉.၉၉ ဖြင့်မိတ်ဆက်ပေးခဲ့ကာ keyboard dock နှင့်တစ်ပါတည်းဝယ်ယူလျှင် အမေရိကန်ဒေါ်လာ ၇၅၀ ကုန်ကျမည်ဖြစ် ကြောင်းသိရသည်။ W510 မှာမူ RT tablet မဟုတ်ဘဲ စွမ်းအင်သုံးစွဲမှုနည်းပါးသည့် Intel Clover Trail ချစ်ပ်ကိုအသုံးပြုထား ပြီး စွမ်းဆောင်ရည်မြင့်မားမှုမရှိသော်လည်း Windows 8 စနစ်ကို အပြည့်အ၀အသုံးပြုနိုင်မည်ဖြစ်သည်။

Ref: CNET Asia
မူရင်းသတင်း---Internet Journal
Post By : အေးချမ်းမွန်
Microsoft ကုမ္ပဏီ၏ Surface RT tablet တန်ဖိုးသည် smart cover/keyboard မပါဝင်ဘဲ tablet သီးသန့်ကို အမေရိကန်ဒေါ် လာ ၃၉၉ မှ ၄၉၉ ကြား ကုန်ကျနိုင်ကြောင်း အိန္ဒိယနိုင်ငံအခြေစိုက် Finvista Advisors အကြံပေးအဖွဲ့မှ သုတေသီတစ်ဦးက ပြောကြားခဲ့ကြောင်းသိရသည်။
လာမည့်နှစ်တွင်ထုတ်လုပ်မည့် Surface Pro ဗားရှင်းမှာလည်း smart cover/keyboard မပါဝင်ဘဲ အမေရိကန်ဒေါ်လာ ၇၉၉ မှ ၈၉၉ အထိ ကုန်ကျဖွယ်ရှိကြောင်း သုတေသီတစ်ဦးဖြစ်သူ Sameer Singh ကဆိုသည်။ Surface RT တွင် တန်ဖိုးနည်းပါးသည့် Nvidia ARM ချစ်ပ်ကို အသုံးပြုထားပြီး ယခင် Windows ဆော့ဖ်ဝဲအဟောင်းများကို အသုံးပြုနိုင်မည်မဟုတ်ပေ။ တန်ဖိုးပိုမိုကြီး မားသည့် Intel Core i5 Pro ဗားရှင်းတွင်မူ ဆော့ဖ်ဝဲဟောင်းများကို အသုံးပြုနိုင် မည်ဖြစ်ကြောင်းသိရသည်။ ကီးဘုတ်တွဲဖက်ပါ ၀င်သော tablet များသည် ဈေးကွက်အတွင်းထိုးဖောက်ဝင်ရောက်လာနေပြီဖြစ်ပြီး Microsoft ၏ အကျိုးတူကုမ္ပဏီများကလည်း keyboard ပါဝင်သည့် tablet များကို မိတ်ဆက်ပေးခဲ့သည်။ Lenovo မှ ၎င်း၏ Nvidia Tegra ချစ်ပ်အသုံးပြုထားသည့် Windows RT အခြေခံ IdeaPad Yoga 11 tablet ကို ကီးဘုတ်အပါအ၀င် အမေရိကန်ဒေါ်လာ ၇၉၉ ဖြင့် မကြာသေးမီကမိတ် ဆက်ခဲ့သည်။

Windows 8 tablet တစ်မျိုးဖြစ်သည့် Iconia W510 ကိုလည်း Acer မှ keyboard dock မပါဝင်ဘဲ အမေရိကန်ဒေါ်လာ ၄၉၉.၉၉ ဖြင့်မိတ်ဆက်ပေးခဲ့ကာ keyboard dock နှင့်တစ်ပါတည်းဝယ်ယူလျှင် အမေရိကန်ဒေါ်လာ ၇၅၀ ကုန်ကျမည်ဖြစ် ကြောင်းသိရသည်။ W510 မှာမူ RT tablet မဟုတ်ဘဲ စွမ်းအင်သုံးစွဲမှုနည်းပါးသည့် Intel Clover Trail ချစ်ပ်ကိုအသုံးပြုထား ပြီး စွမ်းဆောင်ရည်မြင့်မားမှုမရှိသော်လည်း Windows 8 စနစ်ကို အပြည့်အ၀အသုံးပြုနိုင်မည်ဖြစ်သည်။

Ref: CNET Asia
Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis