menu

Monday 15 October 2012

တပ်မတော်မှ သိမ်းယူသွားခဲ့သော လယ်ယာခြံမြေများအတွက် ပြန်လည်အရေးဆိုမည်


၁၁ . ၁၀ . ၂၀၁၂ ရက်နေ့က ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ၊ နဘူးတောင်နား ကျေးရွာက လယ်သမားတွေဟာ `လယ်ယာခြံမြေကိစ္စ ညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲ´တစ်ရပ်ပြုလုပ်ခဲ့ပြီး တပ်မတော်က သိမ်းဆည်းရယူသွားတဲ့ လယ်ယာခြံမြေတွေနဲ့ ပတ်သက်ပြီး ဒေသခံတို့ရဲ့ နစ်နာဆုံး ရှုံးခဲ့ရမှုများအပေါ် ပြန်လည် တောင်းဆိုဖို့ မြေယာဆုံးရှုံးမှုကိစ္စများတွင် လိုက်ပါဆောင်ရွက်ပေးနေသူ ဦးဝင်းချိုကို ဖိတ်ကြားပြီး ဒေသခံတွေ သိမ်းဆည်းခံခဲ့ရပုံတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲအတွက် ရန်ကုန်မြို့အခြေစိုက်မီဒီယာသမားများကိုပါ ဖိတ်ကြားပြီး ဆွေးနွေး ပွဲ၏ သဘာပတိအဖြစ် ဆောင်ရွက်သူ ဦးစိန်ဝင်းမှ `၁၉၉၅ - ၁၉၉၆ ခုနှစ်အတွင်း အမှတ် ၅၄၇ ၊ ၅၄၈ ၊ ၅၄၉ တပ်ရင်းများ၏ လယ်ယာမြေသိမ်းဆည်းခဲ့မှုများနှင့် ပတ်သက်၍ ခံစားချက်များကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးပြီး တောင်းဆိုသွားဖို့ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ နိုင်ငံတော်ကို ပုန်ကန်တဲ့ ဆွေးနွေးပွဲ မဟုတ်ဘဲ နစ်နာမှုအတွေအတွက် တက်ညီလက်ညီ တောင်းဆိုသွားဖို့ကျင်းပတဲ့ပွဲသာ ဖြစ်ကြောင်း´ ဆိုသည်။

လယ်ယာခြံမြေများသိမ်းဆည်းခံခဲ့ရသူတစ်ဦးဖြစ်သူ ဦးမြဦးမှ ` ကျွန်တော်တို့ တောင်နားသူ တောင်နားသားတွေ အခုလိုကျင်းပခြင်းဟာ ဆုံးရှုံးနစ်နာနေတဲ့ နစ်နာချက်တွေကို ပြန်လည်ရရှိရေး အတွက် အခုလိုအေးချမ်းစွာတောင်းဆိုခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်ဟာ ဒီကရင်ပြည်နယ်မှာနေထိုင် တဲ့ ဗမာစစ်စစ်ပါ။ ဒါပေမယ့် တိုင်းရင်းသားအနေနဲ့ပဲ ကျွန်တော်ခံယူပြီး ရင်ဖွင့်လိုပါတယ်။ တပ်မတော် ကနေပြီးတော့ ၁၉၉၅ ခုနှစ်ကနေစပြီး တပ်ရင်းတွေတည်ဆောက်ဖို့ဆိုပြီး လယ်မြေ၊ယာမြေ၊ခြံမြေတွေ ကိုသိမ်းဆည်းခဲ့တာ အခုချိန်အထိပဲ။ ကျွန်တော်တို့ဟာ အစိုးရနဲ့ ပတ်သက်ပြီး တပ်မတော်က ဆောက် လုပ်မယ့်အဆောက်အဦးတွေအတွက် မနှစ်သက်လို့ မမြတ်နိုးလို့ မဟုတ်ဘူး။ ဒါပေမယ့် အစိုးရဘက် ကအဆောက်အဦးလုပ်မယ် ၊ ပြည်သူအတွက်အကျိုးရှိမယ့် အဆောက်အဦးတွေ ဆောက်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ကြည်ကြည်ပျူပျူ လက်ခံအောင် ပြောဆိုရပါမယ်။ အခုဟာတွေက ဖိနှိပ်ပြီး သိမ်းဆည်းထားတွေဖြစ်လို့ ကျွန်တော်တို့ပြန်လည်ပြောဆိုခြင်းဖြစ်ကြောင်း´ဖြင့် ပြောဆိုသည်။
ကရင်အဖွားအိုတစ်ဦးမှ ` တပ်ရင်းမှူးကို အမိုးမေးတော့ နိုင်ငံတော်က အမိန့်ချလိုက်ပြီ နင်တို့ ပြောင်းလို့ ပြောတယ်။ ကရင်မြေတွေကို အကုန်ယူမယ်လို့ပြောတယ်။ ငပွေးအမျိုးမို့လို ကရင်ကို မောင်းထုတ်မှာလို့လည်း ပြောတယ်။ ကရင်မှာပြေးဖို့ မြေမရှိတဲ့။ အမိုးတို့မှာ လယ်တွေ ၊ ယာတွေ လုပ်လို့ မရ။ အိမ်ဆောက်လို့မရ။ ဒုက္ခဖြစ်နေတယ်။ တောင်းနားရွာမှာ တချို့ကဘုန်းကြီးကျောင်းမှာ ကပ်နေတယ်။ တချို့က တခြားရွာတွေကို ပြောင်းသွားကြရတယ်။ ကရင်ရွာလည်းရှိတယ်။ ဗမာရွာ လည်းရှိတယ်။ နင်တို့ ဘာဖြစ်လို့ ကရင်ကိုဖယ်ခိုင်းတာလဲလို့ အမိုးကမေးတယ်။ ကရင်တွေ အသုံးမကျ လို့ ဦးနှောက်မရှိလို့ ဖယ်ခိုင်းတာလို့ပြောတယ်။ ငါတို့ကရင်က ဦးနှောက်မရှိပေမယ့် ဘယ်သူဆီကမှ မသိမ်းဘူး။ နင်တို့ဗမာမျိုးကတော့ ဦးနှောက်ရှိတယ် ။ ပညာရှိတယ် ။ သူများ လယ်တွေ ခြံတွေကို သိမ်းတယ်။ အမိုးတို့စာမတတ်ဘူး ဘယ်သူ့ဥစ္စာမှမသိမ်းဘူး။ငါကတော့ တောင်နားကနေ ဘယ်မှ မပြောင်းနိုင်ဘူး။ တပ်ရင်းမှူးက နင်တို့နေလို့မရဘူး။ အကွက်ချပေးမယ်ဆိုပြီး ဥက္ကဌက ပိုက်ဆံတောင်းတယ်။ ငါကတော့ ပိုက်ဆံမပေးနိုင်ဘူး။ ငါတို့အသိမ်းခံထားရတာ အလကားပေးရင်နေမယ်။ အလကား မပေးရင် မနေဘူး။´လို့ ဆိုပါတယ်။
ကရင်တိုင်းရင်းသူကြီးမှ ထိုသို့ရင်ဖွင့်လာသည့်အတွက် ဦးဝင်းချိုမှ ` တောင်နားရွာသားတွေ လယ်တွေအသိမ်းခံထားရတယ်။ အဲဒီအတွက် နစ်နာကြေးတစ်စုံတစ်ရာ မရရှိသေးဘူး။ ဒီအကြောင်း အရာကို သိရှိပြီး အများပြည်သူသိရှိအောင် ဖော်ထုတ်ဖို့ ကျွန်တော်တို့ လာခဲ့ပါတယ်။ ကရင်လူမျိုးတွေ မှမဟုတ်။ မြန်မာတစ်ပြည်လုံးမှာ သိမ်းဆည်းခံနေရခြင်းဖြစ်တယ်။ အဲဒီအတွက်လဲ ဆုံးရှုံးနစ်နာသူတွေ ဘက်က လိုက်ပါတိုက်ပွဲဝင်နေကြပါတယ်´လို့ ဆွေးနွေးပြောဆိုသွားပါတယ်။


ကရင် အဖွားအိုတွေရဲ့ ရင်ဖွင့်သံတွေထဲမှာ သူတို့တွေက လက်မှတ်မထိုးနိုင်ဘူးလို့ ပြောတာကို လက်မှတ်ကို ကလေးလေး စာရေးသင်သလို စွဲထိုးသွားတဲ့ပုံစံအထိ တပ်မတော် အရာရှိ တွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ရင်ဖွင့်ပြောဆိုကြပါတယ်။ အဖိုးအိုတစ်ဦးက ` ၅၄၈ ၊ ၅၄၉ တပ်ရင်းတွေလာတော့ ဖတီးတို့ ကုန်းပေါ်မှာပဲ နေတယ်။ ရဲဘော်တွေက မိန်းမတွေခေါ်လာ ။ နေစရာ မရှိလို့ လုပ်ကိုင်ပေးရ။ လုပ်အားပေးတွေခိုင်း။ တပ်ရင်းမှူးက ဖတီးတို့နေရာတွေကို သိမ်းပြီးကွက်သစ် မှာ နေရာချပေးမယ်လို့ပြောထားတယ်။ ဖတီးတို့ကို ညကြီးအိမ်ဖျက်ခိုင်းတယ်။ နေလို့မရဘူးဆိုတော့ သစ်တွေကို ဘုန်းကြီးကျောင်းထဲမှာ လာပုံထားတယ်။ ဘုန်းကြီးကျောင်းနားမှာ ဆောက်မယ်ဆိုတော့ လည်း ရဲမေတွေက အရာရှိတွေက ချမပေးသေးဘဲနဲ့ မဆောက်ရဘူးဆိုတော့ စိတ်တိုတိုနဲ့ ဟိုးချောင် ထဲမှာ သွားဆောက်နေတယ်။ ရေမိုးကြီးတော့ နွားလည်း အိပ်မရ။ လူလည်း ဒုက္ခ။ ဖိုးခွားတို့လာတာ ကိုယ့်နေရာ ကိုယ်ပြန်နေလို့ရဖို့။ ဒီကိစ္စကို တင်ပြချင်တာပါ။´ဟု ဆိုသည်။


သဘာပတိအဖြစ်ဆောင်ရွက်သူ ဦးစိန်ဝင်းအား မေးမြန်းရွာတွင်  ဖတီတို့က တောင်ဆိုဖို့ တာဝန်ရှိတယ်။ ပြန်ရမယ် မရဘူး ဆိုတာက နိုင်ငံတော်အုပ်ချုပ်မင်းလုပ်တဲ့သူတွေရဲ့ တာဝန်လေ။ ဖတီတို့ကတော့ ဒီမြေတွေနဲ့ ပတ်သက်ပြီး တစ်လက်မမှ နောက်မဆုတ်ဘဲ တောင်ဆိုသွားမှာဖြစ် ကြောင်း ပြောဆိုသည်။
ဦးဝင်းချိုမှ အခြားသော လယ်ယာမြေကိစ္စများကို လိုက်ပါကူညီခဲ့သလို နဘူးတောင်နား ကျေးရွာသူ ကျေးရွာသားများမှ လိုအပ်လို့ ဦးဆောင်ခိုင်းမည်ဆိုလျှင် ဦးဆောင်ပေးသွားမည်ဟု ပြောဆို သည်ကို ကရင်ဒေသခံများက လက်ခံသည်ဖြစ်ရာ ဦးဝင်းချိုမှ တပ်မတော်မှ သိမ်းဆည်းထားသော လယ်မြေများနှင့် ပတ်သက်၍ အချက်(၃)ချက် ဦးတည်တောင်းဆိုသွားရန် ပြောဆိုခဲ့ပြီး (၁) ကျန်ရှိနေ သောမြေနေရာများကို မူလလုပ်ကိုင်သူများအား ပြန်လည်ချထားပေးရန် (၂) ရွာဖျက်ခံထားရတဲ့ လူတွေအတွက် ၇၅ ယောက်သော ရွာဖျက်ခံရတဲ့အထဲမှာ ပါဝင်သူတွေကို အိမ်ယာမြေအသစ် ဖော်ထုတ်ပေးရန် (၃) သိမ်းဆည်းရယူသွားသော လယ်ယာမြေများ ပြန်လည်ချထားပေးနိုင်ခြင်း မရှိလျှင် နစ်နာကြေးပေးရန် ဖြစ်သည်။


အဆိုပါဆွေးနွေးပွဲသို့ KNLA / KNU ငြိမ်းချမ်းရေးအဖွဲ့မှ တက်ရောက်၍ လုံခြုံရေးဆောင်ရွက် ပေးခဲ့ပြီး ငြိမ်းချမ်းရေးအဖွဲ့မှ ဗိုလ်မှူး နော်ဝေးမှလည်း `တစ်ဖက်က နစ်နာတဲ့ပြည်သူတွေကို ပြန်ကြည့် ပေးဖို့ ။ နေဖို့နေရာတောင် မရှိတော့တဲ့အတွက် အခက်အခဲတွေအများကြီးရှိနေတဲ့အပေါ် ဒုက္ခသည် တွေလို နေကြရတယ်။ လိုအပ်သလောက်ပဲ သိမ်းဆည်းပြီး ပိုတဲ့မြေတွေကို ပြန်ချပေးဖို့ ။ နေစရာ နေရာမရှိ ။ ပြေးစရာမြေမရှိ။ နစ်နာမှုတွေအများကြီးဖြစ်ခဲ့တဲ့အတွက် နိုင်ငံတော်အနေနဲ့ ပြည်လည် ကြည့်ရှု  စောင့်ရှောက်ပေးသင့်ပါတယ်´ လို့ပြောဆိုသွားသည်။
သိမ်းဆည်းခံခဲ့ရသော လယ်ယာခြံမြေ ပမာဏမှာ ဧက ၁၅၀၀ ကျော်ခန့်ရှိသည်ဟု သိရပြီး သိမ်းဆည်းခံထားရသူ ၇၅ဦး၏ လက်မှတ်များဖြင့် အဆိုပါဆွေးနွေးပွဲမှ မှတ်တမ်းတင်ရယူနိုင်ခဲ့သော ဒေသခံတို့၏ ပြောဆိုချက်ဗွီဒီိယိုမှတ်တမ်း များကို နိုင်ငံတော်သမ္မတ ၊ မြေယစုံစမ်းရေးကော်မရှင်နှင့် အခြားသော သက်ဆိုင်ရာများသို့ပါပေးပို့ သွားမည်ဖြစ်သည်။

နောင်တော်လေး
by Naung Taw Lay on Sunday, October 14, 2012 at 6:30pm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis