menu

Monday 15 October 2012

ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးသတ်စခန်း၊ မီးသတ်ယာဉ်နှင့် မီးသတ်အင်အားချထားနိုင်ခြင်း မရှိသေးသောမြို့နယ် ၁၀ ခုရှိကြောင်း သိရ




ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးသတ်စခန်း၊ မီးသတ်ယာဉ်နှင့် မီးသတ်အင်အား ချထားနိုင်ခြင်းမရှိသေးသော မြို့နယ် ၁၀ ခုခန့်ရှိကြောင်း အောက်တိုဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း ဗိုလ်တထောင်၊ ပန်းပဲတန်း၊ လသာ၊ ဆိပ်ကမ်း၊ လမ်းမတော်၊ ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ ရန်ကင်းနှင့် ကမာရွတ်မြို့နယ်တို့တွင် မီးသတ်စခန်း၊ မီးသတ်ယာဉ်နှင့် မီးသတ်အင်အားများချထားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

''ရန်ကုန်တိုင်းဒေသကြီးမှာ  မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိသည့်အနက် မီးသတ်စခန်းဖွဲ့စည်းပုံမကျသေးသော မြို့နယ် ၁၀ မြို့နယ်ရှိပါတယ်။ မီးသတ်ဦးစီးဌာနအနေနဲ့ မီးသတ်စခန်းဖွဲ့စည်းပုံခွင့်ပြုမိန့်မရရှိသေးတဲ့ မြို့နယ် ၁၀ မြို့နယ်ကို ဖွဲ့စည်းခွင့်ပြုမိန့်ရရှိရေး စီမံကိန်းရေးဆွဲလျက်ရှိပါတယ်''ဟု  ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောခဲ့သည်။
အောက်တိုဘာလ ၁ ရက်နေ့ ကပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့တွင် ကမာရွတ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေက ''ကမာရွတ်မြို့နယ်အနီးတစ်ဝိုက်ဖြစ်သော  ကြည့်မြင်တိုင်၊ လှိုင်မြို့နယ်များတွင် မီးသတ်စခန်းရှိပြီး  ကမာရွတ်မြို့နယ်တွင် မီးသတ်စခန်း၊ မီးသတ်ကားများမရှိကြောင်း၊ ၁၉၉၀  ပြည့်နှစ်က ကမာရွတ်မြို့နယ် အမှတ် (၅)ရပ်ကွက် မီးလောင်ခဲ့ရာ တစ်ရပ်ကွက်လုံးကုန်သွားခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါရပ်ကွက်မှာ မီးသတ်စခန်းဖွင့်၍ မီးသတ်ကား တစ်စီးထားရှိပေးရန် အစီအစဉ်ရှိမရှိကိုမေးမြန်းခဲ့သည်။
ယင်းမေးမြန်းချက်အပေါ် ဒေါက်တာမြင့်သိန်းက '' မီးသတ်စခန်းဖွဲ့စည်းပုံ ခွင့်ပြုမိန့်မရရှိသေးတဲ့ မြို့နယ် ၁၀ မြို့နယ်ကို ဖွဲ့စည်းခွင့်ပြုမိန့်ရရှိရေးစီမံကိန်းရေးဆွဲနေပြီး အဲဒီမှာဦးစားပေးအစီအစဉ်အရ  ကမာရွတ်မြို့နယ်အား  ၂၀၀၆ -၂၀၀၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ၃ ယူနစ်အဆင့် မီးသတ်စခန်းအပါအ၀င် ၀န်ထမ်းနေအိမ်လိုင်းခန်းများ ခွင့်ပြုမိန့်ရရှိရေး ထည့်သွင်းရေးဆွဲတင်ပြထားပါတယ်''ဟု ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis