menu

Monday 15 October 2012

အမေရိကန်ရေငုပ်သင်္ဘော တစ်စင်းနှင့် စစ်သင်္ဘော တစ်စင်း တိုက်မှုဖြစ်ပွား

Photo: အမေရိကန်ရေငုပ်သင်္ဘော တစ်စင်းနှင့် စစ်သင်္ဘော တစ်စင်း တိုက်မှုဖြစ်ပွား

အမေရိကန် ရေတပ်မှ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်းနှင့် Aegisအမျိုး အစား ခရူဇာစစ်သင်္ဘော တစ်စင်းတို့သည် အမေရိကန်နိုင်ငံ အရှေ့ဘက် ကမ်းလွန်တွင် အောက်တိုဘာ ၁၃ ရက်က တိုက်မှုဖြစ် ပွားခဲ့ကြောင်း အမေရိကန် ရေတပ်မှ ပြောကြား ခဲ့သည်ဟု သိရသည်။

အမေရိကန် ရေတပ်မှ ဒုံးကျည်တပ် USS San Jacinto ခရူဇာ စစ်သင်္ဘော နှင့် ရေငုပ် သင်္ဘော USS Montpelier တို့သည် ၎င်းတို့၏ လုပ်ဆောင်နေကျ တာဝန်များကို ထမ်းဆောင် နေစဉ် ဒေသ စံတော်ချိန် ညနေ ၃ နာရီခွဲတွင် တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ တိုက်မှု ကြောင့် ခရူဇာ စစ်သင်္ဘောမှ ရေအောက် ရှာဖွေရေး ကိရိယာ ပျက်စီးခဲ့ သော်လည်း ရေငုပ်သင်္ဘောမှာ ပျက်စီးမှု မရှိခဲ့ကြောင်း အမေရိကန် ရေတပ်က ပြောကြား ခဲ့ကြောင်း သိရသည်။ ယင်းမတော်တဆ တိုက်မှုနှင့် စပ်လျဉ်း၍ တာဝန်ရှိသူ များက စုံစမ်းစစ်ဆေး လျက်ရှိ ကြောင်းနှင့်အသေးစိတ် အချက် အလက်များကို မသိရှိရ သေးကြောင်း ရေတပ် က ပြောကြား ခဲ့သည်ဟု သိရသည်။

http://www.myawady.net.mm/index.php/all-news/international-news/2012-10-15-05-49-10

မူရင်းသတင်း--- မြ၀တီသတင်း
Post By : အေးချမ်းမွန်
အမေရိကန် ရေတပ်မှ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်းနှင့် Aegisအမျိုး အစား ခရူဇာစစ်သင်္ဘော တစ်စင်းတို့သည် အမေရိကန်နိုင်ငံ အရှေ့ဘက် ကမ်းလွန်တွင် အောက်တိုဘာ ၁၃ ရက်က တို
က်မှုဖြစ် ပွားခဲ့ကြောင်း အမေရိကန် ရေတပ်မှ ပြောကြား ခဲ့သည်ဟု သိရသည်။

အမေရိကန် ရေတပ်မှ ဒုံးကျည်တပ် USS San Jacinto ခရူဇာ စစ်သင်္ဘော နှင့် ရေငုပ် သင်္ဘော USS Montpelier တို့သည် ၎င်းတို့၏ လုပ်ဆောင်နေကျ တာဝန်များကို ထမ်းဆောင် နေစဉ် ဒေသ စံတော်ချိန် ညနေ ၃ နာရီခွဲတွင် တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ တိုက်မှု ကြောင့် ခရူဇာ စစ်သင်္ဘောမှ ရေအောက် ရှာဖွေရေး ကိရိယာ ပျက်စီးခဲ့ သော်လည်း ရေငုပ်သင်္ဘောမှာ ပျက်စီးမှု မရှိခဲ့ကြောင်း အမေရိကန် ရေတပ်က ပြောကြား ခဲ့ကြောင်း သိရသည်။ ယင်းမတော်တဆ တိုက်မှုနှင့် စပ်လျဉ်း၍ တာဝန်ရှိသူ များက စုံစမ်းစစ်ဆေး လျက်ရှိ ကြောင်းနှင့်အသေးစိတ် အချက် အလက်များကို မသိရှိရ သေးကြောင်း ရေတပ် က ပြောကြား ခဲ့သည်ဟု သိရသည်။

http://www.myawady.net.mm/index.php/all-news/international-news/2012-10-15-05-49-10

  မြ၀တီသတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis