menu

Monday 15 October 2012

နိုင်ငံ၏ ဆင်းရဲမှု ၂၆ ရာခိုင်နှုန်းအား ၂၀၁၅ ၌ ၁၆ ရာခိုင်နှုန်းထိ လျှော့ချရေး ကြိုးပမ်းလျက်ရှိကြောင်း သူရဦးရွှေမန်းပြောကြား

Photo: နိုင်ငံ၏ ဆင်းရဲမှု ၂၆ ရာခိုင်နှုန်းအား ၂၀၁၅ ၌ ၁၆ ရာခိုင်နှုန်းထိ လျှော့ချရေး
ကြိုးပမ်းလျက်ရှိကြောင်း သူရဦးရွှေမန်းပြောကြား


ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ သမ္မတဦးသိန်းစိန် ဦးဆောင် သော အစိုးရသစ်တက်လာပြီးသည့် နောက်တိုင်းပြည်တွင်းဆင်းရဲနွမ်းတေ မှုလျှော့ချရေးစီမံကိန်းအား ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး။ လာမည့် ၂၀၁၅ ခုနှစ်၌ လက်ရှိတိုင်းပြည်၏ ဆင်းရဲ နွမ်းပါးမှု ရာခိုင်နှုန်း ၂၆ ရာခိုင်နှုန်းအား ၁၆ ရာခိုင်နှုန်းထိလျော့ချနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်
ရှိကြောင်း အောက်တိုဘာ ၁၄ ရက်နေ့၌ နေပြည်တော်ပြည်ခိုင်ဖြိုးပါတီ
ဌာနချုပ်၌ ပြုလုပ်သော ညီလာခံ၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပါတီဒုဥက္ကဋ္ဌ
သူရဦးရွှေမန်းက ပြောကြားသွားခဲ့သည်။

“ပြည်သူအများစုရဲ့ တူညီတဲ့ဆန္ဒကတော့ တိုင်းပြည်တွင်းတည်ငြိမ်းအေးချမ်း
မှုရရှိစေရန်နဲ့ လူမှု ဘ၀ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်ဖြစ်တဲ့အတွက် နိုင်ငံရဲ့ ဆင်းရဲနွမ်းပါ မှုရာခိုင်နှုန်းအား ၂၆ ရာခိုင်နှုန်း ကနေ ၂၀၁၅ ခုနှစ်မှာ ၁၆ ရာခိုင် နှုန်းအထိ လျော့ချနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ
ပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်းမှ ပြောကြားသွားခဲ့သည်။

ပါတီညီလာခံခေတ်္တနားချိန် ၌ Hot News ဂျာနယ်မှ ပါတီ ဒုဥက္ကဋ္ဌပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ယင်းသို့ ၂၀၁၅ ၌ နိုင်ငံ၏ဆင်းရဲမှု ၁၆ ရာခိုင်နှုန်း ထိ လျော့ချနိုင်ရေးအတွက်မည်သို့ စီစဉ်ဆောင်ရွက်သွား
မည်ဖြစ်ကြောင်း မေးမြန်းဖြစ်ခဲ့ရာ “အဓိက အနေနဲ့တိုင်းပြည်တွင်းဆင်း
ရဲနွမ်းမှုလျော့ချတဲ့အခါအစိုးရအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးဖို့လိုပါတယ်။ လက်ရှိ နိုင်ငံမှာ ဖြစ်နေတာက အလုပ်အကိုင်အခွင့်
အလမ်းတွေနည်းနေတာ ဒါကြောင့်အလုပ်လက်မဲ့ တွေများပြီး ဆင်းရဲမှု
ရာခိုင်နှုန်းက ၂၆ ရာခိုင်နှုန်းနေတာပေါ့။ ဒီတော့ ဒါကို ၂၀၁၅ မှာ ၁၆ ရာခိုင်နှုန်း ထိဘယ်လိုလျော့ချမလဲဆိုတော့ အလုပ်အကိုင်အခွင့်
အလမ်းတွေ ဖန်တီးပေးမယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေဖိတ်ခေါ်မယ်။ အဲဒီ ရင်းနှီးမြှုပ်နှံတွေဝင်လာတဲ့အခါ ဒီကအလုပ်အလက်မဲ့တွေ အလုပ် တွေ
ရမယ်။ ၀င်ငွေတွေတိုးလာ မယ်။ အသေးစားစက်ရုံ၊ အလုပ်ရုံတွေ၊ ပြည်ပ
အထည်ချုပ်စက်ရုံ တွေဝင်လာမယ်ဆိုရင် ဒီကလူတွေ အလုပ်အကိုင်တွေ
ရမယ်။ အဲသလိုနည်းနဲ့ လျော့ချသွားမှာပေါ့”ဟု ပြန်လည်ဖြေကြားသွား
ခဲ့သည်။

လက်ရှိမြန်မာနိုင်ငံ၌ အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးရခြင်းနှင့် အလုပ်သမားတို့ဘ၀ ဆင်းရဲတွင်းထဲတ၀ဲလည်လည်ဖြစ် နေရခြင်းမှာ လုပ်အားနှင့် လျော် ညီသောလုပ်အားခမရှိခြင်း လုပ်ငန်းကြီးများ၏ မတရားခေါင်းပုံ ဖြတ်နေခြင်း၊ မိမိတို့ကိုယ်ကျိုး အတွက်သာကြည့်၍ အလုပ်သမား ဘ၀အားမည်သို့မှ ထည့်ထွက်စဉ်းစားမှုမပြုခြင်း၊ ပေးအပ်
သည့် လုပ်အားခငွေမှာလည်းခေတ်နှင့် လျော်ညီမှုလုပ်အားနှင့် လျော်ညီ မှုမရှိခြင်းစသည်တို့ကြောင့်ဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများအနက် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းကြီးများ အထည်ချုပ်စက်ရုံများ ၀င်ရောက်လာပါက ယင်း အလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်
အလမ်းများရရှိမည် ဖြစ်ပြီး ယင်းသို့ဖြင့် တိုင်းပြည်၏ ဆင်းရဲမှုရာခိုင်နှုန်းအား ၁၀ ရာခိုင် နှုန်းထိ လျော့ချသွားနိုင်မည်ဖြစ်သည်။


မူရင်းသတင်း--- The Hot News
Post By : အေးချမ်းမွန်
ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ သမ္မတဦးသိန်းစိန် ဦးဆောင် သော အစိုးရသစ်တက်လာပြီးသည့် နောက်တိုင်းပြည်တွင်းဆင်းရဲနွမ်းတေ မ
ှုလျှော့ချရေးစီမံကိန်းအား ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး။ လာမည့် ၂၀၁၅ ခုနှစ်၌ လက်ရှိတိုင်းပြည်၏ ဆင်းရဲ နွမ်းပါးမှု ရာခိုင်နှုန်း ၂၆ ရာခိုင်နှုန်းအား ၁၆ ရာခိုင်နှုန်းထိလျော့ချနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်
ရှိကြောင်း အောက်တိုဘာ ၁၄ ရက်နေ့၌ နေပြည်တော်ပြည်ခိုင်ဖြိုးပါတီ
ဌာနချုပ်၌ ပြုလုပ်သော ညီလာခံ၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပါတီဒုဥက္ကဋ္ဌ
သူရဦးရွှေမန်းက ပြောကြားသွားခဲ့သည်။

“ပြည်သူအများစုရဲ့ တူညီတဲ့ဆန္ဒကတော့ တိုင်းပြည်တွင်းတည်ငြိမ်းအေးချမ်း
မှုရရှိစေရန်နဲ့ လူမှု ဘ၀ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်ဖြစ်တဲ့အတွက် နိုင်ငံရဲ့ ဆင်းရဲနွမ်းပါ မှုရာခိုင်နှုန်းအား ၂၆ ရာခိုင်နှုန်း ကနေ ၂၀၁၅ ခုနှစ်မှာ ၁၆ ရာခိုင် နှုန်းအထိ လျော့ချနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ
ပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်းမှ ပြောကြားသွားခဲ့သည်။

ပါတီညီလာခံခေတ်္တနားချိန် ၌ Hot News ဂျာနယ်မှ ပါတီ ဒုဥက္ကဋ္ဌပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ယင်းသို့ ၂၀၁၅ ၌ နိုင်ငံ၏ဆင်းရဲမှု ၁၆ ရာခိုင်နှုန်း ထိ လျော့ချနိုင်ရေးအတွက်မည်သို့ စီစဉ်ဆောင်ရွက်သွား
မည်ဖြစ်ကြောင်း မေးမြန်းဖြစ်ခဲ့ရာ “အဓိက အနေနဲ့တိုင်းပြည်တွင်းဆင်း
ရဲနွမ်းမှုလျော့ချတဲ့အခါအစိုးရအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးဖို့လိုပါတယ်။ လက်ရှိ နိုင်ငံမှာ ဖြစ်နေတာက အလုပ်အကိုင်အခွင့်
အလမ်းတွေနည်းနေတာ ဒါကြောင့်အလုပ်လက်မဲ့ တွေများပြီး ဆင်းရဲမှု
ရာခိုင်နှုန်းက ၂၆ ရာခိုင်နှုန်းနေတာပေါ့။ ဒီတော့ ဒါကို ၂၀၁၅ မှာ ၁၆ ရာခိုင်နှုန်း ထိဘယ်လိုလျော့ချမလဲဆိုတော့ အလုပ်အကိုင်အခွင့်
အလမ်းတွေ ဖန်တီးပေးမယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေဖိတ်ခေါ်မယ်။ အဲဒီ ရင်းနှီးမြှုပ်နှံတွေဝင်လာတဲ့အခါ ဒီကအလုပ်အလက်မဲ့တွေ အလုပ် တွေ
ရမယ်။ ၀င်ငွေတွေတိုးလာ မယ်။ အသေးစားစက်ရုံ၊ အလုပ်ရုံတွေ၊ ပြည်ပ
အထည်ချုပ်စက်ရုံ တွေဝင်လာမယ်ဆိုရင် ဒီကလူတွေ အလုပ်အကိုင်တွေ
ရမယ်။ အဲသလိုနည်းနဲ့ လျော့ချသွားမှာပေါ့”ဟု ပြန်လည်ဖြေကြားသွား
ခဲ့သည်။

လက်ရှိမြန်မာနိုင်ငံ၌ အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးရခြင်းနှင့် အလုပ်သမားတို့ဘ၀ ဆင်းရဲတွင်းထဲတ၀ဲလည်လည်ဖြစ် နေရခြင်းမှာ လုပ်အားနှင့် လျော် ညီသောလုပ်အားခမရှိခြင်း လုပ်ငန်းကြီးများ၏ မတရားခေါင်းပုံ ဖြတ်နေခြင်း၊ မိမိတို့ကိုယ်ကျိုး အတွက်သာကြည့်၍ အလုပ်သမား ဘ၀အားမည်သို့မှ ထည့်ထွက်စဉ်းစားမှုမပြုခြင်း၊ ပေးအပ်
သည့် လုပ်အားခငွေမှာလည်းခေတ်နှင့် လျော်ညီမှုလုပ်အားနှင့် လျော်ညီ မှုမရှိခြင်းစသည်တို့ကြောင့်ဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများအနက် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းကြီးများ အထည်ချုပ်စက်ရုံများ ၀င်ရောက်လာပါက ယင်း အလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်
အလမ်းများရရှိမည် ဖြစ်ပြီး ယင်းသို့ဖြင့် တိုင်းပြည်၏ ဆင်းရဲမှုရာခိုင်နှုန်းအား ၁၀ ရာခိုင် နှုန်းထိ လျော့ချသွားနိုင်မည်ဖြစ်သည်။


The Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis