menu

Monday 15 October 2012

ရွှေ၊ ပတ္တမြားတို့နှင့် တန်ဆာဆင်ထားသည့် မာစီဒီးကားတစ်စီး အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ဖြင့် ရောင်းချမည်

Photo: ရွှေ၊ ပတ္တမြားတို့နှင့် တန်ဆာဆင်ထားသည့် မာစီဒီးကားတစ်စီး အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ဖြင့် ရောင်းချမည်

ဆွစ်ဇာလန်နိုင်ငံမှ အူလီအန်လစ် ကာဆိုသူ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး သည် ရွှေ၊ ပတ္တမြားစသည့် ကျောက် မျက်ရတနာများနှင့် တန်ဆာဆင်ထား သည့် Mercedes
ကုမ္ပဏီထုတ် "Anliker McLaren SLR 999 Red Gold" အမည်ရှိ ကားတစ်စီးကို အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉ သန်းဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါ မာစီဒီးကား၏ အရောင်ကို ရွှေမှုန့် ၅ ကီလိုဂရမ်ပါဝင်သော အနီရောင်ဆေးမှုန့် များနှင့် ခြယ်သထားပြီး ကားဘီးဖုံးတစ်ခုစီကို ၂၄ ကာရက်ရှိ သောရွှေများဖြင့် ပြုလုပ်ထားကြောင်း သိရသည်။

ထို့ပြင် ကားအတွင်းပိုင်းရှိ ဒိုင်ခွက် များနှင့် စတီယာရင်များကိုလည်း ရွှေ၊ ကျောက်မျက်ရတနာများနှင့် တန်ဆာ ဆင်ထားပြီး ဂီယာလက်ကိုင်ကိုလည်း ပတ္တမြားလက်ကိုင်ဖြင့် ပြုလုပ်ထားကြောင်း ဗြိတိန်နိုင်ငံထုတ် နေ့စဉ် သတင်းစာ တစ်စောင်တွင် ဖော်ပြထားသည်။

ယင်းကား အတွင်းပိုင်းတွင် တန်ဆာဆင်ထားသည့် ပတ္တမြားအလုံးအရေ အတွက်မှာ ၆ဝဝ ကျော်ရှိကြောင်း သိရသည်။

အဆိုပါ မာစီဒီးကားကို မစ္စတာအန် လစ်ကာက ပြန်လည်မွမ်းမံပြီးနောက် "Anliker McLaren SLR 999 Red Gold Dream"ဟု အမည်ပေးထား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ayechanmon.15

မူရင်းသတင်း-- မြ၀တီသတင်း
Post By : အေးချမ်းမွန်

  မြ၀တီသတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis