menu

Sunday 14 October 2012

Keizai Koho Center(KKC) ရဲ့ နိုင်ငံတကာရေးရာဌာနမှ Senior Analyst တစ်ဦးဖြစ်တဲ့ မစ္စတာ မာတိုဟာရုအိုချိုင်းနှင့် တွေ့ဆုံခြင်း





'ချက်ချင်းဝင် ချက်ချင်းထွက် ဖရိုဖရဲဖြစ်တာမျိုးကို ဂျပန်တွေက မကြိုက်ပါဘူး'

thn-10-14-1
ဂျပန်နိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးကိစ္စရပ်များဆိုင်ရာအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ Keizai Koho Center(KKC) ရဲ့ နိုင်ငံတကာရေးရာဌာနက enior Analyst တစ်ဦးဖြစ်တဲ့ မစ္စတာမာတိုဟာရုအိုချိုင်းနဲ့ မြန်မာနိုင်ငံအပေါ် ဂျပန်နိုင်ငံရဲ့ စိတ်ဝင်စားမှုနဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးအရွေ့က ဘယ်ကိုဦးတည်မယ်ဆိုတဲ့အကြောင်း မေးမြန်းခဲ့သမျှကို ဖော်ပြပေးလိုက်ပါတယ် . . .
မေး - KKC က မြန်မာနိုင်ငံကိုဘာကြောင့် လာရောက်ခဲ့တယ်ဆိုတာကို အရင်ဆုံးပြောပြပေးပါ။
ဖြေ - အရင်တစ်ခေါက်တုန်းက မြန်မာနိုင်ငံကမီဒီယာသမားတွေကို ဂျပန်နိုင်ငံခေါ်ဖို့ ရောက်လာတာပါ။ အခုတစ်ခေါက်ကတော့ဂျပန်နိုင်ငံ ကစိတ်ဝင်စားတဲ့ ဒီမှာလည်း နာမည်ကြီးတဲ့သူတွေကို ဖိတ်ခေါ်ဖို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

မေး - မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာကြာအောင် တရုတ်နိုင်ငံကိုမှီခိုနေရာကနေ ဂျပန်နိုင်ငံအပေါ် ပြောင်းလဲမှီခိုလာတယ်လို့ နိုင်ငံခြားသတင်းအချို့မှာ သုံးသပ်နေကြတာရှိပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ - တရုတ်နိုင်ငံအပေါ်မှီခိုရတာဟာ မြန်မာနိုင်ငံအနေနဲ့ စွန့်စားမှုများတယ်လို့ထင်ပါတယ်။ဒီတော့ အခြားနိုင်ငံတွေနဲ့ လက်တွဲအလုပ်လုပ်တာ သဘာဝကျပါတယ်။ဂျပန်သာမက အခြားနိုင်ငံတွေနဲ့အတူ အလုပ်တွဲလုပ်ဖို့လည်း ထောက်ခံပါတယ်။ ဂျပန်တွေအနေနဲ့ကတော့ အခြားနိုင်ငံတွေအားလုံးနဲ့ မြန်မာတွဲလုပ်မယ်ဆိုရင် ၀မ်းသာပါတယ်။ လုပ်လည်း လုပ်သင့်ပါတယ်။
မေး - ဂျပန်တွေက မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံဖို့ တကယ်ပဲ စိတ်ဝင်စားနေတာလား။ ဘယ်လိုနေရာမျိုးတွေမှာ ရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားနေတာလဲ။
ဖြေ - ဂျပန်က မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံရုံတင်မကပါဘူး။ အခြားလုပ်ငန်းတွေမှာပါ စိတ်ဝင်စားပါတယ်။ ဂျပန်နိုင်ငံကကျဉ်းသလို လူဦးရေရော စီးပွားရေးပါအနည်းငယ်ကျ နေတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတင် မဟုတ်ဘဲ အခြားလုပ်ငန်းတွေလည်း လုပ်ရတော့မယ့် အခြေအနေပါ။ရင်းနှီးမြှုပ်နှံဖို့ကတော့ မြန်မာနိုင်ငံရဲ့ လိုအပ်နေတဲ့ အခြေခံအဆောက်အဦးတွေဖြစ်တဲ့ လမ်းတွေတံတားတွေဆောက်တဲ့ နေရာမှာလည်းလုပ်စရာတွေ အများကြီးရှိပါတယ်။ ကုမ္ပဏီတွေ၊ စက်ရုံတွေ၊သောက်သုံးရေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အများကြီးလုပ်လို့ရပါတယ်။ လျှပ်စစ်နဲ့ ဆိုင်တာတွေ၊ သဘာဝဓါတ်ငွေ့ ရေနံရှာဖို့တို့လို လုပ်ငန်းအကြီးတွေကစပြီး လုပ်ငန်းအသေးလေးတွေအထိ အမျိုးမျိုးလုပ်လို့ရတာရှိပါတယ်။
မေး - လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေ တည်ငြိမ်မှုရှိတယ်လို့ ထင်ပါသလား။ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေလာဖို့ စိတ်ချရတဲ့အနေအထားဖြစ်ပြီလား။
ဖြေ - မြန်မာနိုင်ငံစီးပွားရေးက တည်ငြိမ်မှုမရှိဘူးလို့လည်း ပြောလို့မရပါဘူး။ တည်ငြိမ်အောင်လုပ်ရမယ့် အဆင့်တွေ အများကြီးရှိပါတယ်။ ဒါကို အစိုးရကလည်းသိနေပါပြီ။  သူတို့တွေ တစ်ဆင့်ချင်းလုပ်သွားပြီးရင် တည်ငြိမ်သွားမှာဖြစ်တဲ့အတွက် တည်ငြိမ်မှုမရှိဘူးလို့ ပြောလို့မရပါဘူး။ ဂျပန်နိုင်ငံမှာကတော့ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ဥပဒေတွေ သတ်မှတ်ချက်တွေအများကြီး ရှိပါတယ်။ အဲဒါတွေရဲ့ အခြေခံတွေကို အရင်သေချာမှုရှိအောင်လုပ်နိုင်ရင် တည်ငြိမ်မှုဆိုတာရှိလာမှာပါ။
မေး - ဂျပန်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဘယ်အရာတွေက အဟန့်အတားဖြစ်နေလဲ။
ဖြေ - ပထမတော့ ငွေလဲလှယ်နှုန်း (Exchange Rate)ပေါ့။ အရင်ကဆို ဘယ်ဟာတွေကဘယ်လိုမှန်းကို မသိပါဘူး။ အဲဒါငြိမ်အောင်လုပ်ဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ အခြေခံအဆောက်အဦးပေါ့။ တစ်ခု အားတက်စရာကောင်းတာက မြန်မာတွေက ဂျပန်တွေလိုပဲ ရိုးသားမှုကိုအခြေခံတယ်။ သူတို့နဲ့တွဲပြီး အလုပ်လုပ်ရတာကောင်းတယ်။
မေး - မြန်မာကတရုတ်နဲ့ဂျပန်တို့ရဲ့ မဟာဗျူဟာမြောက် စီးပွားရေးပြိုင်ဆိုင်တဲ့နေရာ ဖြစ်လာနိုင်လား။
ဖြေ - မြန်မာနိုင်ငံကို တရုတ်နိုင်ငံကလည်းဝင်ပြီး လုပ်ငန်းအမျိုးမျိုးလုပ်တာရှိမယ်၊ ဂျပန်ကလည်းလုပ်တာရှိမယ်။ တကယ်ရွေးချယ်ရမယ့်သူက မြန်မာပါပဲ။ တရုတ်နိုင်ငံက လုပ်တာကိုင်တာမြန်တယ်၊ မြန်မြန်ဝင် အမြတ်မြန်မြန်ယူပြီး ပြန်ထွက်သွားတာရှိမယ်။ ဂျပန်ကတော့ ၀င်တာနှေးမယ်။ လုပ်ပြီဆိုရင် နှစ်ဘက်အကျိုးရှိမယ့် ရေရှည်ကိုကြည့်တယ်။ မြန်မာနိုင်ငံက ဘယ်လိုပုံစံမျိုးနဲ့တိုးတက် ချင်လဲဆိုတာပေါ် မူတည်ပါတယ်။ မြန်မာက ကြိုက်တာကိုရွေးပိုင်ခွင့်ရှိပြီး ရွေးချယ်ခံရသူကတော့ အနိုင်ရတဲ့ သဘောမျိုးဖြစ်သွားပါမယ်။ ကျွန်တော့်အနေနဲ့ကတော့မျှမျှတတ ဖြစ်ဖို့တော့လိုမယ်ထင်ပါတယ်။
မေး - အခုနောက်ပိုင်း မြန်မာနိုင်ငံကိုလာတဲ့ ခရီးသွားတွေ၊ စီးပွားရေးသမားတွေထဲမှာ ဂျပန်လူမျိုးက အများဆုံးဖြစ်နေပါတယ်။ ဒီလို အများဆုံး လာရောက်နေပေမယ့် လက်တွေ့ လုပ်ဆောင်မှုအပိုင်းမှာ အနည်းငယ်နှေးနေတာက ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ - နှေးတာက ဂျပန်နိုင်ငံနဲ့ဆိုင်ပါတယ်။ အကြောင်းကတော့ ဂျပန်ကုမ္ပဏီတွေက တစ်ခုခုလုပ်တော့မယ်ဆိုရင် အလွန်လေးလေးနက်နက်စဉ်းစားကြပါတယ်။ အလုပ်မလုပ်မီမှာ ဒီနိုင်ငံရဲ့စည်းမျဉ်းတွေ အခြေခံအဆောက်အဦးတွေကို လုပ်လို့ရပြီလားဆိုတာ သေချာအသေးစိတ်ကြည့်ပါတယ်။ ရေရှည်ကိုကြည့်ပါတယ်။အဲဒီအတွက်ကြာနေရတာပါ။ ဂျပန်တွေကိုယ်၌ကလည်း နောက်ကျတယ်လို့ မြင်မိပါတယ်။ဒါပေမယ့် မြန်မြန်လောလောလုပ်ပြီး ရေရှည်ဖြစ်မလာတာကို မမြင် ချင်ပါဘူး။ ကျွန်တော်တို့လည်း အမြန်ကတော့လုပ်ချင်ပါတယ်။ ဒါပေမယ့်ချက်ချင်းဝင်ချက်ချင်းထွက် ဖရိုဖရဲဖြစ်တာမျိုးကို ဂျပန်တွေက မကြိုက်ပါဘူး။
မေး - မြန်မာနိုင်ငံရေးဆွဲနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေက ဘယ်လောက်လုပ်သာကိုင် သာရှိမယ်လို့ ထင်ပါသလဲ။
ဖြေ - နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေက မထွက်သေးလို့ မလေ့လာရသေးပါဘူး။ ၀င်လာမယ့်လုပ်ငန်းတွေအနေနဲ့က ကုမ္ပဏီတွေဝန်ဆောင်မှုလုပ်ငန်းတွေ အများကြီးရှိတာမှာ ထွက်လာမယ့်ဥပဒေနဲ့က ဘယ်လုပ် ငန်းကလုပ်လို့ကောင်းမယ်၊ဘယ်လုပ်ငန်းက မကောင်းဘူးဆိုတာကို လေ့လာပြီးမှပြောနိုင်ပါမယ်။
မေး - အခြားဘာများဖြည့်စွက်ပြောချင်တာ ရှိပါသေးလဲ။
ဖြေ - ဒုတိယကမ္ဘာစစ်အတွင်းကတည်းက ဂျပန်တွေအပေါ်မှာ မြန်မာတွေ ပြုခဲ့တဲ့ကျေးဇူးကို တောက်လျှောက် ရင်ထဲထည့်ထားပါတယ်။အခုမြန်မာက တံခါးဖွင့်လိုက်ပြီဆိုတာနဲ့ ODA  (Official Development Assistant) တွေထုတ်ပေးတယ်။ လုပ်လို့ရတာလေးတွေ ရှိလာပါတယ်။ မြန်မာနိုင်ငံဒီမိုကရေစီကို ကူးပြောင်းရာမှာ လိုလားတဲ့သူတွေရှိသလို မလိုလားတဲ့သူတွေ ရှိနိုင်ပါတယ်။ ဂျပန်နိုင်ငံ ပြောင်းလဲတုန်းကလည်း ဒီလိုပဲ ကြုံရပါတယ်။ဂျပန်ကလုပ်ငန်းတွေ ၀င်လာရင် အလုပ်အကိုင်တွေအများကြီးရလာနိုင်ပါတယ်။
 EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis