menu

Sunday 14 October 2012

ဒီမိုကရေစီကိုအကြောင်းပြ၍ ဗရမ်းဗတာမလုပ်ရန်သူရဦးရွှေမန်းပြော

Photo: ဒီမိုကရေစီကိုအကြောင်းပြ၍ ဗရမ်းဗတာမလုပ်ရန်သူရဦးရွှေမန်းပြော


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ်  သင်းလုံးကျွတ်ပါတီညီလာခံအား  ၂၀၁၂ခုနှစ် အောက်တိုဘာလ  (၁၄)ရက်နေ့မှ (၁၇)ရက်နေ့အထိ  (၄)ရက်တိုင်တိုင် နေပြည်တော်   ဒက်္ခိဏသီရိမြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးချုပ်    တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိ ရသည်။
အဆိုပါညီလာခံပါတီဒုတိယ ဥက္ကဋ္ဌ သူရဦးရွှေမန်းမှအဖွင့် အမှာစကားပြောကြားရာတွင် ““ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေ  စီစနစ်ကို အများကကြိုက်ကြသလို   အများကပဲ ပိုင်တာဖြစ်ပါတယ်။  အများနဲ့သက်ဆိုင်နေ၍ပင် ဒီမို ကရေစီစနစ်ကိုစည်းစနစ်ကျစွာ ကျင့်ကြံဆောင်ရွက်ရန်လည်းလို ပါတယ်။သို့မဟုတ်ပါက ဒီမိုကရေ  စီကို အကြောင်းပြပြီး၊ဗရမ်းဗတာ   လုပ်ဆောင်မှုများ၊ဒီမိုကရေစီအနိုင်  ကျင့်မှုများ၊ဗိုလ်ကျစိုးမိုးချင်းများ   မင်းမဲ့စရိုက်ဆန်ခြင်းများဖြစ်ပေါ်   တတ်ကြပါတယ်။ဒါကြောင့် သတိ  မူပြီးအများကြိုက်သော ဒီမိုကရေ စီစနစ်ကိုအများအတွက်ကောင်း အောင်၊အများအတွက်အကျိုးရှိ အောင် စနစ်တကျနှင့်မဆုတ် မနင့်လုပ်ဆောင်နေကျတဲ့နေရာမှာ   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီနှင့်ပါတီဝင်လူထုတစ်ရပ် အနေဖြင့် အားတက်သရောစိတ် ပါလက်ပါကိုယ်စီကိုယ်ငှကျရာ  အခန်းကဏ္ဍမှပါဝင်နေကြဖို့လိုပါ တယ်””ဟုပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ   လူ့ဘောင်လောကတွင် ပွင့်လင်း မြင်သာမှု၊တာဝန်ခံမှု၊တာဝန်ယူမှု များနှင့်အတူ ရိုးသားမှု၊အချင်းချင်း   လေးစားတန်ဖိုးထားမှု မျှမျှတတ  ပြောဆိုဆက်ဆံမှု၊ဆောင်ရွက်မှု ရှိရန်လိုကြောင်း၊ပါတီညီလာခံ အတွင်းတွင် ပြောဆို၊ပြုမူ၊ဆွေး နွေး၊ဆုံးဖြတ်ဆောင်ရွက်သည့်အခါ တွင် ဒီမိုကရေစီကျင့်စဉ်များနှင့် ညီညွတ်ရန် အဆိုပါညီလာခံက ထွက်ပေါ်လာမည့် အဖြေ၊ရလာဒ်   နှင့်ဆုံးဖြတ်ချက်များသည် ပြည်သူ့  အကျိုးစီးပွား၊နိုင်ငံအကျိုးစီးပွား   ပြည်ထောင်စုအကျိုးစီးပွားအတွက်  စေတနာထားကြိုးစားလုပ်ဆောင်   ဆောင်ရွက်သွားရန်လည်း  ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား ပါတီ၏ဒုတိယဥက္ကဌ   ဖြစ်သူ သူရဦးရွှေမန်းမှပြောကြား ခဲ့သည်။
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေ ခံဥပဒေတွင် နိုင်ငံတော်သမ္မတ  များနှင့်အစိုးရအဖွဲ့ဝင်လူကြီးများ  သည် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ကြောင်းကြားသိရပြီး အချို့သော အစိုးရလူကြီးများသည်   အစိုးရ၀န်ထမ်းတစ်ဖက်၊ပါတီဝင် တစ်ဖက်ဖြင့် တာဝန်ထမ်းဆောင်ရန်  မသင့်ကြောင်းသိရသည်။ayechanmon.fil14

ဖြိုးအောင်

မူရင်းသတင်း-- The Hot news
Post By : အေးချမ်းမွန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် သင်းလုံးကျွတ်ပါတီညီလာခံအား ၂၀၁၂ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့မှ (၁၇)ရက်နေ့အထိ (၄)ရက်တိုင်တိုင် နေပြည်တော် ဒက်္ခိဏသီရိမြ
ို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးချုပ် တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိ ရသည်။
အဆိုပါညီလာခံပါတီဒုတိယ ဥက္ကဋ္ဌ သူရဦးရွှေမန်းမှအဖွင့် အမှာစကားပြောကြားရာတွင် ““ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေ စီစနစ်ကို အများကကြိုက်ကြသလို အများကပဲ ပိုင်တာဖြစ်ပါတယ်။ အများနဲ့သက်ဆိုင်နေ၍ပင် ဒီမို ကရေစီစနစ်ကိုစည်းစနစ်ကျစွာ ကျင့်ကြံဆောင်ရွက်ရန်လည်းလို ပါတယ်။သို့မဟုတ်ပါက ဒီမိုကရေ စီကို အကြောင်းပြပြီး၊ဗရမ်းဗတာ လုပ်ဆောင်မှုများ၊ဒီမိုကရေစီအနိုင် ကျင့်မှုများ၊ဗိုလ်ကျစိုးမိုးချင်းများ မင်းမဲ့စရိုက်ဆန်ခြင်းများဖြစ်ပေါ် တတ်ကြပါတယ်။ဒါကြောင့် သတိ မူပြီးအများကြိုက်သော ဒီမိုကရေ စီစနစ်ကိုအများအတွက်ကောင်း အောင်၊အများအတွက်အကျိုးရှိ အောင် စနစ်တကျနှင့်မဆုတ် မနင့်လုပ်ဆောင်နေကျတဲ့နေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီနှင့်ပါတီဝင်လူထုတစ်ရပ် အနေဖြင့် အားတက်သရောစိတ် ပါလက်ပါကိုယ်စီကိုယ်ငှကျရာ အခန်းကဏ္ဍမှပါဝင်နေကြဖို့လိုပါ တယ်””ဟုပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လူ့ဘောင်လောကတွင် ပွင့်လင်း မြင်သာမှု၊တာဝန်ခံမှု၊တာဝန်ယူမှု များနှင့်အတူ ရိုးသားမှု၊အချင်းချင်း လေးစားတန်ဖိုးထားမှု မျှမျှတတ ပြောဆိုဆက်ဆံမှု၊ဆောင်ရွက်မှု ရှိရန်လိုကြောင်း၊ပါတီညီလာခံ အတွင်းတွင် ပြောဆို၊ပြုမူ၊ဆွေး နွေး၊ဆုံးဖြတ်ဆောင်ရွက်သည့်အခါ တွင် ဒီမိုကရေစီကျင့်စဉ်များနှင့် ညီညွတ်ရန် အဆိုပါညီလာခံက ထွက်ပေါ်လာမည့် အဖြေ၊ရလာဒ် နှင့်ဆုံးဖြတ်ချက်များသည် ပြည်သူ့ အကျိုးစီးပွား၊နိုင်ငံအကျိုးစီးပွား ပြည်ထောင်စုအကျိုးစီးပွားအတွက် စေတနာထားကြိုးစားလုပ်ဆောင် ဆောင်ရွက်သွားရန်လည်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား ပါတီ၏ဒုတိယဥက္ကဌ ဖြစ်သူ သူရဦးရွှေမန်းမှပြောကြား ခဲ့သည်။
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေ ခံဥပဒေတွင် နိုင်ငံတော်သမ္မတ များနှင့်အစိုးရအဖွဲ့ဝင်လူကြီးများ သည် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ကြောင်းကြားသိရပြီး အချို့သော အစိုးရလူကြီးများသည် အစိုးရ၀န်ထမ်းတစ်ဖက်၊ပါတီဝင် တစ်ဖက်ဖြင့် တာဝန်ထမ်းဆောင်ရန် မသင့်ကြောင်းသိရသည်။
ဖြိုးအောင်
The Hot news


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis