menu

Sunday 14 October 2012

၅၈ လက်မ အရွယ် iPhone

Photo: ၅၈ လက်မ အရွယ် iPhone

iPhone 5 ထွက်ရှိပြီးနောက် အနည်းငယ် ရှည်ထွက်လာတဲ့ သူ့ရဲ့  ဒီဇိုင်းကို ဂုဏ်ယူသူများ ရှိသလို လောင်ပြောင်သူများလည်း ရှိပါတယ်။ ၅၈ လက်မ အရွယ် iPhone ဆိုရင်ရော စာဖတ်သူတို့ ဘယ်လို ယူဆပါသလဲ။

၅၈ လက်မအရွယ် iPhone ကို တကယ်ပြုလုပ်ခဲ့ကြပါတယ်။ အမေရိကန်အခြေဆိုက် LOA Studio မှ၂၀၁၀ခုနှစ် နိုဝင်ဘာလ က ပြုလုပ်ခဲ့တာ ဖြစ်ပြီး iPhone ပုံသဏ္ဍန် မျက်နှာပြင်နဲ့ မြင်တွေ့ ရပါတယ်။ အမှန်တော့ ယင်း မျက်နှာပြင် စားပွဲခုံဟာ LCD မျက်နှာပြင်မျှသာ ဖြစ်ပြီး iPhone အချိုးအစားအတိုင်း ပြုလုပ်ထား တာ ဖြစ်ပါတယ်။ Retina display တောင် မဟုတ်ပါဘူး။ iPhone Connector အပေါက်ကနေ ဖန်သား မျက်နှာပြင် စားပွဲခုံကို ချိတ်ဆက်လိုက်ပြီး Multitouch ထိတွေ့အသုံးပြုခြင်းကို စားပွဲခုံ အရွယ် မျက်နှာပြင်ကနေ ပြုလုပ်လို့ ရပါတယ်။

ရည်ရွယ်ချက်က အရွယ်အစား အကြီးဆုံး iPhone ဖန်သားပြင် မျက်နှာပြင် အဖြစ် စံချိန်တင်ရန် သက်သက်သာ ဖြစ်ပါတယ်။ စားပွဲခုံပေါ်မှာ ပေါ်နေတဲ့ icon များကို ထိတွေ့ခိုင်းစေလို့ရပြီး Application များလည်း အသုံးပြုလို့ ရပါတယ်။ Table Connect လို့အမည်ပေးထားတဲ့ ယင်းစားပွဲခုံ မျက်နှာပြင်ကို Concept အနေနဲ့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ထုတ်လုပ်မယ် ဆိုရင်တောင် တော်တော်ကုန်ကျစရိတ် ကြီးမယ့် ပစ္စည်း ဖြစ်ပါတယ်။

အောက်ပါ ဗီဒီယိုလခ့်မှာ Table Connect အား အသုံးပြုနေမှုကို ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
-----
http://youtu.be/TCbSwOgNzZg

Table Connect ကို Production အဆင့်ရောက်လာအောင် ကြိုးပမ်းနေတဲ့ IOA Studio ရဲ့  ဝဘ်ဆိုဒ်ကိုလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

http://iphonetable.blogspot.com/

https://www.facebook.com/tableconnect

Aung Kham (TSJ team)
မူရင်းသတင်း-- TechSpace Journal
Post By : အေးချမ်းမွန်
http://www.facebook.com/photo.php?fbid=355240324567602&set=a.244639595627676.56112.244608038964165&type=1&theater
iPhone 5 ထွက်ရှိပြီးနောက် အနည်းငယ် ရှည်ထွက်လာတဲ့ သူ့ရဲ့  ဒီဇိုင်းကို ဂုဏ်ယူသူများ ရှိသလို လောင်ပြောင်သူများလည်း ရှိပါတယ်။ ၅၈ လက်မ အရွယ် iPhone ဆိုရင်ရော စာဖတ်သူတို့ ဘယ်လို ယူဆပါသလဲ။

၅၈ လက်မအရွယ် iPhone ကို တကယ်ပြုလုပ်
ခဲ့ကြပါတယ်။ အမေရိကန်အခြေဆိုက် LOA Studio မှ၂၀၁၀ခုနှစ် နိုဝင်ဘာလ က ပြုလုပ်ခဲ့တာ ဖြစ်ပြီး iPhone ပုံသဏ္ဍန် မျက်နှာပြင်နဲ့ မြင်တွေ့ ရပါတယ်။ အမှန်တော့ ယင်း မျက်နှာပြင် စားပွဲခုံဟာ LCD မျက်နှာပြင်မျှသာ ဖြစ်ပြီး iPhone အချိုးအစားအတိုင်း ပြုလုပ်ထား တာ ဖြစ်ပါတယ်။ Retina display တောင် မဟုတ်ပါဘူး။ iPhone Connector အပေါက်ကနေ ဖန်သား မျက်နှာပြင် စားပွဲခုံကို ချိတ်ဆက်လိုက်ပြီး Multitouch ထိတွေ့အသုံးပြုခြင်းကို စားပွဲခုံ အရွယ် မျက်နှာပြင်ကနေ ပြုလုပ်လို့ ရပါတယ်။

ရည်ရွယ်ချက်က အရွယ်အစား အကြီးဆုံး iPhone ဖန်သားပြင် မျက်နှာပြင် အဖြစ် စံချိန်တင်ရန် သက်သက်သာ ဖြစ်ပါတယ်။ စားပွဲခုံပေါ်မှာ ပေါ်နေတဲ့ icon များကို ထိတွေ့ခိုင်းစေလို့ရပြီး Application များလည်း အသုံးပြုလို့ ရပါတယ်။ Table Connect လို့အမည်ပေးထားတဲ့ ယင်းစားပွဲခုံ မျက်နှာပြင်ကို Concept အနေနဲ့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ထုတ်လုပ်မယ် ဆိုရင်တောင် တော်တော်ကုန်ကျစရိတ် ကြီးမယ့် ပစ္စည်း ဖြစ်ပါတယ်။

အောက်ပါ ဗီဒီယိုလခ့်မှာ Table Connect အား အသုံးပြုနေမှုကို ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
-----
http://youtu.be/TCbSwOgNzZg

Table Connect ကို Production အဆင့်ရောက်လာအောင် ကြိုးပမ်းနေတဲ့ IOA Studio ရဲ့  ဝဘ်ဆိုဒ်ကိုလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

http://iphonetable.blogspot.com/

https://www.facebook.com/tableconnect

Aung Kham (TSJ team)
TechSpace Journal
http://www.facebook.com/photo.php?fbid=355240324567602&set=a.244639595627676.56112.244608038964165&type=1&theater

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis