menu

Sunday 14 October 2012

၁၆ပေအမြင့်ရှိ ဇီဒန်းခေါင်းဖြင့်ဆောင့်သည့်ပုံအား ပါရီမြို့ပြတိုက် အပြင်ဘက်တွင် စိုက်ထူ

Photo: ၁၆ပေအမြင့်ရှိ ဇီဒန်းခေါင်းဖြင့်ဆောင့်သည့်ပုံအား ပါရီမြို့ပြတိုက် အပြင်ဘက်တွင် စိုက်ထူ


၂၀၀၆ ခုနှစ်၊ ကမ္ဘာ့ဖလား ဘောလုံးဗိုလ်လုပွဲတွင် နာမည် ကျော်ပြင်သစ် ဘောလုံးသမား ဇီနီဒိန်းဇီဒန်းသည် ပြိုင်ဘက် အီတလီဘောလုံးသင်းမှ ဘောလုံးသမား မာကိုမာတာရာဇီအား ခေါင်းဖြင့် ရင်ဘတ်ကိုဆောင့်ခဲ့ သည့် ပုံကို အယ်လ်ဂျီးရီးယား အနုပညာရှင် အဒယ်အပ်ဒက် ဆေမက်က အမြင့် ၅ မီတာ (၁၆.၄)ပေရှိ ကြေးသွန်းရုပ်တု လုပ်၍ ကမ္ဘာ့အထင်ကရ ပြတိုက် များအနက် တစ်ခုဖြစ်သည့် ပါရီ ပြတိုက်၏ အပြင်ဘက်တွင် စိုက် ထူထားရှိလိုက်သည်။ အလားတူ သေးငယ်သော ရုပ်တုတစ်ခုကို ယခင်ကတည်းက နယူးယောက် ပြတိုက်တွင် ထားရှိခဲ့ပြီး ယခု ရုပ်တုမှာ ထုထည်ကြီးမား၍ အားလုံးတွေ့မြင်နိုင်ရန် ပြင်ပတွင် ထားရှိခြင်းဖြစ်သည်။
ထိုပြိုင်ပွဲတွင် ဇီဒန်းအား ပြိုင်ပွဲမှထုတ်ပယ်ခံခဲ့ရပြီးနောက် ပြင်သစ်ဘောလုံးသင်းသည် အီတလီဘောလုံး သင်းအားရှုံးနိမ့် ခဲ့ရသည်။ ခေတ်မီအနုပညာ ပြတိုက်တစ်ခုက ထိုသို့သော ရုပ်တုကို အဘယ်ကဲ့သို့သော ရည်ရွယ်ချက်ဖြင့် ပြသထားခဲ့ရပါ သနည်း။
ထိုရုပ်တုမှာ အောင်ပွဲများ အတွက် ဂုဏ်ပြုအထိမ်းအမှတ် အဖြစ် အစဉ်အလာအရ ထားရှိ ခြင်းမျိုးနှင့် ဆန့်ကျင်ပြီး ရှုံးနိမ့် ရခြင်း၏ သင်္ကေတအဖြစ် ထားရှိ ခြင်းဖြစ်ကြောင်း ပြတိုက်၏ စည်းရုံးလှုပ်ရှားရေးမှူး အလိန်မီ ချောက်ကပြောကြားလိုက်သည်။Source:Dirty Tackle

 
ဥက္ကာအောင်
မူရင်းသတင်း-- The Hot News
Post By : အေးချမ်းမွန်
၂၀၀၆ ခုနှစ်၊ ကမ္ဘာ့ဖလား ဘောလုံးဗိုလ်လုပွဲတွင် နာမည် ကျော်ပြင်သစ် ဘောလုံးသမား ဇီနီဒိန်းဇီဒန်းသည် ပြိုင်ဘက် အီတလီဘောလုံးသင်းမှ ဘောလုံးသမား မာကိုမာတာရာဇီအား
ခေါင်းဖြင့် ရင်ဘတ်ကိုဆောင့်ခဲ့ သည့် ပုံကို အယ်လ်ဂျီးရီးယား အနုပညာရှင် အဒယ်အပ်ဒက် ဆေမက်က အမြင့် ၅ မီတာ (၁၆.၄)ပေရှိ ကြေးသွန်းရုပ်တု လုပ်၍ ကမ္ဘာ့အထင်ကရ ပြတိုက် များအနက် တစ်ခုဖြစ်သည့် ပါရီ ပြတိုက်၏ အပြင်ဘက်တွင် စိုက် ထူထားရှိလိုက်သည်။ အလားတူ သေးငယ်သော ရုပ်တုတစ်ခုကို ယခင်ကတည်းက နယူးယောက် ပြတိုက်တွင် ထားရှိခဲ့ပြီး ယခု ရုပ်တုမှာ ထုထည်ကြီးမား၍ အားလုံးတွေ့မြင်နိုင်ရန် ပြင်ပတွင် ထားရှိခြင်းဖြစ်သည်။
ထိုပြိုင်ပွဲတွင် ဇီဒန်းအား ပြိုင်ပွဲမှထုတ်ပယ်ခံခဲ့ရပြီးနောက် ပြင်သစ်ဘောလုံးသင်းသည် အီတလီဘောလုံး သင်းအားရှုံးနိမ့် ခဲ့ရသည်။ ခေတ်မီအနုပညာ ပြတိုက်တစ်ခုက ထိုသို့သော ရုပ်တုကို အဘယ်ကဲ့သို့သော ရည်ရွယ်ချက်ဖြင့် ပြသထားခဲ့ရပါ သနည်း။
ထိုရုပ်တုမှာ အောင်ပွဲများ အတွက် ဂုဏ်ပြုအထိမ်းအမှတ် အဖြစ် အစဉ်အလာအရ ထားရှိ ခြင်းမျိုးနှင့် ဆန့်ကျင်ပြီး ရှုံးနိမ့် ရခြင်း၏ သင်္ကေတအဖြစ် ထားရှိ ခြင်းဖြစ်ကြောင်း ပြတိုက်၏ စည်းရုံးလှုပ်ရှားရေးမှူး အလိန်မီ ချောက်ကပြောကြားလိုက်သည်။Source:Dirty Tackle

ဥက္ကာအောင်
The Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis