menu

Sunday 14 October 2012

နမ့်စန် မြို့နယ် လွယ်မားတဲစု ဦးခွန်တလူ အသက်ခံရမှုနှင့် ပါက်သက် ၍ ဇနီးမှ ရဲစခန်း သို့ တိုင်ကြားရာ အက်စ်အက်စ်အေ (ရွက်ဆစ်)အဖွဲ့မှ လူသတ်၍ အလောင်း မြုပ်နှံသွားကြောင်း သတင်းရရှိ(သွေးလန့်သူများ မကြည့်ပါရန်)

Photo: နမ့်စန် မြို့နယ် လွယ်မားတဲစု ဦးခွန်တလူ အသက်ခံရမှုနှင့် ပါက်သက် ၍ ဇနီးမှ ရဲစခန်း သို့ တိုင်ကြားရာ အက်စ်အက်စ်အေ (ရွက်ဆစ်)အဖွဲ့မှ လူသတ်၍ အလောင်း မြုပ်နှံသွားကြောင်း သတင်းရရှိ 

နမ့်စန် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် ဇော်မင်း ဦးစီးအဖွဲ့နှင့် မိုင်းစိတ်ကျေးရွာမှ ကျေးလက် ကျန်းမာရေးမှူး ဦးမြင့်သန်း ဦးစီးအဖွဲ့ ၂ ဖွဲ့သည် အက်စ်အက်စ်အေ(ရွက်ဆစ်)အဖွဲ့မှ လူသတ်၍ အလောင်းမြုပ်နှံသွားကြောင်း သတင်းရရှိသည့်အတွက် မိုင်းစိတ်ကျေးရွာမှ ထွက်ခွာလာခဲ့ပြီး လွယ်မားတဲစု ရွာလူကြီးများဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။ အခင်း ဖြစ်ပွားသည့် နေရာတွင် အလောင်းအား တူးဖော် စစ်ဆေး ကြည့်ရာ အလောင်းအား အညိုရောင်စောင် ၁ ထည်ဖြင့် ဖုံးအုပ်ထားပြီး အရှေ့မြောက်ဘက်သို့ ဦးခေါင်းပြု၊ ဘယ်ဘက် တစောင်းလဲ၊ ညာလက် နောက်ပစ်၊ ဒူးကွေးလျက် အနေအထားဖြင့် မြုပ်နှံထား ကြောင်း တွေ့ရှိရသည်။ အလောင်းမှဒဏ်ရာများကို ဆက်လက်စစ်ဆေး ကြည့်ရှုရာ နောက်စေ့ ဦးခေါင်း အရိုးကြေ မွဒဏ်ရာ၊ ဘယ်ဘက်မေးရိုး ကျိုးကြေ၍ မျက်နှာညိုမဲဖူးရောင်ဒဏ်ရာ၊ လက်ကောက်ဝတ်ကြော ဘယ်/ညာ အကြောပြတ်ရှ၍ ဓားဒဏ်ရာ အလျား ၁ လက်မခွဲခန့်၊ အနက် ...၀.၅ လက်မခန့်၊ ခြေဖ နောင့်ကြော ဘယ်/ညာ အကြောပြတ်ရှ၍ ဓားဒဏ်ရာ အလျား ၂ လက်မခွဲခန့်၊ အနက် ၀.၅ လက်မခန့် ဒဏ်ရာများဖြင့် အသတ်ခံထားရကြောင်း တွေ့ရှိရသည်။ အလောင်းအား စစ်ဆေးပြီးနောက် ပြန်လည်မြုပ်နှံပေးခဲ့ပြီး လွယ်မားတဲစုသို့ ပြန်လည် ထွက်ခွါ လာခဲ့ပြီး ရဲအုပ်ဇော်မင်း ဦးစီးအဖွဲ့သည် သက်သေ ၁၁ ဦးအား ခေါ်ယူစစ်ဆေးရာတွင် အသတ်ခံ ရသူမှာ လွယ်မားတဲစု ရွာမှ ဦးခွန်တလူ ဖြစ်ပြီး လက်နက်ကိုင် ပြောက်ကျားဝတ် ၂ ဦးမှ လာရောက် ခေါ်ဆောင် သွားကြောင်း သိရသည်။ အက်စ်အက်စ်အေ (ရွက်ဆစ်) အဖွဲ့မှ အင်အား ၆ ဦးအဖွဲ့သည် စက်တင်ဘာ ပထမအပတ်မှ စတင်၍ လွယ်မားတဲစုတစ်ဝိုက်သို့ ၀င်/ထွက်သွားလာ နေပြီး အလောင်းမှ တွေ့ရှိရသည့် ဒဏ်ရာများသည် အသက်သေစေနိုင်သော ဒဏ်ရာများ ဖြစ်ပြီး သောင်းကျန်းသူများ ပြုလုပ်လေ့ရှိခြင်း၊ အလောင်းတွေ့ရှိသည့်နေရာ၏ အနောက်ဘက် မီတာ ၂၀၀ ခန့်တွင် အက်စ်အက်စ်အေ(ရွက်ဆစ်)အဖွဲ့ ယာယီ နေထိုင် လေ့ရှိသော ၂ ယောက်အိပ်တဲ ၃ လုံးတွေ့ရှိရကြောင်း သိရှိရသည်။ ၄င်းလုပ်ရပ်သည် အက်စ်အက်စ်အေ(ရွက်ဆစ်)အဖွဲ့မှ လူသတ်၍ အလောင်းမြုပ်နှံသွားကြောင်း သိရှိရသည်။ayechanmon.fil001

သွေးလန့်သူများ မကြည့်ပါရန်- ဓါတ်ပုံများအား

မူရင်းသတင်း-- မြ၀တီ
Post By : အေးချမ်းမွန်
နမ့်စန် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် ဇော်မင်း ဦးစီးအဖွဲ့နှင့် မိုင်းစ
ိတ်ကျေးရွာမှ ကျေးလက် ကျန်းမာရေးမှူး ဦးမြင့်သန်း ဦးစီးအဖွဲ့ ၂ ဖွဲ့သည် အက်စ်အက်စ်အေ(ရွက်ဆစ်)အဖွဲ့မှ လူသတ်၍ အလောင်းမြုပ်နှံသွားကြောင်း သတင်းရရှိသည့်အတွက် မိုင်းစိတ်ကျေးရွာမှ ထွက်ခွာလာခဲ့ပြီး လွယ်မားတဲစု ရွာလူကြီးများဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။ အခင်း ဖြစ်ပွားသည့် နေရာတွင် အလောင်းအား တူးဖော် စစ်ဆေး ကြည့်ရာ အလောင်းအား အညိုရောင်စောင် ၁ ထည်ဖြင့် ဖုံးအုပ်ထားပြီး အရှေ့မြောက်ဘက်သို့ ဦးခေါင်းပြု၊ ဘယ်ဘက် တစောင်းလဲ၊ ညာလက် နောက်ပစ်၊ ဒူးကွေးလျက် အနေအထားဖြင့် မြုပ်နှံထား ကြောင်း တွေ့ရှိရသည်။ အလောင်းမှဒဏ်ရာများကို ဆက်လက်စစ်ဆေး ကြည့်ရှုရာ နောက်စေ့ ဦးခေါင်း အရိုးကြေ မွဒဏ်ရာ၊ ဘယ်ဘက်မေးရိုး ကျိုးကြေ၍ မျက်နှာညိုမဲဖူးရောင်ဒဏ်ရာ၊ လက်ကောက်ဝတ်ကြော ဘယ်/ညာ အကြောပြတ်ရှ၍ ဓားဒဏ်ရာ အလျား ၁ လက်မခွဲခန့်၊ အနက် ...၀.၅ လက်မခန့်၊ ခြေဖ နောင့်ကြော ဘယ်/ညာ အကြောပြတ်ရှ၍ ဓားဒဏ်ရာ အလျား ၂ လက်မခွဲခန့်၊ အနက် ၀.၅ လက်မခန့် ဒဏ်ရာများဖြင့် အသတ်ခံထားရကြောင်း တွေ့ရှိရသည်။ အလောင်းအား စစ်ဆေးပြီးနောက် ပြန်လည်မြုပ်နှံပေးခဲ့ပြီး လွယ်မားတဲစုသို့ ပြန်လည် ထွက်ခွါ လာခဲ့ပြီး ရဲအုပ်ဇော်မင်း ဦးစီးအဖွဲ့သည် သက်သေ ၁၁ ဦးအား ခေါ်ယူစစ်ဆေးရာတွင် အသတ်ခံ ရသူမှာ လွယ်မားတဲစု ရွာမှ ဦးခွန်တလူ ဖြစ်ပြီး လက်နက်ကိုင် ပြောက်ကျားဝတ် ၂ ဦးမှ လာရောက် ခေါ်ဆောင် သွားကြောင်း သိရသည်။ အက်စ်အက်စ်အေ (ရွက်ဆစ်) အဖွဲ့မှ အင်အား ၆ ဦးအဖွဲ့သည် စက်တင်ဘာ ပထမအပတ်မှ စတင်၍ လွယ်မားတဲစုတစ်ဝိုက်သို့ ၀င်/ထွက်သွားလာ နေပြီး အလောင်းမှ တွေ့ရှိရသည့် ဒဏ်ရာများသည် အသက်သေစေနိုင်သော ဒဏ်ရာများ ဖြစ်ပြီး သောင်းကျန်းသူများ ပြုလုပ်လေ့ရှိခြင်း၊ အလောင်းတွေ့ရှိသည့်နေရာ၏ အနောက်ဘက် မီတာ ၂၀၀ ခန့်တွင် အက်စ်အက်စ်အေ(ရွက်ဆစ်)အဖွဲ့ ယာယီ နေထိုင် လေ့ရှိသော ၂ ယောက်အိပ်တဲ ၃ လုံးတွေ့ရှိရကြောင်း သိရှိရသည်။ ၄င်းလုပ်ရပ်သည် အက်စ်အက်စ်အေ(ရွက်ဆစ်)အဖွဲ့မှ လူသတ်၍ အလောင်းမြုပ်နှံသွားကြောင်း သိရှိရသည်။ayechanmon.fil001

-   မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis