menu

Sunday 14 October 2012

ရန်ကုန်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ခွင့်ရရန်ဒေါ်အောင်ဆန်းစုကြည် ကြိုးစားမည်

Photo: ရန်ကုန်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ခွင့်ရရန်ဒေါ်အောင်ဆန်းစုကြည် ကြိုးစားမည်


မြန်မာနိုင်ငံရှိ ဟိုတစ်ချိန်က ကမ္ဘာ့အသိအမှတ်ပြု တက္ကသိုလ်များအား ပြန်လည်ဖွင့်လှစ်ခွင့်ရရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ၂၀၁၂ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်ရှိ NLD ရုံးတွင်ပြုလုပ်ခဲ့ သော ဒေါ်အောင်ဆန်းစုကြည် ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
““ပညာရေးနဲ့ပတ်သက်လို့ ကျွန်မစိတ်အားထက်သန်တဲ့ ကိစ္စလေးတစ်ခုလောက်ပြောချင် ပါတယ်။ ကျွန်မတို့ ရန်ကုန် တက္ကသိုလ်ကို ပြန်လည်ပြီးတော့ ရှင်သန်ဖို့ ကျွန်မတို့ လုပ်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့နိုင်ငံမှာ နိုင်ငံတိုင်း၊ နိုင်ငံ တိုင်းမှာ အားလုံးကနေပြီးလေးစားအားကိုး ယုံကြည်နိုင်တဲ့ တက္ကသိုလ်တွေဟာ တစ်ခုမက ရှိသင့်ပါတယ်။ နိုင်ငံတော်ကြီး တွေကို ကြည့်လိုက်ရင် သူ့ဟာနဲ့ သူကတော့ ကောင်းပါတယ်။ ဒါ ပေမယ့် တက်သိုလ်တိုင်းဟာ တော့ အဆင့်အတန်းမတူညီကြ ပါဘူး။ ဒါကြောင့် အင်မတန် ပြောင်မြောက်တဲ့ တက္ကသိုလ်တွေ ရှိတယ်ဆိုတာ တိုင်းပြည်အတွက် လည်း တန်ဖိုးရှိယုံမက တိုင်းပြည် မှာလည်း တကယ်တော်တဲ့လူ တွေကို အခွင့်အလမ်းပေးရာ ရောက်ပါတယ်။
တစ်ချိန်တစ်ခါတုန်းကလည်း ကျွန်မတို့ ရန်ကုန်တက္ကသိုလ်က ထွက်သွားတဲ့ ကျောင်းသူကျောင်း သားတွေဟာ ရန်ကုန်တက္ကသိုလ် တင်မကပါဘူး။ မန္တလးတက္ကသိုလ် တွေကပါ အောင်မြင်သွားတဲ့ ကျောင်းသားကျောင်းသူတွေဟာ ကမ္ဘာ့အဆင့်မှီလိုက်နိုင်တဲ့ ပညာ ရေးကို ရရှိပါတယ်။ ဒီဟာတွေ အတိတ်မှာကျန်ခဲ့ပေမယ့် ယခု ပစ္စုပ္ပန်မှာဖော်ထုတ်ဖို့လိုပါတယ်။ ကျွန်မကတော့ ရန်ကုန်တက္ကသိုလ် ကို အရင်တုန်းကလို လျှမ်းလျှမ်း တောက်ဖြစ်အောင် ကျွန်မတို့ ၀ိုင်းပြီးတော့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။ ဒီလို ကြိုးစားမယ့် နေရာများမှာလည်း ကူညီဖို့လူ တွေရှိမယ်လို့ သူမအနေနဲ့ ယုံ ကြည်ကြောင်း””ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပညာရေး စနစ်သည် နှစ်(၅၀)လောက် နိမ့်ကျနေပြီးသူမအနေဖြင့် ပညာရေး အဆင့်အတန်းမြှင့်တင်ရန်အတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း ပညာကဏ္ဍမြှင့်တင်ဖို့လည်းသက် ဆိုင်ရာဌာနများနှင့် ဆက်လက် ဆွေးနွေးနေကြောင်း သိရသည်။

 

ဖြိုးအောင်
မြန်မာနိုင်ငံရှိ ဟိုတစ်ချိန်က ကမ္ဘာ့အသိအမှတ်ပြု တက္ကသိုလ်များအား ပြန်လည်ဖွင့်လှစ်ခွင့်ရရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ၂၀၁၂ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့က ရန်ကုန်မြို့၊ ဗ
ဟန်း မြို့နယ်ရှိ NLD ရုံးတွင်ပြုလုပ်ခဲ့ သော ဒေါ်အောင်ဆန်းစုကြည် ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
““ပညာရေးနဲ့ပတ်သက်လို့ ကျွန်မစိတ်အားထက်သန်တဲ့ ကိစ္စလေးတစ်ခုလောက်ပြောချင် ပါတယ်။ ကျွန်မတို့ ရန်ကုန် တက္ကသိုလ်ကို ပြန်လည်ပြီးတော့ ရှင်သန်ဖို့ ကျွန်မတို့ လုပ်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့နိုင်ငံမှာ နိုင်ငံတိုင်း၊ နိုင်ငံ တိုင်းမှာ အားလုံးကနေပြီးလေးစားအားကိုး ယုံကြည်နိုင်တဲ့ တက္ကသိုလ်တွေဟာ တစ်ခုမက ရှိသင့်ပါတယ်။ နိုင်ငံတော်ကြီး တွေကို ကြည့်လိုက်ရင် သူ့ဟာနဲ့ သူကတော့ ကောင်းပါတယ်။ ဒါ ပေမယ့် တက်သိုလ်တိုင်းဟာ တော့ အဆင့်အတန်းမတူညီကြ ပါဘူး။ ဒါကြောင့် အင်မတန် ပြောင်မြောက်တဲ့ တက္ကသိုလ်တွေ ရှိတယ်ဆိုတာ တိုင်းပြည်အတွက် လည်း တန်ဖိုးရှိယုံမက တိုင်းပြည် မှာလည်း တကယ်တော်တဲ့လူ တွေကို အခွင့်အလမ်းပေးရာ ရောက်ပါတယ်။
တစ်ချိန်တစ်ခါတုန်းကလည်း ကျွန်မတို့ ရန်ကုန်တက္ကသိုလ်က ထွက်သွားတဲ့ ကျောင်းသူကျောင်း သားတွေဟာ ရန်ကုန်တက္ကသိုလ် တင်မကပါဘူး။ မန္တလးတက္ကသိုလ် တွေကပါ အောင်မြင်သွားတဲ့ ကျောင်းသားကျောင်းသူတွေဟာ ကမ္ဘာ့အဆင့်မှီလိုက်နိုင်တဲ့ ပညာ ရေးကို ရရှိပါတယ်။ ဒီဟာတွေ အတိတ်မှာကျန်ခဲ့ပေမယ့် ယခု ပစ္စုပ္ပန်မှာဖော်ထုတ်ဖို့လိုပါတယ်။ ကျွန်မကတော့ ရန်ကုန်တက္ကသိုလ် ကို အရင်တုန်းကလို လျှမ်းလျှမ်း တောက်ဖြစ်အောင် ကျွန်မတို့ ၀ိုင်းပြီးတော့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။ ဒီလို ကြိုးစားမယ့် နေရာများမှာလည်း ကူညီဖို့လူ တွေရှိမယ်လို့ သူမအနေနဲ့ ယုံ ကြည်ကြောင်း””ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပညာရေး စနစ်သည် နှစ်(၅၀)လောက် နိမ့်ကျနေပြီးသူမအနေဖြင့် ပညာရေး အဆင့်အတန်းမြှင့်တင်ရန်အတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း ပညာကဏ္ဍမြှင့်တင်ဖို့လည်းသက် ဆိုင်ရာဌာနများနှင့် ဆက်လက် ဆွေးနွေးနေကြောင်း သိရသည်။

The Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis