menu

Sunday 14 October 2012

မြန်မာ့ကြွေးမြီ အမေရိကန်ဒေါ်လာ ခြောက်ဘီလျံကျော်အနက် အများစုကို နောက်နှစ်မှ စတင်ပြီး ဂျပန်လျှော်ပစ်မည်

Photo: မြန်မာ့ကြွေးမြီ အမေရိကန်ဒေါ်လာ ခြောက်ဘီလျံကျော်အနက် အများစုကို နောက်နှစ်မှ စတင်ပြီး ဂျပန်လျှော်ပစ်မည်		

SUNDAY, 14 OCTOBER 2012 15:37

ဂျပန်နိုင်ငံအနေဖြင့် မြန်မာ့ကြွေးမြီ အမေရိကန်ဒေါ်လာ ခြောက်ဘီလျံကျော်အနက် အများစုကို နောက်နှစ်ဇန်န၀ါရီလတွင် စတင်လျော်ပစ်မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသို့ ချေးငွေသစ်များ ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း ဂျပန်ဘဏ္ဍာရေး ၀န်ကြီး ကိုရီကီဂျိုဂျီမာက အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ကြွေးမြီနှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် အောက်တိုဘာလ ၁၁ ရက်နေ့ကပြုလုပ်သော အလှူရှင်နိုင်ငံများ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ကြွေးကျန်ရှင်းလင်းရေးကိုဖြေရှင်းရန် ဂျပန်နိုင်ငံက ဦးဆောင်အခန်းကဏ္ဍမှ ဆောင်ရွက်ခဲ့သည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးများကို အားပေးရန်နှင့် ဂျပန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်ရေးကို အားပေးရန် ယင်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးမြီရှင် နိုင်ငံဖြစ်သော ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ကြွေးမြီခန့်မှန်းခြေ ယန်းဘီလျံ ၅၀၀ အနက်ယန်းဘီလျံ ၃၀၀ကို လျော်ပစ်ရန်စီစဉ်နေခြင်းဖြစ်သည်။

ယန်းဘီလျံ ၃၀၀ အနက် ယန်း ၁၂၇ ဘီလျံကို ဇန်န၀ါရီလတွင် စတင်လျော်ပစ်မည်ဖြစ်ပြီးနောက် ထပ်ယန်း ၁၇၆ ဘီလျံကို ဧပြီလ နောက်ဆုံးထားလျော်ပစ်ရန် မျှော်လင့်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံမှ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်သို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကို ရှင်းလင်းရန်အတွက် ဂျပန်နိုင်ငံ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဘဏ်မှ ပေါင်းကူးချေးငွေအမေရိကန် ဒေါ်လာသန်း ၉၀၀ကို ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၀ါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ်သို့ အမေရိကန်ဒေါ်လာသန်း ၄၀၀ နီးပါးနှင့် မနီလာအခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်သို့ အမေရိကန်ဒေါ်လာသန်း ၅၀၀ နီးပါး ပေးဆပ်ရန်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်သို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီဟောင်းများကို ရှင်းလင်းပြီးပါက ချေးငွေသစ်များကို ပြန်လည်ရယူနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ပြုပြင်ပြောင်းလဲရေးကို အားပေးသည့်အနေဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ၎င်းတို့၏အရေးယူပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျှော့လျက်ရှိနေသည်။

အမေရိကန်သမ္မတ ဘာရက် အိုဘားမားသည် မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုဖယ်ရှားရေးဥပဒေကြမ်းကို အောက်တိုဘာလ ၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး ယင်းကဲ့သို့ လက်မှတ်ရေးထိုးလိုက်သည့်အတွက် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံကို အကူ အညီပေးနိုင်တော့မည်ဖြစ်သည်။ayechanmon.fil14

မူရင်းသတင်း-- Eleven Media Group
Post By : အေးချမ်းမွန်
ဂျပန်နိုင်ငံအနေဖြင့် မြန်မာ့ကြွေးမြီ အမေရိကန်ဒေါ်လာ ခြောက်ဘီလျံကျော်အနက် အများစုကို နောက်နှစ်ဇန်န၀ါရီလတွင်
စတင်လျော်ပစ်မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသို့ ချေးငွေသစ်များ ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း ဂျပန်ဘဏ္ဍာရေး ၀န်ကြီး ကိုရီကီဂျိုဂျီမာက အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ကြွေးမြီနှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် အောက်တိုဘာလ ၁၁ ရက်နေ့ကပြုလုပ်သော အလှူရှင်နိုင်ငံများ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ကြွေးကျန်ရှင်းလင်းရေးကိုဖြေရှင်းရန် ဂျပန်နိုင်ငံက ဦးဆောင်အခန်းကဏ္ဍမှ ဆောင်ရွက်ခဲ့သည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးများကို အားပေးရန်နှင့် ဂျပန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်ရေးကို အားပေးရန် ယင်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးမြီရှင် နိုင်ငံဖြစ်သော ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ကြွေးမြီခန့်မှန်းခြေ ယန်းဘီလျံ ၅၀၀ အနက်ယန်းဘီလျံ ၃၀၀ကို လျော်ပစ်ရန်စီစဉ်နေခြင်းဖြစ်သည်။

ယန်းဘီလျံ ၃၀၀ အနက် ယန်း ၁၂၇ ဘီလျံကို ဇန်န၀ါရီလတွင် စတင်လျော်ပစ်မည်ဖြစ်ပြီးနောက် ထပ်ယန်း ၁၇၆ ဘီလျံကို ဧပြီလ နောက်ဆုံးထားလျော်ပစ်ရန် မျှော်လင့်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံမှ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်သို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကို ရှင်းလင်းရန်အတွက် ဂျပန်နိုင်ငံ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဘဏ်မှ ပေါင်းကူးချေးငွေအမေရိကန် ဒေါ်လာသန်း ၉၀၀ကို ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၀ါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ်သို့ အမေရိကန်ဒေါ်လာသန်း ၄၀၀ နီးပါးနှင့် မနီလာအခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်သို့ အမေရိကန်ဒေါ်လာသန်း ၅၀၀ နီးပါး ပေးဆပ်ရန်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်သို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီဟောင်းများကို ရှင်းလင်းပြီးပါက ချေးငွေသစ်များကို ပြန်လည်ရယူနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ပြုပြင်ပြောင်းလဲရေးကို အားပေးသည့်အနေဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ၎င်းတို့၏အရေးယူပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျှော့လျက်ရှိနေသည်။

အမေရိကန်သမ္မတ ဘာရက် အိုဘားမားသည် မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုဖယ်ရှားရေးဥပဒေကြမ်းကို အောက်တိုဘာလ ၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး ယင်းကဲ့သို့ လက်မှတ်ရေးထိုးလိုက်သည့်အတွက် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံကို အကူ အညီပေးနိုင်တော့မည်ဖြစ်သည်။
  Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis