menu

Wednesday 31 October 2012

ပုဂံဘုရားများအပေါ် တက်ရောက်ခွင့် တားမြစ် ပိတ်ပင်ခြင်းကို ကျေနပ်မှု မရှိ

Photo: ပုဂံဘုရားများအပေါ် တက်ရောက်ခွင့် တားမြစ် ပိတ်ပင်ခြင်းကို ကျေနပ်မှု မရှိ

ပြည်တွင်းသတင်း — အောက်တိုဘာလ ၃၁၊ ၂၀၁၂

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ စေတီဘုရားပုထိုးများ အပေါ် နိုင်ငံခြားသားများနှင့် ဈေးသည် များ တက်ရောက်ခွင့် တားမြစ်ထားခြင်းကို ဒေသခံများက ကျေနပ်မှု မရှိကြကြောင်း အောက်တိုဘာ ၂၃ ရက်က မြန်မာ အင်ဒီပဲန်ဒင့်နှင့် တွေ့ဆုံစဉ် ဒေသခံတစ်ဦးက ပြောသည်။

“ငယ်ငယ်လေးကတည်းက ဒီနေရာတွေမှာ ဈေးရောင်းစား လာခဲ့တာ။ တခြားလည်း ဘာမှလုပ်မစားတတ်ဘူး။ ဒီလိုပဲ ဈေးရောင်းပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရတာ”ဟု ပုဂံမြို့သစ် နေသူတစ်ဦးက ပြောသည်။ အခက်အခဲများနှင့် ပတ်သက်ပြီး မြင်းကပါ ရွာသားတစ်ဦးကလည်း “ခရီးသွား ဧည့်သည်တွေက ဘုရားပေါ်မှာ အနားယူကြပြီဆို အကြာကြီး နေကြတာဗျ။ အဲဒီအချိန်တွေဆို သူတို့လိုအပ်တာလေးတွေ သွားပြီး ရောင်းချ ကြတာ။ သူတို့လည်း အဆင်ပြေ၊ ကျွန်တော်တို့လည်း အဆင်ပြေ။ တချို့ နိုင်ငံခြားသား တွေဆို သူတို့ မေးတာ တွေကို တတ်သလောက် မှတ်သလောက်နဲ့ ပြန်ဖြေပေးရင် အရမ်းသဘောကျကြတာ၊ မုန့်ဖိုးပေးတော့ လည်း ယူလိုက်တာပဲ။ ရိုးရိုးသားသား ရတဲ့ ငွေပဲဟာ” ဟု ပြောသည်။
ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ မြင်ကွင်း

အဆိုပါကိစ္စနှင့် ပတ်သက်၍ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့် တိုက်ဦးစီးဌာန၊ ပုဂံရှေးဟောင်း အမွေအနှစ် ဒေသဌာနခွဲ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထံ မေးမြန်းရာတွင် ယင်းတို့ဌာနအနေဖြင့် ယဉ်ကျေးမှု အမွေအနှစ်များ အားလုံးကို ထိန်းသိမ်းရသည့် ဌာနဖြစ်သည့် အားလျော်စွာ နှစ်ပေါင်း ထောင်ချီရှိပြီ ဖြစ်သည့် ရှေးဟောင်းအမွေအနှစ် များထဲမှ တစ်ခုတစ်လေ ကိုမျှ ပျက်စီး ပျောက်ဆုံးသွားမှာကို မလိုလားကြောင်း၊ တားမြစ်ပိတ်ပင် ထားရသည့် စေတီပုထိုးများသည် ပုံ သဏ္ဍန်အားဖြင့် ကြည့်ပါက ခိုင်ခန့်မည်ဟု ထင်ရသော်လည်း သက်တမ်း ကြာမြင့်နေပြီ ဖြစ်သည့်အတွက် နစ်နာ ဆုံးရှုံးမှုများ ရှိနိုင်ကြောင်း၊ အထူးသဖြင့် နံရံဆေးရေးပန်းချီများ ပျက်စီးသွားမည်ကို အထူးဂရုပြု နေကြရ ကြောင်း၊ နိုင်ငံတော် အမွေအနှစ်များ ပျက်ဆီးဆုံးရှုံးရမည့် ဘေးမှကာကွယ်ရန် အတွက်သာ ယခုကဲ့သို့ တားမြစ် ပိတ်ပင်ရခြင်း ဖြစ်ကြောင်း ပြောသည်။

နှစ်ပေါင်း ထောင်နှင့်ချီပြီး ရှိနေပြီ ဖြစ်သည့် အဆိုပါ စေတီပုထိုးများ အနက် ယခုအခါတွင် ရွှေဆံတော် စေတီ နှင့် ပြဿဒ် ကြီးမှလွဲ၍ တက်ရောက်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။ ယခုနှစ်တွင်လည်း ထပ်မံ ပိတ်ထားရ သည့် ဘုရားပုထိုးစေတီ စုစုပေါင်း ၃ဝ ကျော်ခန့် ရှိကြောင်း ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း၏ ပြောပြချက်အရ သိရသည်။
ဝဝ၉

အေးချမ်းမွန်မှ Myanmar Independent News journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Independent News journal
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ စေတီဘုရားပုထိုးများ အပေါ် နိုင်ငံခြားသားများနှင့် ဈေးသည် များ တက်ရောက်ခွင့် တားမြစ်ထားခြင်းကို ဒေသခံများက ကျေနပ်မှု မရှိကြကြောင်း အောက်တိုဘာ ၂၃ ရက်က မြန်မာ အင်ဒီပဲန်ဒင့်နှင့် တွေ့ဆုံစဉ် ဒေသခံတစ်ဦးက ပြောသည်။

“ငယ်ငယ်လေးကတည်းက ဒီနေရာတွေမှာ ဈေးရောင်းစား လာခဲ့တာ။ တခြားလည်း ဘာမှလုပ်မစားတတ်ဘူး။ ဒီလိုပဲ ဈေးရောင်းပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရတာ”ဟု ပုဂံမြို့သစ် နေသူတစ်ဦးက ပြောသည်။ အခက်အခဲများနှင့် ပတ်သက်ပြီး မြင်းကပါ ရွာသားတစ်ဦးကလည်း “ခရီးသွား ဧည့်သည်တွေက ဘုရားပေါ်မှာ အနားယူကြပြီဆို အကြာကြီး နေကြတာဗျ။ အဲဒီအချိန်တွေဆို သူတို့လိုအပ်တာလေးတွေ သွားပြီး ရောင်းချ ကြတာ။ သူတို့လည်း အဆင်ပြေ၊ ကျွန်တော်တို့လည်း အဆင်ပြေ။ တချို့ နိုင်ငံခြားသား တွေဆို သူတို့ မေးတာ တွေကို တတ်သလောက် မှတ်သလောက်နဲ့ ပြန်ဖြေပေးရင် အရမ်းသဘောကျကြတာ၊ မုန့်ဖိုးပေးတော့ လည်း ယူလိုက်တာပဲ။ ရိုးရိုးသားသား ရတဲ့ ငွေပဲဟာ” ဟု ပြောသည်။ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ မြင်ကွင်း

အဆိုပါကိစ္စနှင့် ပတ်သက်၍ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့် တိုက်ဦးစီးဌာန၊ ပုဂံရှေးဟောင်း အမွေအနှစ် ဒေသဌာနခွဲ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထံ မေးမြန်းရာတွင် ယင်းတို့ဌာနအနေဖြင့် ယဉ်ကျေးမှု အမွေအနှစ်များ အားလုံးကို ထိန်းသိမ်းရသည့် ဌာနဖြစ်သည့် အားလျော်စွာ နှစ်ပေါင်း ထောင်ချီရှိပြီ ဖြစ်သည့် ရှေးဟောင်းအမွေအနှစ် များထဲမှ တစ်ခုတစ်လေ ကိုမျှ ပျက်စီး ပျောက်ဆုံးသွားမှာကို မလိုလားကြောင်း၊ တားမြစ်ပိတ်ပင် ထားရသည့် စေတီပုထိုးများသည် ပုံ သဏ္ဍန်အားဖြင့် ကြည့်ပါက ခိုင်ခန့်မည်ဟု ထင်ရသော်လည်း သက်တမ်း ကြာမြင့်နေပြီ ဖြစ်သည့်အတွက် နစ်နာ ဆုံးရှုံးမှုများ ရှိနိုင်ကြောင်း၊ အထူးသဖြင့် နံရံဆေးရေးပန်းချီများ ပျက်စီးသွားမည်ကို အထူးဂရုပြု နေကြရ ကြောင်း၊ နိုင်ငံတော် အမွေအနှစ်များ ပျက်ဆီးဆုံးရှုံးရမည့် ဘေးမှကာကွယ်ရန် အတွက်သာ ယခုကဲ့သို့ တားမြစ် ပိတ်ပင်ရခြင်း ဖြစ်ကြောင်း ပြောသည်။

နှစ်ပေါင်း ထောင်နှင့်ချီပြီး ရှိနေပြီ ဖြစ်သည့် အဆိုပါ စေတီပုထိုးများ အနက် ယခုအခါတွင် ရွှေဆံတော် စေတီ နှင့် ပြဿဒ် ကြီးမှလွဲ၍ တက်ရောက်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။ ယခုနှစ်တွင်လည်း ထပ်မံ ပိတ်ထားရ သည့် ဘုရားပုထိုးစေတီ စုစုပေါင်း ၃ဝ ကျော်ခန့် ရှိကြောင်း ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း၏ ပြောပြချက်အရ သိရသည်။
Myanmar Independent News journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis