menu

Wednesday 31 October 2012

KIA တပ်ရင်း (၁၄) မှ ရွှေမှော်များတွင် ဆန်တစ်အိတ် (၅၀၀၀) နှုန်းကောက်ခံ

Photo: KIA တပ်ရင်း (၁၄) မှ ရွှေမှော်များတွင် ဆန်တစ်အိတ် (၅၀၀၀) နှုန်းကောက်ခံ

ကချင်နေစဉ်သတင်း အောက်တိုဘာ (၃၁)

KIA တပ်မဟာ (၂) တပ်ရင်း (၁၄) မှ ဗိုလ်ကြီး ဂွန်နော် ဦးစီးအင်အား (၃၀) ခန့်ဟာ ဖားကန့်မြို့နယ် လ၀ါး ကျေးရွာတွင် ရောက်ရှိနေပြီး ပတ်ဝန်းကျင်ရှိ နန့်ခန်းချောင်းတ၀ိုက်မှ ဂျာဝမ်ရွှေမှော်နှင့် လော့ဂျာရွှေမှော်သို့ ဆန်နှင့် စက်သုံးဆီ အ၀င်အထွက်များအပေါ် အောက်တိုဘာလ(၂၉) ရက်က ဆက်ကြေးငွေ ကောက်ခံခဲ့ကြောင်း သိရပါတယ်။
ဗိုလ်ကြီးဂွန်နော်နှင့် အဖွဲ့သည် လ၀ါးကျေးရွာသို့ အောက်တိုဘာလ (၂၈) ရက်နေ့တွင် ရောက်ရှိလာပြီး ပန်းချစ်သူ စားသောက်ဆိုင်တွင် တစ်ညလုံး မူးယစ်သောက်စားပြီး အောက်တိုဘာလ (၂၉) ရက်နေ့တွင် ရှင်ဖုန်းရွာနှင့် နန့်စန်းချောင်းတ၀ိုက်ရှိ ဂျာဝမ်ရွှေမှော်နှင့် လော့ဂျာရွှေမှော်တို့တွင် ဆန်နှင့် စက်သုံး ဆီ ရောင်းချနေသော ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဆန်အိတ်များအား ရေတွက်၍ ဆန်တစ်အိတ်လျင် (၅၀၀၀) ကျပ်နှုန်းနှင့် ဒီဇယ်နှင့် ဓါတ်ဆီ တစ်ပေပါလျင် (၁၀၀၀၀) ကျပ်နှုန်းကောက်ခံပြီး ညပိုင်းတွင် ရွှေမှော်များမှ ပြန်လည်ထွက်ခွာသွားကြောင်း ရွာသားတစ်ဦးက ပြောကြားခဲ့ပါတယ်။

KIA တွင် ရိက္ခာထောက်ပံ့ရေး နှင့် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ ရှိနေသဖြင့် ဆက်ကြေးကောက်ခြင်းနှင့် ဆန်တောင်းခံခြင်းများ ပိုမို လုပ်ဆောင်လာရာ ကာမိုင်းမြို့နယ်ခွဲရှိ ဖားကန့်-မိုးကောင်းလမ်းပေါ်တွင် ဆန်နှင့် စက်သုံးဆီများအပေါ် ဆက်ကြေးကောက်ခံလျက်ရှိပြီး ၎င်းလမ်းပေါ်တွင် KIA မှဆက်ကြေးကောက်သည့် ဂိတ် (၃) ခုရှိကြောင်း ယာဉ်မောင်းတစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။ဂိတ်များနှင့် ရွှေမှော်များတွင် ၎င်းတို့ကောက်ခံ သည့် ဆန်တစ်အိတ် ( ၅၀၀၀) ကျပ်နှင့် ဆီတစ်ပေပါ (၁၀၀၀၀) ကျပ် နှုန်းမှာ KIA ဗဟိုမှ သတ်မှတ်ပေးထားသော နှုန်းအတိုင်းကောက်ခံနေခြင်းဖြစ်ကြောင်းသိရပါတယ်။ ဒေသခံရွာသားများအနေဖြင့်လည်း KIA များ၏ ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်းများကြောင့် KIA များအပေါ် ကြောက်ရွံ့ထိတ်လန့် လျက်ရှိကြောင်း ရွာသားများက ပြောကြားလာပါတယ်။

အေးချမ်းမွန်မှ ကချင်နေစဉ်သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ကချင်နေစဉ်သတင်း

  ကချင်နေစဉ်သတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis