menu

Wednesday 31 October 2012

ဘွဲ့လက်မှတ်တုနဲ့ အလုပ်လျှောက်ထားသူ မြန်မာတဦး စင်ကာပူတွင် ထောင်ဒဏ်ချမှတ်ခံရ

Photo: ဘွဲ့လက်မှတ်တုနဲ့ အလုပ်လျှောက်ထားသူ မြန်မာတဦး စင်ကာပူတွင်
ထောင်ဒဏ်ချမှတ်ခံရ
Wednesday, October 31, 2012

စင်ကာပူနိုင်ငံ လူသားစွမ်းအား ၀န်ကြီးဌာန (The Ministry of Manpower -MOM) က အသက် ၂၈ နှစ်ရှိ မြန်မာ နိုင်ငံသား ကိုကျော်စွာဝင်းဆိုသူဟာ သတင်းအချက်အလက်မှားယွင်းစွာ ဖော်ပြမှု၊ ဘွဲ့လက်မှတ် အတုနဲ့ အလုပ်
အကိုင်ရရှိရေး ကြိုးပမ်းမှုကြောင့် ထောင်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ်။

အပြစ်ရှိတယ်လို့ တရားရုံးတခုက ဆုံးဖြတ်ပြီးတဲ့နောက် ယမန်နေ့
အောက်တိုဘာလ ၃၀ ရက်နေ့ က ထောင်ဒဏ် အဖြစ် ရက်သတ္တ ၄ ပတ် အပြစ်ဒဏ်ပေးလိုက်တာဖြစ်တယ်လို့ စင်ကာပူ သတင်းဌာနတခုဖြစ်တဲ့
CNA သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Leong Guan အစားအသောက်ထုတ်လုပ်ဖြန့်ချီရေး အလုပ်ကြပ်တဦး
အဖြစ် အွန်လိုင်းက အလုပ်လျှောက်ထားခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကလည်း ကိုကျော်စွာဝင်းဟာ ဘွဲ့လက်မှတ် အတုတင်ပြခဲ့တာ ကို သတိထားမိခဲ့တယ်လို့ အဆိုပါ
MOM ၀န်ကြီးဌာန စုံစမ်းမှုများက ဆိုပါတယ်။

တကယ်တော့ သူဟာ မြန်မာနိုင်ငံပညာရေးအရ အခြေခံပညာ အထက်တန်းအောင်လက်မှတ်သာ ရှိခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားသား အလုပ်သမား ခန့်အပ်ရေး ဥပဒေပုဒ်မအရ ငြိစွန်းလျှင် လက်ရှိပြစ်ဒဏ်အရ ဒဏ်ကြေးငွေ စင်ကာပူ ဒေါ်လာ ၁၅၀၀၀ ထိ သို့မဟုတ် ထောင်ဒဏ် ၁၃ အထိ ခံစားရနိုင်သလို အဆိုပါ ဒဏ်ငွေရော ထောင်ဒဏ်ပါ ကျခံနိုင်ရရှိတယ်လို့ CNA က ဆိုပါတယ်။

irrawaddy

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News
စင်ကာပူနိုင်ငံ လူသားစွမ်းအား ၀န်ကြီးဌာန (The Ministry of Manpower -MOM) က အသက် ၂၈ နှစ်ရှိ မြန်မာ နိုင်ငံသား ကိုကျော်စွာဝင်းဆိုသူဟာ သတင်း
အချက်အလက်မှားယွင်းစွာ ဖော်ပြမှု၊ ဘွဲ့လက်မှတ် အတုနဲ့ အလုပ်
အကိုင်ရရှိရေး ကြိုးပမ်းမှုကြောင့် ထောင်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ်။

အပြစ်ရှိတယ်လို့ တရားရုံးတခုက ဆုံးဖြတ်ပြီးတဲ့နောက် ယမန်နေ့
အောက်တိုဘာလ ၃၀ ရက်နေ့ က ထောင်ဒဏ် အဖြစ် ရက်သတ္တ ၄ ပတ် အပြစ်ဒဏ်ပေးလိုက်တာဖြစ်တယ်လို့ စင်ကာပူ သတင်းဌာနတခုဖြစ်တဲ့
CNA သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Leong Guan အစားအသောက်ထုတ်လုပ်ဖြန့်ချီရေး အလုပ်ကြပ်တဦး
အဖြစ် အွန်လိုင်းက အလုပ်လျှောက်ထားခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကလည်း ကိုကျော်စွာဝင်းဟာ ဘွဲ့လက်မှတ် အတုတင်ပြခဲ့တာ ကို သတိထားမိခဲ့တယ်လို့ အဆိုပါ
MOM ၀န်ကြီးဌာန စုံစမ်းမှုများက ဆိုပါတယ်။

တကယ်တော့ သူဟာ မြန်မာနိုင်ငံပညာရေးအရ အခြေခံပညာ အထက်တန်းအောင်လက်မှတ်သာ ရှိခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားသား အလုပ်သမား ခန့်အပ်ရေး ဥပဒေပုဒ်မအရ ငြိစွန်းလျှင် လက်ရှိပြစ်ဒဏ်အရ ဒဏ်ကြေးငွေ စင်ကာပူ ဒေါ်လာ ၁၅၀၀၀ ထိ သို့မဟုတ် ထောင်ဒဏ် ၁၃ အထိ ခံစားရနိုင်သလို အဆိုပါ ဒဏ်ငွေရော ထောင်ဒဏ်ပါ ကျခံနိုင်ရရှိတယ်လို့ CNA က ဆိုပါတယ်။

irrawaddy

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis