menu

Wednesday 31 October 2012

သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့ Mitt Romney မုန်တိုင်းဒုက္ခသည်တွေအတွက် အလှူခံနေ

Photo: မြန်မာတွေအနေနဲ့တော့ အမြင်ဆန်းနေမလားမသိဘူး။ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့ Mitt Romney ဟာ ပုံမှာ တွေ့ရတဲ့အတိုင်း မုန်တိုင်းဒုက္ခသည်တွေအတွက် အလှူခံနေပါတယ်။ အလှူတွေကို ကိုယ်တိုင်သယ်ပိုးနေပါတယ်။

တပတ်ပဲ ကျန်တော့တဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်နေရာ
တာကို သမ္မတလောင်း ၂ ယောက်စလုံးက ရပ်တန့်လိုက်ပြီး မုန်တိုင်းပြဿနာကူညီ ဖြေရှင်းရေး ဦးစားပေးလာပါတယ်။ Mitt Romney က အိုဟိုင်းရိုးပြည်နယ်
မှာ ပစ္စည်းတွေ အလှူခံနေချိန်မှာ သမ္မတ အိုဘားမားက အိမ်ဖြူတော်ကို ချက်ခြင်းပြန်လာပြီး ရေဘေးအခြေအနေတွေကို သူ့အကြံပေးတွေ၊ ပညာရှင်တွေ ၊ တာဝန်၇ှိသူတွေနဲ့အတူ အိမ်ဖြူတော် အရေးပေါ်အခန်းကနေ အဆက်မပြတ် ဆက်သွယ်စီမံနေတာကို တွေ့ရပါတယ်။

ဒါလည်း မဲဆွယ်ပွဲတမျိုးပဲလို့ ပြောသူတွေ ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်စေ ပြည်သူတွေရဲ့ သူတို့ အပေါ် မြင်တဲ့ အမြင်ဟာ ဘယ်လောက် အရေးကြီးတယ် ဆိုတာ ထင်ရှားနေတဲ့ အချက်ပါ။

Mitt Romney ဆိုရင် အင်မတန် ချမ်းသာတဲ့ မိသားစုက ဖြစ်ပြီး လက်ရှိလည်း အချမ်းသာဆုံးစာရင်းဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ မဲနဲ့ အရွေးခံရမှာမို့ ပြည်သူတွေလက်ခံလာအောင် မဲပေးချင်လာအောင် လုပ်ကြရပါတယ်။

ဲ ပြည်သူလက်ထဲမှာ အာဏာရှိတဲ့ နိုင်ငံမို့ ပြည်သူတွေရဲ့ ဆန္ဒ အမြင်တွေကို အုပ်ချုပ်သူတွေက အလေးထားလာရတယ်ဆိုတာကို အထင်အရှား တွေ့ရတဲ့အကြောင်း မြန်မာပြည်သူတွေနဲ့ ဝေငှလိုက်ပါတယ်။

အေးချမ်းမွန်မှ Burma-Newselite တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Burma-Newselite
သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့ Mitt Romney ဟာ ပုံမှာ တွေ့ရတဲ့အတိုင်း မုန်တိုင်းဒုက္ခသည်တွေအတွက် အလှူခံနေပါတယ်။ အလှူတွေကို ကိုယ်တိုင်သယ်ပိုးနေပါတယ်။

တပတ်ပဲ ကျန်တော့တဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်နေရာ
တာကို သမ္မတလောင်း ၂ ယောက်စလုံးက ရပ်တန့်လိုက်ပြီး မုန်တိုင်းပြဿနာကူညီ ဖြေရှင်းရေး ဦးစားပေးလာပါတယ်။ Mitt Romney က အိုဟိုင်းရိုးပြည်နယ်
မှာ ပစ္စည်းတွေ အလှူခံနေချိန်မှာ သမ္မတ အိုဘားမားက အိမ်ဖြူတော်ကို ချက်ခြင်းပြန်လာပြီး ရေဘေးအခြေအနေတွေကို သူ့အကြံပေးတွေ၊ ပညာရှင်တွေ ၊ တာဝန်၇ှိသူတွေနဲ့အတူ အိမ်ဖြူတော် အရေးပေါ်အခန်းကနေ အဆက်မပြတ် ဆက်သွယ်စီမံနေတာကို တွေ့ရပါတယ်။

ဒါလည်း မဲဆွယ်ပွဲတမျိုးပဲလို့ ပြောသူတွေ ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်စေ ပြည်သူတွေရဲ့ သူတို့ အပေါ် မြင်တဲ့ အမြင်ဟာ ဘယ်လောက် အရေးကြီးတယ် ဆိုတာ ထင်ရှားနေတဲ့ အချက်ပါ။

Mitt Romney ဆိုရင် အင်မတန် ချမ်းသာတဲ့ မိသားစုက ဖြစ်ပြီး လက်ရှိလည်း အချမ်းသာဆုံးစာရင်းဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ မဲနဲ့ အရွေးခံရမှာမို့ ပြည်သူတွေလက်ခံလာအောင် မဲပေးချင်လာအောင် လုပ်ကြရပါတယ်။

ဲ ပြည်သူလက်ထဲမှာ အာဏာရှိတဲ့ နိုင်ငံမို့ ပြည်သူတွေရဲ့ ဆန္ဒ အမြင်တွေကို အုပ်ချုပ်သူတွေက အလေးထားလာရတယ်ဆိုတာကို အထင်အရှား တွေ့ရတဲ့အကြောင်း မြန်မာပြည်သူတွေနဲ့ ဝေငှလိုက်ပါတယ်။

Burma-Newselite

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis