menu

Wednesday 31 October 2012

ရခိုင်ဒေသ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းရန် လတ်တလော အစီအစဉ်မရှိ

Photo: ရခိုင်ဒေသ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းရန် လတ်တလော အစီအစဉ်မရှိ

ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းရန် လတ်တလောကာလတွင် အစီအစဉ်မရှိသေးကြောင်း နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက အတည်ပြု ပြောကြားလိုက်သည်။

တစ်ကျော့ပြန် ဖြစ်ပွားနေ သည့် ရခိုင်ပဋိပက္ခများကြောင့် တပ်မတော်မှ အလုံးစုံ အာဏာ လွှဲပြောင်းရယူ၍ အုပ်ချုပ်သွား မည်ဆိုသောသတင်းများထွက် ပေါ်နေမှုအား ပေါ်ပြူလာနယူးစ် ၏ မေးမြန်းမှုကို အထက်ပါ ပုဂ္ဂိုလ်က တရားဝင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၏ အခြေအနေမှာ ပြန်လည်တည် ငြိမ်နေခြင်းကြောင့် ထိုကဲ့သို့ တပ်မတော်မှ အာဏာအလုံးစုံ လွှဲ ပြောင်းရယူကာ အုပ်ချုပ်သွားရန် မရှိပါဟု ညွှန်ကြားရေးမှူး ဦးဇော် ဌေးက ပြောသည်။’ကျွန်တော်တို့သိရသလောက် အခုအနေအ ထားအရ လောလော ဆယ် မရှိသေးပါဘူး” ဟု ၄င်းက ထပ်လောင်းပြောသည်။လက်ရှိတွင် ရခိုင်ပြည်နယ်ကို တပ်မတော်တပ်ရင်း ၅၁ ရင်း၊ ရဲ တပ်ဖွဲ့အင်အား ၅ဝဝဝ ကျော်နှင့် နစက တပ်ဖွဲ့ဝင် ၁ဝဝဝ ကျော်တို့ ဖြင့် အကြမ်းဖက်မှုတို့ကို ကိုင်တွယ် နေကြောင်း သိရသည်။ဆက်လက်၍ ဦးဇော်ဌေးက ”သမ္မတကြီးက လုံခြုံရေးမြှင့်ဖို့ လည်း ညွှန်ကြားထားပြီး ပါပြီ။ ပြဿနာဖြစ်
နိုင်တဲ့ လမ်းတွေ၊ ရပ် ကွက်တွေကို အဓိကထားပါတယ်”ဟု ပြောသည်။

အကြမ်းဖက်မှုများကို ဖြေရှင်း ရန် မျက်ရည်ယိုဗုံးများ အပြင် လက် နက်ကိရိယာများ အပြည့်အဝ တပ် ဆင်ပေးထားသည်ဟု ၄င်းက ပြော သည်။၂ဝ၁၂ မေလနှင့်ဇွန်လတို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဇွန် လ ၁၄ ရက်နေ့အထိ သေဆုံးသူ ၅ဝ၊ ဒဏ်ရာရသူ ၅၄ ဦး၊ လူနေအိမ် ၂၂၃ဝ နှင့် ဘာသာရေး အဆောက် အအုံ ၁၄ ခု မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၆၁၄၆၂ ဦး ဒုက္ခသည်စခန်းသို့ရောက်ခဲ့ရသည်။ရခိုင်ပြည်နယ်အတွင်း တစ် ကျော့ပြန် ပြန်လည်ဖြစ်ပွား ခဲ့သည့် အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အတွင်း ဖြစ်ပွား ခဲ့သော အကြမ်းဖက် မှုကြောင့် လူနေ အိမ်စုစုပေါင်း ၂၉၅ဝ၊ ဘာသာ ရေးအဆောက်အအုံ ၁၄ လုံး၊ ဆန်စက် ၈ လုံး မီးလောင် ပျက်စီး၍ လူ၈၄ ဦး သေဆုံး ကာ ၁၂၉ ဦး ဒဏ်ရာရခဲ့ သည်ဟု သမ္မတရုံး၏ ထုတ်ပြန် ချက်အရ သိရသည်။

မင်းသုအောင်၊ ညွန့်ဝင်း

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Myanmar News Journal

Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis