menu

Wednesday 31 October 2012

အလုပ်ရှင်ကညှိနှိုင်းမှုမရရှိခြင်းကြောင့် တော်ဝင်သစ်အချောထည်စက်ရုံအလုပ်သမား တချို့် အစာငတ်ခံဆန္ဒပြမည်ဟုဆို

Photo: အလုပ်ရှင်ကညှိနှိုင်းမှုမရရှိခြင်းကြောင့် တော်ဝင်သစ်အချောထည်စက်ရုံအလုပ်သမား တချို့် အစာငတ်ခံဆန္ဒပြမည်ဟုဆို

ကေခိုင်ကျော် DVB ၊အောက်တိုဘာ ၃၁

ရွှေပြည်သာမြို့နယ် ၀ါးတစ်ရာစက်မှုဇုံ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ အလုပ်ရှင်ဘက်က စာချုပ်ချိုးဖောက်မှုကြောင့် ရက်ဆက်ဆန္ဒဖော်ထုတ်မှုများပြုလုပ်နေရာကနေ အခုထိ ပြေလည်မှုမရရှိသေးတာကြောင့် အလုပ်သမားတချို့
အစာငတ်ခံဆန္ဒပြတော့မှာ ဖြစ်ကြောင်း Action Labour Right ခေါင်းဆောင် ကိုကျော်ကျော်က DVB ကို့ပြောပါတယ်။

“ အခုဆန္ဒပြတာ ၆ရက်မြောက်ဖြစ်နေပါပြီ။ဆန္ဒပြနေတဲ့အလုပ်သမားတွေကတော့အား လုံး ၂၀၀ကျော်လောက်ရှိပါတယ်။မနက်ဖြန်မှ အလုပ်သမား၁၀ယောက်ကနေ အစာငတ်ခံဆန္ဒပြပြီး ဆက်လက် တောင်းဆိုသွားမှာပါ။အဓိက တောင်းဆိုတဲ့အချက်တွေကတော့စက်ရုံအလုပ်သမားတွေကိုအပြင်ဆိုဒ် ကိုမပို့ဖို့ကအဓိက တောင်းဆိုတာပါ။အလုပ်ရှင်နဲ့စာချုပ်ချုပ်တာ၎ကြိမ်ရှိပါပြီ။၂ကြိမ်မှာကအလုပ်ရှင် နဲ့အလုပ်သမားမညှိနှိုင်းပဲအပြင်ဆိုဒ်ကိုမပို့ရဘူးဆိုတဲ့အချက်ပါတယ်။အဲ့ဒီအချက်ကိုအလုပ်ရှင်ဘက် ကချိုးဖောက်တာပါ။အခုအလုပ်သမားတွေတောင်းဆိုနေတာတွေကလည်းလုပ်ခတိုးပေးဖို့မဟုတ်ပါ ဘူး။ဒီကိစ္စဟာမတက်နိုင်တဲ့ကိစ္စလည်းမဟုတ်ဘူး။ရေရှည်နစ်နာမှုကိုကြည့်ရမယ်။အခုလိုအလုပ်ရှင် ဘက်ကမညှိနှိုင်းပေးတာလွန်တယ်လို့ထင်ပါတယ်။အလုပ်ရှင်ဘက်ကမညှိနှိုင်းပေးတဲ့အပြင် တခြား နည်းလမ်းတွေနဲ့ဖိအားပေးတာတွေလုပ်လာတယ်။သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့လည်းအလုပ် ရှင်တွေကို ညှိနှိုင်းမှုတွေပြုလုပ်လာအောင်ဖိအားပေးသင့်တယ်လို့ကျွန်တော်မြင်ပါတယ်။” လို့ သူကဆိုပါတယ်။

အလုပ်ရှင်က စာချုပ်ပါအချက်များအား ချိုးဖောက်မှုကြောင့် တော်ဝင်သစ်အချောထည် စက်ရုံ အလုပ်သမား ၂၅၀ကျော် ဆန္ဒဖော်ထုတ်နေကြပြီး အလုပ် သမားတွေဘက်က အချက် ၅ချက် တောင်းဆိုထားတယ်လို့သိရပါတယ်။

ဆန္ဒဖော်ထုတ်မှုတွေနဲ့ ပတ်သက်ပြီးတော်ဝင် ကုမ္ပဏီကိုဆက်သွယ်မေးမြန်းမှုများပြုလုပ်ခဲ့သော်လည်း ပြန်လည်ဖြေကြားပေးခြင်းမရှိသေးပါ။

(ဓါတ်ပုံ - ကိုကျော်ကျော်)

အေးချမ်းမွန်မှ DVB TV News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :DVB TV News

DVB TV News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis