menu

Wednesday 31 October 2012

"၂ဝ၁၂ သည် ၈၈နောက်ပိုင်း ရှို့မီးကြောင့် မီးလောင်မှု အများဆုံးနှစ်ဖြစ်"

Photo: "၂ဝ၁၂ သည် ၈၈နောက်ပိုင်း ရှို့မီးကြောင့် မီးလောင်မှု အများဆုံးနှစ်ဖြစ်"

ရန်ကုန်၊ အောက်တိုဘာ ၃ဝ

ရှစ်လေးလုံး အရေးအခင်းအပြီး နောက်နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း ရှို့မီးကြောင့် မီးလောင်မှု အများဆုံးနှစ်မှာ ယခုနှစ်ဖြစ်ကြောင်း မီးသတ် ဦးစီး ဌာန ၏ မီးလောင်မှုမှတ်တမ်းများအရ သိရသည်။
...မီးသတ်ဦးစီးဌာန၏ မီးလောင်မှုမှတ်တမ်းများအရ ၁၉၈၈ ခုနှစ်တွင် တစ်နိုင်ငံ လုံး၌ မီးလောင်မှု ၁၁၈၇ ကြိမ် ဖြစ်ပွားခဲ့သည့်အနက် မသမာသူ ရှို့မီး ၁၂၉ ကြိမ်နှင့် သောင်းကျန်းသူရှို့မီး ၉ ကြိမ်ပါဝင်ခဲ့ပြီး အိမ်ခြေ ၁၂၅၄၁ လုံး၊ စက် ရုံအလုပ်ရုံ ၂၅ လုံးနှင့် ဂိုဒေါင် ၁ဝ၃ လုံး မီးလောင်ပျက်စီးကာ လူ ၁၆၈ ဦးသေ ဆုံး ၍ ၁၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မူ တစ်နိုင်ငံလုံး၌ ဇန်နဝါရီလမှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ မီးလောင်မှုအကြိမ် ၁ဝဝဝ ခန့် ဖြစ်ပွားခဲ့သည့်အနက် ရှို့မီးကြောင့် မီးလောင်မှုမှာ ၁၁၂ ကြိမ် ပါဝင်လျက် ရှိပြီး လူနေအိမ် အလုံး ၁၃ဝ၂ဝ ၊ စက်ရုံအလုပ်ရုံ ၁၆ လုံး၊ ဂိုဒေါင် ၁ဝ ရုံနှင့် လူ ၁၅၉ ဦး သေဆုံးကာ ၂၁၄ ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''ဒီနှစ်က ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေကြောင့် ရှို့မီးတွေ များလာပြီး မီးလောင်မှု အကြိမ်အရေအတွက် တွေ မြင့်လာတာပဲ။ လက်ရှိ ရှို့မီး ကြောင့် မီးလောင်မှု ဖြစ်ခဲ့တဲ့ အကြိမ် အရေအတွက်က ၈၈ အရေး အခင်းပြီးရင်တော့ အများဆုံး ပဲ။ အခုဖြစ်နေတာ အများစုက ကျ တော့ ကိုယ့်အိမ်ကို ကိုယ်ပြန်မီးရှို့ ပြီး သူများအိမ်ကိုပါ မီးကူးအောင် လုပ်ကြတာ များ တယ်။ ပြည်နယ် နဲ့ တိုင်း ဒေသကြီးအလိုက် ရှို့မီး ကြောင့် ပျက်စီးဆုံးရှုံးမှု အ များ ဆုံး ဆိုရင်တော့ ရခိုင်ပြည်နယ်ပဲ'' ဟု ၄င်းက ရှင်းပြသည်။
ထို့အပြင် ရခိုင်ပြည်နယ်၌ ယခုနှစ်အတွင်း ပဋိပက္ခနှစ်ကြိမ် ဖြစ်ပွားခဲ့ရာတွင် ဇွန်လအတွင်းက စစ် တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်များ အတွင်း ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှု များကြောင့် အိမ်ခြေ ၄၆၉၄ လုံး၊ ဘာသာရေးအဆောက်အအုံ ၄၈ လုံး၊ စာသင်ကျောင်းတစ်ကျောင်း၊ ဆေးရုံဆေးခန်းတစ်ခုနှင့် အခြား အဆောက် အအုံ ၃၆ လုံး မီး လောင်ပျက်စီးခဲ့ကြောင်း၊ ထို့အတူ အောက် တို ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ဆူပူအကြမ်း ဖက် မှုများကြောင့် လူ နေအိမ် ၂၉၅ဝ၊ ဘာသာရေး အဆောက်အအုံ ၁၄ လုံး၊ စက်ရုံ အလုပ်ရုံ ၈ လုံး မီးလောင်ပျက်စီး ကာ လူ ၈၄ ဦး သေဆုံး၍ ၁၂၉ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း ၄င်းက ထပ်မံပြောသည်။
၁၉၈၈ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် ရှို့မီးကြောင့် မီးလောင်မှုစုစုပေါင်း ၁၄၇၅ ကြိမ် ဖြစ်ပွား ခဲ့ကြောင်း မီး သတ်ဦးစီး ဌာနမှ ထပ်မံသိရသည်။

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Myanmar News Journal

Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis