နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို Channel News Asia မှ Indochina Bureau Chief ဖြစ်သူ Anasuya Sanyal က တွေ့ဆုံ မေးမြန်းနေစဉ်
မိမိ၏ ကျန်းမာရေး အခြေအနေနှင့် အသက်အရွယ်အရ ၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ်
တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း Channel News Asia ရုပ်သံနှင့်
အင်တာဗျူးအစီအစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ပြောကြား
ခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့် ပြီးခဲ့သည့်ဇူလိုင်လ ၂၂
ရက်နေ့မှ ၂၄ ရက်နေ့အထိ သုံးရက်ကြာ သွားရောက်ခဲ့သော ထိုင်းနိုင်ငံ
ချစ်ကြည်ရေးခရီးစဉ်အတွင်း CNA ရုပ်သံဌာန၏ အင်တာဗျူးအစီအစဉ်ကို လက်ခံပြီး
တွေ့ဆုံဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ ရုပ်သံအင်တာဗျူးအစီအစဉ်ကို
Channel News Asiaက ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့တွင်
ပြန်လည်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပါသည်။
No comments:
Post a Comment