menu

Thursday 2 August 2012

ရိုဟင်ဂျာများအနေဖြင့် လူဦးရေစိမ့်ဝင်မှုသီအိုရီဖြင့် နိုင်ငံတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှပြောကြား

 နိုင်ငံခြားသား ရိုဟင်ဂျာများ အနေဖြင့်(Population Density)လူဦးရေသိပ်သည်းမှု ဘာ သာရပ်၏ အကောင်းဆုံး သီအိုရီ  တစ်ခုဖြစ်သော လူဦးရေစိမ့်ဝင်မှု  နည်းလမ်းများဖြင့်ပြည်တွင်းသို့ဝင် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း  မှ ပြောကြားသွားခဲ့သည်။
““အရင်တုန်းကတည်းက လူ ကြီးတွေက အမျိုးမျိုးစဉ်းစားတယ်။   ဒီဟာကPopulationDensity ဘာသာရပ်ပေါ့ဗျာ ဒီ ရိုဟင်ဂျာ  တွေကPopulation Best Theory  နဲ့ ကျွန်တော်တို့ နိုင်ငံထဲကိုစိမ့်ဝင် လာတယ်။အကြောင်းအမျိုးမျိုးနဲ့ ဒီလိုဝင်လာပြီးဒီမှာမိန်းမယူတယ်။  သူတို့တစ်ယောက်ထဲနဲ့မိန်းမ က   လေးယောက်လောက်ယူလိုက် တယ်။ဒီတော့ တစ်နှစ်မှာ ကလေး  တစ်ယောက်ပဲမွေးနိုင်တဲ့တိုင်းရင်း သားတွေထက်စာရင်သူတို့က တ နှစ်မှာကလေး လေးယောက်မွေး နေတယ်။
အဲ့ဒီမှာပဲသူတို့က တော် တော့်ကိုသာနေတယ်။ကျွန်တော် တို့တွေကလည်း မအောင်မြင်ခဲ့ ဘူး။ ပြောရရင် သူတို့ရဲ့ Population Densityလူဦးရေသိပ်သည်း  မှုက နဂိုကတည်းကရှိနေတဲ့ တိုင်း ရင်းသားတွေရဲ့ Population Density ထက်အဆမတန်ပိုများ နေတယ်။ဥပမာ သူတို့ရဲ့လူဦးရေ သိပ်သည်းမှုက ၉၇ရာခိုင်နှုန်းလောက်  ရှိပြီး ရခိုင်တိုင်းရင်းသားတွေက   ၃ ရာခိုင်နှုန်းလောက်ပဲရှိတော့ တယ်။ဒီတော့ ရိုဟင်ဂျာဆိုတာ  ဟာနိုင်ငံခြားသားပဲ ကျွန်တော်တို့ သမ္မတကြီးကလည်း ရဲရဲဝံ့ဝံ့ပြော တယ်။သူတို့ကို တတိယနိုင်ငံပို့ မယ် လာမခေါ်သေးရင်ခြံခတ် ထားမယ် သမ္မတကြီးကတော့  သူ့ပေါ်လစီကိုအတိအလင်းကြေ ငြာလိုက်ပြီ ကျွန်တော်တို့တွေအ နေနဲ့ကလည်း ဒီပြဿနာနဲ့ပတ် သက်ပြီးတွေ့ဆုံပွဲတွေWork shop တွေလုပ်ပြီး သက်ဆိုင်ရာ ကဏ္ဍ  အလိုက်ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ””ဟု ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းမှ  ဇူလိုင်လ(၂၂)၇က်နေ့၌ ရန်ကုန် မြို့၌ပြောကြားသွားခဲ့သည်။
ယခင် တပ်မတော်အစိုးရ လက်ထက်ကတည်းကအဆိုပါ ရခိုင်ဘင်္ဂလားနယ်စပ်တစ်လျှောက်  အား စည်းရိုးခတ်ခြင်း ထိုစည်းရိုး  များအား တပ်မတော်သားများဖြင့်  ထပ်ပေါင်းထည့်ခြင်း၊နစက(နယ်  စပ်ကာကွယ်ရေး)များဖွဲ့ခြင်းစသည်   တို့အားပြုလုပ်ခဲ့ပါသော်လည်း အောင်မြင်မှုမရခဲ့ကြောင်းသိရှိရ သည်။ပြည်ထောင်စုဝန်ကြီး ဦး အောင်မင်း၏ပြောပြချက်အရ အင်အား ၁၀၀၀ခန့်ရှိသော ရခိုင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့  အနေဖြင့်လည်း နယ်စပ်တလျှောက်   ချထားကြောင်းသိရှိရသည်။ပြည် ထောင်စုဝန်ကြီး၏ဆက်လက်ပြော ကြားချက်အရ မကြာမီအချိန်အ တွင်း အဆိုပါ ရခိုင်ဒေသတွင်း နိုင်ငံခြားသားရိုဟင်ဂျာများကျူး ကျော်လာမှု့အား ပညာရှင်များနှင့်  တွေ့ဆုံဆွေးနွေးကာWork shop များပြုလုပ်သွားမည်ဖြစ်ပြီးနိုင်ငံ သားမှတ်ပုံတင် ကိုင်ဆောင်ထားသူ    နိုင်ငံခြားသားများကလည်း မည် သူ့ဘက်မှမှတ်ပုံတင်ရသွားသည်။ မည်သည့်နည်းနှင့်ရသွားသည်တို့ အထိ ပြန်လိုက်စီစစ်သွားရန်ရှိ ကြောင်းသိရှိရသည်။
 Hot News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis