မကွေးတိုင်းဒေသကြီးတောင်
တွင်းကြီးမြို့နယ် ဆက်သွားရဲစခန်း ပိုင် ရဲစခန်းမြောက်ဘက် (၁၅)မိုင်
ခန့်အကွာ ယာကြီးတောအုပ်စု အောင်မြေသာကျေးရွာတွင်အရက် သောက်စားပြီး
စကားများရာမှ လူသတ်မှုဖြစ်ပွားကြောင်းသတင်း ရရှိသည်။ ဖြစ်စဉ်မှာ ၂၈-၇-၂၀၁၂
ရက်နေ့ ည(၈)နာရီအချိန် ခန့်က မခင်ကြူ(၃၈)နှစ်(ဘ)ဦးထွန်း သောင်းသည်
ယောက္ခမဖြစ်သူ ဒေါ်သန်းညွန့်နေအိမ်တွင်ရှိနေစဉ် ခင်ပွန်းဖြစ်သူ
အောင်လင်းနှင့် အောင်လင်း၏ ညီဖြစ်သူအောင် မင်းတို့ ညီအစ်ကိုနှစ်ဦးအရက်မူး
ပြီး တစ်ယောက်တစ်ခွန်းစကား များကြရာမှ အောင်မင်းမှခင်ပွန်း
ဖြစ်သူအောင်လင်းအား ဓားနှင့် ခုတ်သက်ကြောင်း ဆက်သွား ရဲစခန်းသို့
လာရောက်တိုင်တန်း သဖြင့် ထိုနေည(၁၀)နာရီ(၄၅) မိနစ်အချိန် အမှုဖွင့်အရေးယူ
ဆောင်ရွက်ခဲ့သည်ဆို၏။ထို့ နောက် အခင်းဖြစ်နေရာသို့ဆက် သွားရဲစခန်းမှ ရဲအုပ်ထွန်းထွန်း အောင်နှင့်အဖွဲ့သည် ချက်ခြင်း သွားရောက် စစ်ဆေးရာယာကြီး တောအုပ်စု အောင်မြေကျေးရွာ ၏ အရှေ့ဘက်ရွာပြင်ပတ်လမ်း ပေါ်တွင် အောင်လင်းမှာတောင် ဘက်သို့ ခေါင်းပြူ၍ မှောက်လျက် ပြတ်ရှဒဏ်ရာများဖြင့်သေဆုံးနေ သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သေဆုံးသူ အောင်လင်း၏ဒဏ် ရာများအား အသေးစိတ်စစ်ဆေး ရာ ၀ဲမျက်ခုံးအထက် (၃)လက်မ ခန့်ပြတ်ရှဒဏ်ရာတစ်ချက်၊ အရိုး ထိ ယာနားရွက်အောက်နောက် စေ့မှပါးစပ်ထိ မျက်နှာ၊ ယာဘက် တစ်ခြမ်းအရှည် ခြောက်လက်မ ခန့် ပြန်ရှဒဏ်ရာတစ်ချက်၊ ယာ လက်ကောက်ဝတ် အရိုးထိပြတ် ရှဒဏ်ရာတစ်ချက်၊ ၀ဲလက်ဖျံရိုး ပြတ်ရှဒဏ်ရာတစ်ချက်၊ တင်ပါး တွင် ပြတ်ရှဒဏ်ရာတစ်ချက်၊ ဓား ဒဏ်ရာ ငါးချက်ပြင်းထန်စွာရှိပြီး နေရာတွင် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အောင်လင်းအား ဓားနှင့်ခုတ်သက်သူ အောင်မင်း (၃၅)နှစ်(ဘ)ဦးခင်မောင်၊ ယာ ကြီးတောအုပ်စု၊ အောင်မြင်သာ ကျေးရွာနေသူအား ဆက်သွားရဲစ ခန်းမှ(ပ)၁၂၅/၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၂ အရအမှုဖွင့် အရေးယူပြီး သက်ဆိုင်ရာ တရားရုံးသို့ အမြန် တရားစွဲတင်ပို့နိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
Hot News Journal
No comments:
Post a Comment