menu

Thursday 2 August 2012

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ခြံစည်းရိုးကာရံသည့် လုပ်ငန်းစဉ်မှာ ထက်ဝက်ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ပထမဆုံး ထုတ်ဖော်ပြောဆို......

ရခိုင်အရေးအခင်း ဖြစ်ပွားပြီး မကြာမီမှာပြုလုပ်ခဲ့သည့် လုံ/ကာ
အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ပြီးသည့်နောက်
သမ္မတ၏ အမိန့် ဖြင့်
မိုင်းပေါင်း ( ၁၅၂ ) မိုင် အကွာအဝေးရှည်လျှားသော
နယ်စပ်မျဉ်းတလျှောက် လုံခြုံစိတ်ချရသော ခြံစည်းရိုးကာရံခြင်းကို
စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းနှင့်ပတ်သတ်၍ နယ်စပ်ရေးရာနှင့် မြန်မာစက်မှု့ လက်မှု့ 
ဖွံဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး
ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် လူဝင်မှု့ ကြီးကြပ်ရေးနှင့်
ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီတို့ မှ
( ၃၀-၇-၂၀၁၂ ) ရက်နေ့ တွင် အတည်ပြုပြောကြားခဲ့သည်။

" တိုင်းပြည်လုံခြုံရေးအတွက်ပါ... အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က
ခြံစည်းရိုးလိုပါဘဲ... လုံခြုံအောင်ဆောင်ရွက် သွားမှာပါ... " ဟု
ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ မှ ပြောကြားသည်။


ခြံစည်းရိုးမှာ သုံးထပ်ပါဝင်ပြီး ခြံစည်းရိုးတလျှောက် နယ်စပ်
လုံခြုံရေးကို တင်းကျပ်စွာ ကိုင်တွယ်မှု့ များဆောင်ရွက်နေပြီ
ဖြစ်ကြောင်နှင့် ခြံစည်းရိုးကျော်ဝင်လာသူများကို ပြင်းထန်သော
အရေးယူမှု့ များ၊ ပစ်ခတ်မှု့ များပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

( ပြည်မြန်မာ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis