menu

Saturday 21 July 2012

Bluetooth 4.0



ဒီတပတ်မှာတော့ Bluetooth တွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Bluetooth တွေကို မိုဘိုင်းဖုန်းတွေမှာ အသုံးပြုခဲ့တာဟာ အချိန်ကြာမြင့်ခဲ့ပါပြီ။ ဒါ့အပြင် Bluetooth တွေကို စတင်ခဲ့တာ Bluetooth 1.0, 1.1 ကနေစတင်ခဲ့တာဟာ ခုချိန်မှာဆိုရင်တော့ ၄.၀ ထိရှိခဲ့ပါပြီ။

မိုဘိုင်းဖုန်းတွေမှာ အသုံးပြုနေတဲ့ Bluetooth စနစ်တွေဟာ တဖြည်းဖြည်းနဲ့ အဆင့်မြင့်မားလာခဲ့ပါပြီ။ Bluetooth ဆိုတဲ့စနစ်ကို စတင်ခဲ့တာကတော့ ၁၉၉၄ မှာ Ericsson ကနေ စတင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ Nokia ကနေစတင်ပြီး Research ပြုလုပ်ခဲ့ပြီး Bluetooth Standard တွေကို တစ်ဆထက်တစ်ဆ ပိုပြီးအဆင့်မြှင့်တင်နိုင်အောင် ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်။ Bluetooth ဆိုတာကတော့ ၀ါယာလက်နည်းပညာပေါ်မှာ အခြေခံထားပြီး ရေဒီယိုလှိုင်းတိုစနစ်တစ်ခု ထုတ်လွှင့်နိုင်တဲ့ Radio Transmission တစ်ခုလို့ဆိုပါတယ်။
ဒါ့အပြင် သူဟာတိုတောင်းတဲ့ ရေဒီယိုဝါယာလက်နည်းပညာဖြစ်တဲ့အတွက် Personal Area Network လို့ခေါ်တဲ့ ကိုယ်ပိုင် Network ဧရိယာငယ်တစ်ခု ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ Bluetooth တွေဟာ ခုချိန်မှာဆိုရင် Standard တွေအများကြီး ထွက်ရှိခဲ့ပြီးပါပြီ။ Bluetooth Standard တွေကို လေ့လာကြည့်မယ်ဆိုရင်တော့ စတင်ခဲ့တာဟာ Bluetooth 1.0 ကနေစတင်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ 1.0B, 1.1, 1.2, 2.0, 2.1, 3.0, 4.0 ဆိုပြီး အဆင့်ဆင့်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး အဆင့်မြင့်တက်လာခဲ့တဲ့ Standard တွေပေါ်မှာမူတည်ပြီး Bluetooth တွေရဲ့ အသုံးပြုနိုင်မှုစနစ်နဲ့ ပုံစံတွေကလည်း တဖြည်းဖြည်းနဲ့ တိုးတက်ပြောင်းလဲလာခဲ့တာလည်းဖြစ်ပါတယ်။ Bluetooth 1.0 နဲ့ 1.0B စနစ်တွေမှာတော့ ထုတ်လွှင့်မှုနဲ့ ဆက်သွယ်မှုစနစ်ပိုင်း အခြေအနေမှာပဲ ရှိနေခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ Bluetooth 2.0 စနစ်မှာဆိုရင် Bluetooth 2.0+EDR လို့ခေါ်တဲ့ Enhance Data Rate စနစ် စတင်ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂.၁ မှာလည်း EDR ပဲဖြစ်ပြီး ၃.၀ မှာတော့ Bluetooth 3.0+HS ဆိုပြီးဖြစ်လာခဲ့ပါတယ်။ Hight Speed Transfer Rate လို့ခေါ်တဲ့စနစ်ကို အသုံးပြုလာခဲ့ကြပါတယ်။ ကျန်ရှိနေသေးတဲ့ အချက်အလက်တွေကို နောက်အပတ်မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။

ရေးသားသူ -ကိုသက်
Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis