menu

Saturday 21 July 2012

အိုဘားမားကို လုပ်ကြံရန် ကြံစည်သူ ထောင်ဒဏ် ၁၅ နှစ်ကျော် ချမှတ်ခံရ



အမေရိကန်သမ္မတ ဘာရက်အိုဘားမားကို လုပ်ကြံရန် ခြိမ်းခြောက်မှု၊ အကြမ်းဖက်သမားများအတွက် ကုန်ကြမ်းများ ထောက်ပံ့ပေးမှုနှင့် တရားမ၀င် လက်နက်ခဲယမ်းများ လက်ဝယ်ရှိမှုပြစ်မှုများဖြင့် ဥဇဘက် နိုင်ငံသားတစ်ဦးကို အမေရိကန် ဖက်ဒရယ်တရားရုံးက ထောင်ဒဏ် ၁၅ နှစ်နှင့် ရှစ်လချမှတ်ခဲ့ကြောင်း အမေရိကန် အစိုးရရှေ့နေများက ပြောကြားခဲ့သည်။
အသက် ၂၂ အရွယ်ရှိ ဥဇဘက်နိုင်ငံသား Ulugbek Kodirov သည် အမေရိကန်နိုင်ငံသို့ ကျောင်းသား ဗီဇာဖြင့် ၂၀၀၉ ခုနှစ်တွင် ၀င်ရောက်ခဲ့ခြင်းဖြစ်သော်လည်း ကျောင်းဝင်ခွင့် မအောင်ခဲ့သဖြင့် ၂၀၁၀ ပြည့်နှစ်ဧပြီလတွင် ဗီဇာ ရုပ်သိမ်းခံခဲ့ရသည်။ ဗီဇာရုပ်သိမ်းခံရသော်လည်း အမေရိကန်မှ ထွက်ခွာခြင်းမပြုဘဲ တရားမ၀င်နေထိုင်ခဲ့ခြင်းဖြစ်သည်။ ထောင်ဒဏ်ကျခံရမှု ပြီးဆုံးပါက ဥဇဘက်ကစ္စတန်သို့ ပြည်နှင်ခံရမည်ဖြစ်ကြောင်း သိရသည်။

သူလျို့အဖွဲ့တစ်ခုထံမှ ဖောက်ခွဲရေးပစ္စည်းများနှင့် သေနတ်များ ၀ယ်ယူရန်ကြိုးစားခဲ့သည့် Kodirov ကို ၂၀၁၁ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့တွင် အလာဘားမားရှိ မိုတယ်တစ်ခု၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
Islamic Movement of Uz-bekistan အဖွဲ့ဝင်တစ်ဦးဟု သံသယရှိသူတစ်ဦးနှင့် အဆက်အသွယ်ရှိခဲ့သည်ဟု Kodirov က ၀န်ခံခဲ့သည်။ Islamic Movement of Uzbe-kistan ကို ပြည်ပအကြမ်းဖက်အဖွဲ့တစ်ခုအဖြစ် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက စာရင်းသွင်းထားသည်။
Ref:AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis