menu

Saturday 21 July 2012

နိုင်ငံ့ဝန်ထမ်းများအတွက် မီးရထားလက်မှတ်ခ ၇၅ ရာခိုင်နှုန်းသို့ တိုးမြှင့်မည်

နိုင်ငံ့ဝန်ထမ်းများအတွက် ရထားလက်မှတ်ခများအား၅၀ ရာခိုင်နှုန်း ကောက်ခံခဲ့သည့်အ တွက် ၂၀၁၁ နှစ်အတွင်း သိန်း ပေါင်းလေးထောင်ကျော် အရှုံး ပေါ်ခဲ့သောကြောင့် နိုင်ငံ့ဝန်ထမ်း များအတွက် ရထားလက်မှတ်ခ များကို ၂၅ ရာခိုင်နှုန်းတိုးမြှင့်၍ ကောက်ခံတော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ တိုင်းအမှတ် (၇) မှ မန်နေဂျာဦးသိန်းနိုင်က ပြောသည်။
“လက်မှတ်ခတွေ လျှော့ပြီး ကောက်တဲ့အတွက် နှစ်စဉ်ဆုံးရှုံး မှုတွေ ရှိတယ်”ဟု ၎င်းင်းက ဆက် လက်ပြောကြားသည်။
ထိုကြောင့် ဌာနဆိုင်ရာဝန် ထမ်းများကို ယခုနှစ် သြဂုတ် ၁ ရက်မှစကာ ယခင် ၅၀ ရာခိုင်နှုန်း မှ ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့် ပြင်ဆင်သတ်မှတ်လိုက်ခြင်း ဖြစ် သည်။


မြန်မာ့မီးရထားဌာနအနေ ဖြင့် ၀င်ငွေပိုင်းဆိုင်ရာ တိုးတက် မှုရှရိရန်နှင့် ၀န်ဆောင်မှုမြှင့်တင် ရန် ကောက်ခံခြင်းဖြစ်ဟု နိုင်ငံ ပိုင်သတင်းစာများ၏ ဖော်ပြချက် အရ သိရသည်။
“ဌာနအနေနဲ့ ရသင့်ရထိုက် တဲ့ ၀င်ငွေရမှ ၀န်ဆောင်မှုပိုင်း မှာ အဆင့်မြှင့်တင်နိုင်မယ်။ နှစ်စဉ် လက်မှတ်ခလျှော့ကောက်လို့ ဆုံး ရှုံးထားတာတွေ ပြန်ကာမိအောင် အခုလိုင် တိုးကောက်တာပါ” ဟု ဦးသိန်းနိုင်က ပြောသည်။
အထက်ပါ မြန်မာ့မီးရထား လက်မှတ်ခ ၂၅ ရာခိုင်နှုန်းတိုး မြှင့်ကောက်ခံခြင်းနှင့်ပတ်သက်၍ “ရထားပို့ဆောင်ရေးကလည်း သူ့ အကြောင်းနဲ့သူတိုးတာ ဖြစ်မှာပေါ့။ ကျွန်တောတို့ ၀န်ထမ်းတွေ က ကောက်ခံတဲ့အတိုင်း ပေးရမှာပါ” ဟု နေပြည်တော်ဆောက် လုပ်ရေး ၀န်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောသည်။
ဝန်ထမ်းများ ပြောင်းရွှေ့ရာ တွင် မီးရထားကိုသာ အသုံးပြုနေသည့်အတွက် ယခင်အတိုင်း ၅၀ ရာခိုင်နှုန်းသာ ကောက်သင့်ကြောင်း လက်ထောက်ဆရာဝန် တစ်ဦးက ပြောသည်။
နိုင်ငံဝန်ထမ်းများအတွက် ရထားလက်မှတ်ခများအား ၅၀ ရာ ခိုင်နှုန်းသာ ကောက်ခံခဲ့သည့် ၁၉၉၇ ခုနှစ် မေလမှစတင်၍ မြန်မာ့မီးရထားမှ နှစ်စဉ် ကျပ် သိန်းထောင်ချီ၍ အရှုံးပေါ်ခဲ့ ကြောင်း ဦးသိန်းနိုင်က ပြောသည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis