menu

Saturday 28 January 2012

ဥရောပသမဂ္ဂက ကန့်သတ်မှုများ ဆက်လက်၍ ဖြေလျှော့ရုပ်သိမ်းရန် စဉ်းစားနေ


ဥရောပသမဂ္ဂကောင်စီက မြန်မာနိုင်ငံ နှင့်ပတ်သက်၍ ချမှတ်ထားသည့် ကန့်သတ်မှုများအနက်မှ ပြည်ဝင်ခွင့် ပိတ်ပင်မှုကို ဆိုင်းငံ့ ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ဇန်န၀ါရီလ ၂၃ ရက်က ကျင်းပသည့် ဥရောပသမဂ္ဂနိုင်ငံခြားရေးရာကောင်စီ အစည်းအဝေးက ထုတ်ပြန်သည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှ တစ်ဆင့် ပြန်လည်ပေါ်ထွက်လာသော ယခင် တပ်မတော်အစိုးရလက်ထက် ၀န်ကြီးချုပ်ဟောင်း ဦးသိန်းစိန်နှင့် ယခင်အစိုးရအဖွဲ့ဝင်အများစု ဆက် လက် ဦးဆောင်သည့် မြန်မာအစိုးရ အဖွဲ့သစ်သည် ဒီမိုကရေစီစနစ်ကျင့်သုံး သော ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည် ဆောက်ရေးရည်ရွယ်ချက်ကို ပိုမိုမြင်သာ စေသည့် လုပ်ဆောင်ချက်များ ပြုလုပ်လာချိန်တွင် ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဇန်န၀ါရီလ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် အဆိုပါ ကြေညာချက်တွင် မြန်မာနိုင်ငံအစိုးရနှင့် လွှတ်တော်က ဆောင်ရွက်သည့် အံ့ဩလောက်သည့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုအစီအစဉ်ကို ကြိုဆိုကြောင်း ဖော်ပြထားပြီး အစိုးရ အဖွဲ့ သက်တမ်းကာလ ၁၁ လခန့် အတွင်း ဆောင်ရွက်ခဲ့သည့် တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းမှုရရှိရန် ဆောင်ရွက်မှု၊ အလုပ်သမားသမဂ္ဂ ဖွဲ့ စည်းလှုပ် ရှားခွင့် ဥပဒေ ပြဋ္ဌာန်းခြင်း၊ လူအများလွတ်လပ်စွာ စုဝေးခွင့်ပြုခြင်း၊ မီဒီယာထိန်းချုပ်မှု လျှော့ချခြင်း၊ လူ့အခွင့်အရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းခြင်းများကို ကြိုဆိုကြောင်း ဖော်ပြထားသည်။
ဆက်လက်၍ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေး နွေးခြင်း၊ ရွေးကောက်ပွဲဥပဒေကို လွှတ်တော်က ပြင်ဆင်ခြင်းကို ကြိုဆို ကြောင်းနှင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင်ကာ အခြားပါတီများနှင့်အတူ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ် ပြိုင်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)၏ ဆုံးဖြတ် ချက်ကို ကျေနပ်ကြောင်း ဖော်ပြထားသည်။
အားလုံးပါဝင်သည့် နိုင်ငံရေးလုပ်ငန်း စဉ် တစ်ရပ်အားဖြင့် တိုင်းရင်းသား ပဋိပက္ခများကို ကိုင်တွယ်မည့် အစိုးရ၏ စိတ်ပိုင်းဖြတ်မှုကို ကြိုဆိုကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အထောက် အကူပေးရန် အသင့်ရှိကြောင်းလည်း ကြေညာချက်တွင် ဖော်ပြ ထားသည်။
ပြုပြင်ပြောင်းလဲမှုများကို ပြီးမြောက်အောင် ဆက်လက်ဆောင်ရွက်မည့် အစိုးရ၏ သန္နိဋ္ဌာန်နှင့်ပတ်သက်၍ ကျန်ရှိနေသော ယုံကြည်ချက် အကျဉ်းသားများ လအနည်းငယ်အတွင်း ခြွင်းချက် မရှိ လွတ်မြောက်မှုနှင့် ကြားဖြတ် ရွေးကောက်ပွဲ လွတ်လပ် မျှတမှုတို့ကို ဂရုပြုကြည့်ရှုမည်ဖြစ်ကြောင်း ကြေညျာက်တွင် ဖော်ပြထားသည်။
"ကောင်စီသည် ပထမခြေလှမ်း အနေဖြင့် ကန့်သတ်မှုများ (ပြည်ဝင်ခွင့်ပိတ်ပင် မှုများ)ကို ဆိုင်းငံ့သင့်သည်ဟု ဆုံးဖြတ်ကာ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ ကို ယင်းအား အကောင်အထည်ဖော်ရန် ညွှန်ကြားသည်။
"နောက်ထပ် ခြေလှမ်းများဆောင် ရွက်ရေး စဉ်းစားရန်လည်း ဆုံးဖြတ် သည်။ ကန့်သတ်မှုများ ပြုလုပ်ရန် ကောင်စီ၏ ဆုံးဖြတ်ချက် အပေါ် ပြန်လည်သုံးသပ်မှုကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်"ဟု ဖော်ပြ ထားသည်။
ယင်းသို့ ကန့်သတ်မှုဖြေလျှော့ခြင်း သည် ကောင်းမွန်ကြောင်းနှင့် သမ္မတ ကြီး၏ ခရီးစဉ်များ ရှိနိုင်မရှိနိုင်နှင့် ပတ်သက်၍ မသိရှိ ကြောင်း သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ပြောသည်။
"ကောင်းတာပေါ့။ နောက်လည်း ထပ်လျှော့ရင် ကောင်းတာပေါ့။ လာလိမ့် မယ်ထင်တယ်။ ဆရာတို့ဘက်က အများ ကြီး လုပ်ထား တယ်။ သမ္မတကြီး ခရီးစဉ်တွေ ရှိမရှိကတော့ မပြောတတ်ဘူး"ဟု ၎င်းက ပြောသည်။
ဇန်န၀ါရီလက ၀ါရှင်တန်ပို့စ် သတင်း စာ၏ တွေ့ဆုံမေးမြန်းမှုကို နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဖြေကြားရာတွင် မြန်မာ ပြည်သူများသည် နိုင်ငံတွင် အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်ဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည်ကို တွေ့မြင်လိုသည့်အတွက် ယင်းအချက် များ ရရှိရန်မှာ အစိုးရအဖွဲ့၏ ရည်ရွယ်ချက်ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ရရှိစေ မည့် လုပ်ဆောင်မှုများကို ဆက်လက်ပြု လုပ်သွားမည်ဖြစ်ကြောင်း။ ကန့်သတ်မှုများနှင့်ပတ်သက်၍ အနောက်နိုင်ငံများက မိမိတို့ပြုလုပ်သည်ကို မြင်တွေ့လိုသည့် အချက်သုံး ချက်တွင် ယုံကြည်ချက် အကျဉ်းသားများ လွတ်မြောက်ခြင်း၊ ရွေးကောက်ပွဲ ကျင်းပခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး ပါတီများ နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းများမှာ ပြီးစီးပြီး ဖြစ်သည့်အတွက် အနောက်နိုင်ငံများ အနေဖြင့် ၎င်းတို့၏အပိုင်းကို လုပ် ဆောင်ရန်သာ လိုအပ်ကြောင်း။ ကန့်သတ်မှုများသည် နှစ် ၂၀ နီးပါး ရှိနေပြီဖြစ်ပြီး ယင်းတို့ကို ဖြေလျှော့ခြင်းနှင့် အဆုံးတွင် ဖယ်ရှား သည်ကို မိမိ တွေ့မြင်လိုကြောင်း၊ အဆိုပါအချက် သုံးချက်ကို လုပ်ဆောင်ရာတွင် အခြားသူ များက နိုင်ငံအပေါ် ဖိအားပေးနေသဖြင့် လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ နိုင်ငံအတွက် လုပ်ဆောင်ရန် လိုအပ်သည်ဟု မိမိတို့ခံစားရ၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis