menu

Saturday 28 January 2012

တရားမ၀င်သစ်ခိုးထုတ်မှုများ လျော့နည်းစေရေး ညှိနှိုင်းဆောင်ရွက်ပေးပါရန် နိုင်ငံတော် သမ္မတအား မေတ္တာရပ်ခံထား


မြန်မာ့ကျွန်းသစ်များကို တရားမ၀င် ခိုးထုတ်နေမှုများ လျော့ပါးရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ပေးပါရန် သစ်လုပ်ငန်း ရှင်များက နိုင်ငံတော် သမ္မတထံ သို့ မေတ္တာရပ်ခံပြီးနောက် ခိုးထုတ်မှုများ လျော့ကျလာကြောင်း သစ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"တရားမ၀င်သစ်ခိုးထုတ်တာကို တားဆီးနိုင်ဖို့က ဒေသအေးချမ်းဖို့လိုတယ်။ အဲဒါကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ သမ္မတဆီကို မေတ္တာ ရပ်ခံထားတယ်။ အခုလည်း တရုတ်ဘက်ကို တရားမ၀င် ထွက်တာတွေ တော်တော်လေး လျော့ကျလာပါပြီ"ဟု မြန်မာနိုင်ငံသစ် လုပ်ငန်း ရှင်များအသင်းမှ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးဘာဘာချိုက ပြောသည်။

နိုင်ငံတော်က နယ်စပ်မှ တိုင်းရင်းသားများနှင့် ဒေသ အေးချမ်းမှုရှိရန် ဆွေးနွေးမှုအောင်မြင်မှ တရားဥပဒေ စိုးမိုးပြီး ထိန်းချုပ် နိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ မြန်မာ့ သစ်များ ပြင်ပသို့ တရားမ၀င်ထွက်ခြင်းသည် နယ်စပ် ဒေသများတွင် တရားဥပဒေ စိုးမိုးခြင်း မရှိခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။
"တစ်ဖက်ကကြည့်မယ်ဆိုရင် သုံးစွဲသူနိုင်ငံတွေ အနေနဲ့လည်း ဒါတွေကို အလေးထားဖို့ကောင်းပါတယ်။ "အင်ဒိုနီးရှားနဲ့ တရုတ်မှာ လည်း ဒီလိုပြသနာတွေ ဖြစ်ဖူးတယ်။ အင်ဒိုက ကျွန်းတွေက တရားမ၀င်ခိုးထုတ် ခံရတော့ အင်ဒိုက တရုတ်နဲ့ညှိပြီး သူတို့လည်း လက်မခံနဲ့၊ ဒီဘက်ကလည်း ဖမ်းမယ်ဆိုပြီး ဆောင်ရွက်တာ အောင် မြင်ခဲ့တယ်။ "နယ်စပ်အရေးမှာ ပြေလည်သွားပြီးရင် နှစ်နိုင်ငံ ညှိနှိုင်းဖို့ မခဲယဉ်းဘူး"ဟု ဦးဘာဘာချိုက ပြော ကြားသည်။
ကုန်ကြမ်းသစ်ပေါင်းစုံ တရုတ်ပြည် ယူနန်ဘက်သို့ တရားမ၀င်ထွက်ရှိမှုသည် ၂၀၀၀ ပြည့်နှစ်တွင် ကုဗမီတာ ငါးသိန်းကျော်ရှိခဲ့ရာမှ ၂၀၁၀ တွင် သုံးသိန်း ကျော်အထိ ကျဆင်းခဲ့သည်။
သစ်လုပ်ငန်းရှင်များ အသင်းအနေဖြင့်လည်း ပြင်ပမှတရားမ၀င်သစ်များ အသုံးပြုခြင်းကို ရှောင်ကြဉ် ရန်အတွက် ကျင့်ဝတ် ဖောက်ဖျက်မှုများကို သက်ဆိုင်ရာ ဌာနမှ ဥပဒေအရအရေးယူမည့်အပြင် အသင်းမှလည်း အမည်ပျက် စာရင်းကြေညာခြင်းနှင့် အသင်းဝင်အဖြစ်မှ ရပ်စဲသည်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှစ်ပတ်လည် အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis