menu

Saturday 28 January 2012

အန်အယ်ဒီပါတီဝင် ရရှိမှု နှောင့်နှေး

ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ပါတီဝင်လက်ခံသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီဝင်အသစ်များ ရရှိရန် နှောင့်နှေး ကြန့်ကြာ နေကြောင်း ယင်းပါတီ၏ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်တစ်ဦးက ထုတ်ဖော်ပြောကြားသည်။
ပါတီတစ်ခုလျှင် ပါတီဝင် တစ်ထောင်ရှိရမည် ဆိုသည့်အချက်ကို ကျော်လွန်မည်ဖြစ်သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့်စာလျှင်မှု ပါတီဝင်ရရှိမှုမှာ အားနည်းနေကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
“တစ်မြို့နယ်ကို ၂၀၀၀ ထောင်လောက်ရအောင် မနည်းစုနေရတယ်။ ဒါတောင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်နေရာတွေကို ဦးစားပေး ရွေးချယ်နေတာ။ ဒီအတိုင်းဆိုရင်တော့ မလွယ်လှဘူး”ဟု ယင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးက ပြောကြားသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများဆုံးအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၂ ဧပြီတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရရေးအတွက် စိုးရိမ်ကြောင့်ကြမှုများ ရှိနေသည်။
“ပြည်ခိုင်ဖြိုးက လူအား၊ ငွေအား တောင့်တင်းနေတာကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နည်းနည်းပူပန်နေရတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဝင်တစ်ဦး ကပြောကြားသည်။
“မဖြူတို့က အခုထိ အောင်နိုင်ရေးအဖွဲ့အတွက် အခန်းတောင် ဌားဖို့ အဆင်မပြေသေးဘူး။ ကြံ့ခိုင်ရေးက တော်တော်ကို အလုပ်ဖြစ်နေပြီ”ဟု ယင်းက ဆိုသည်။
အန်အယ်ဒီပါတီဝင် လျှောက်လွှာများကို တစ်သန်းရိုက် နှိပ်ထားပြီး ဖြစ်သော်လည်း ယခုအချိန်ထိ  ၃သိန်းကျော်သာ ရောင်းချပြီးသည့် စာရင်းဝင် နေကြောင်း သိရသည်။
“၉၀ ကထက်စာရင် နိုင်ငံရေး စိတ်ဝင်စားသူတွေ၊ ပါတီ နိုင်ငံရေးကို အထောက်အကူပြုလိုသူတွေ တော်တော်နည်းသွားပြီဗျာ”ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။
         KS- yangonchronicle

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis