menu

Saturday 28 January 2012

အမျိုးသားကုန်စည်နှင့် ကားပြပွဲတွင် ကားများကို လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချပေးခဲ့


ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသည့် National Expo & Car Show တွင် ပြသ ထားသည့် မော်တော်ယာဉ်တစ်စီး။ အဆိုပါပြပွဲတွင် မော်တော်
ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများအပါအ၀င် ကုမ္ပဏီ ၉၅ ခုမှ ပြခန်း ၁၄၉ ခန်းဖြင့် ယခုလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိပြသခဲ့သည်။ ဓာတ်ပုံ - ဘူးသီး
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ မင်းဓမ္မလမ်း၊ အမ်စီစီ ခန်းမတွင် ကျင်းပခဲ့သော အမျိုးသား ကုန်စည်ပြပွဲနှင့် ကား ပြပွဲကြီးတွင် ကောင်းစေတမန်၊ ကားအရောင်းနှင့်ဝန်ဆောင်မှုကုမ္ပဏီမှ မော်ဒယ်လ်မြင့် ကားများကို ၀င်ရောက်ပြသခဲ့ပြီး ကားများကို ပြပွဲ၌ပင် ချက်ချင်းဝယ်ယူနိုင်သောစနစ်ဖြင် ရောင်းချပေးခဲ့သည်။

"ဒီပြပွဲမှာ ပြဖြစ်တဲ့ကားတွေကတော့ Surf, Fairlady, Mark II, Hiluxsurm, Caldina, Harrier နဲ့ Soarer အမျိုး အစားကားတွေ ပြသခဲ့ပါတယ်။ အားလုံး ဂျပန်ကားတွေချည်းပါပဲ။ အမျိုးအစား တစ်ခုစီအတွက် သုံးစီးလောက် ပြထားတယ်။ ၀ယ်လိုက်တဲ့ ကား တွေနေရာမှာလည်း အစားထပ်ဖြည့်ပေးသွားပါတယ်" ဟု ကောင်း စေတမန်ကုမ္ပဏီမှ မဖြိုးစန္ဒာ က ပြောသည်။
အဆိုပါပြပွဲတွင် ပြသထားသော ကားများကို ၀ယ်ယူချင်သူများအနေဖြင့် မြန်မာငွေဖြင့်ပင် ချက်ချင်းငွေချေပြီး ချက်ချင်းစီးလို့ရသောစနစ်ဖြင့် ၀ယ်ယူသူများ အဆင်ပြေစေရန် ရောင်းချပေးခဲ့ကြောင်း သိရသည်။
"ကားဟောင်းအပ်နှံထားပြီး ကားသစ်လဲဖို့ စလစ်ရှိပြီးသားသူတွေရော၊ ဒီတိုင်း လာကြည့်ပြီး ကြိုက်လို့ဝယ်မယ့်သူတွေအတွက်ပါ အားလုံးအဆင်ပြေအောင် လုပ်ထားပေးပါတယ်။ အခွန်လည်း ထပ်ဆောင် စရာမလိုပါဘူး။ ကားမှာ ကပ်ထားတဲ့ဈေးအတိုင်း ရောင်းပေးတာ ပါ။ စလစ်ရှိပြီးသားသူကို စလစ်ဖိုး ပြန်နုတ်ပြီး ရောင်းပေးပါတယ်။ အုံနာဘုတ် ကျပြီးသားကားဆိုရင်တော့ ဒီတိုင်းစီး သွားရုံပဲ။ အုံနာဘုတ်မကျသေးတဲ့ကားဆိုရင် ၀ယ်တဲ့သူဘက်ကို သတ်မှတ်ထားတဲ့ ဈေးထဲကနေ သိန်း ၃၀ ချန်ပြီး ပေးခိုင်း ပါတယ်။ ကျွန်တော်တို့ဘက်က အုံနာဘုတ်အတွက် ဆောင်ရွက်ပေးပြီးရပြီဆိုမှ ၀ယ်သူက သိန်း ၃၀ ကိုပေးရမှာ ဖြစ်ပါ တယ်"ဟု ကောင်းစေတမန်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြပွဲရက်များအတွင်း မတ်တူးရွှေငါးမှာ အရောင်းရဆုံးဖြစ်ခဲ့ပြီး Caldina နှင့် Surf အမျိုးအစားများမှာ ဒုတိယ လူကြိုက်အများဆုံး ဖြစ်ခဲ့သည်။
ထို့ပြင် သဘောင်္သားပါမစ်ဖြင့် ၀ယ်ရသော ၁,၃၀၀ စီစီအောက် ကားများကိုလည်း လေလံစနစ်ဖြင့် ရောင်းချပေးခဲ့သည်။ ပြပွဲတွင် ၂၀၀၂ မတ်တူးရွှေငါး တစ်စီး ကို ကျပ်သိန်း ၃၀၀ ၀န်းကျင်နှင့် Surf ၉၇-၉၉ ကို သိန်း ၄၀၀ ၀န်းကျင်ဖြင့် ရောင်းချခဲ့သည်။ "ဒီပြပွဲက ထင်ထားတာထက် အားရဖို့ ကောင်းပါတယ်။ အမြင်နဲ့တင်ကြိုက်ပြီး အလွတ်ဝယ်သွားကြတာ များတယ်။ လေလံကကျတော့ ပါမစ်နဲ့ ၀ယ်ကြတယ်။ ပြပွဲမှာ စုစုပေါင်းကား ၁၄ စီး လောက် ရောင်းရပါတယ်။ ပြီးတော့ ပြပွဲ အတွင်းမှာ ၀ယ်တဲ့သူတွေအတွက် မတ်တူး ရွှေငါး ၉၉ မော်ဒယ်လ် တစ်စီး မဲဖောက်ပေးမှာပါ။ ဒါပေမယ့် ဇန်န၀ါရီ လ ၂၇ ရက်နေ့မှာ တပ်မတော်ခန်းမမှာ လုပ်မယ့် ပြပွဲနဲ့ နှစ်ပွဲပေါင်းပြီးမှ ကံစမ်းမဲ ဖောက်မှာပါ"ဟု ကောင်းစေတမန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကောင်းစေတမန်ကုမ္ပဏီမှ ကားပါမစ် လျှောက်ထားပေးခြင်း၊ ကုမ္ပဏီမှ တင်သွင်းထားသော ကားများကို ကက်တလောက်မှ စိတ်တိုင်းကျ လက်တင်ရွေး ချယ်ဝယ်ယူနိုင်ခြင်း၊ ဂျပန်နိုင်ငံမှ လေလံကားများကို မိမိတို့ကြိုက်နှစ်သက် ရာ အရောင်၊ အရည်အသွေး ပြည့်မီစွာ ဖြင့် ၀ယ်ယူနိုင်ရန် ၀န်ဆောင်မှုပေးခြင်း တို့အပြင် ၉၆ မော်ဒယ်လ်မှ နောက်ဆုံး ပေါ်မော်ဒယ်လ်များအထိ ကားသစ်များ ကို ပြခန်းဖွင့် ရောင်းချနေသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis