menu

Saturday 28 January 2012

ရန်ကုန်မြို့ အနီးဝန်းကျင်ရှိ အထင်ကရဘုရားပွဲတစ်ခုဖြစ်သည့် သန်လျင်(ကျိုက်ခေါက်)ဘုရားပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဇာတ်အဖွဲ့ကြီးလေးဖွဲ့ အပြိုင်ကပြမည်





ဆူးလေစေတီတော် နှစ်တစ်ရာပြည့်ပ ဗုဒ္ဓပူဇနိယပွဲတော်၌ ကပြခဲ့သည့် မိုးမင်းဇာတ်အဖွဲ့
ရန်ကုန်မြို့အနီးဝန်းကျင်ရှိ အထင်ကရ ဘုရားပွဲများအနက် တစ်ခုအပါအ၀င်ဖြစ်သည့် သန်လျင် (ကျိုက်ခေါက်)ဘုရားပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဇာတ်အဖွဲ့ကြီးလေးဖွဲ့ အပြိုင် ကပြကြမည်ဖြစ်ကြောင်း သိရသည်။သန်လျင်ကျိုက်ခေါက်ဘုရားပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ၈ ရက်တိုင်တိုင် ကျင်းပသွားမည်ဟု သိရသည်။
 ဘုရားပွဲတွင် ဟန်ဇာမိုးဝင်းဇာတ်အဖွဲ့၊ မိုးမင်းဇာတ်အဖွဲ့၊ ဖိုးချစ်ဇာတ်အဖွဲ့နှင့် စွမ်းဇာနည်ဇာတ်အဖွဲ့တို့ ပါဝင်ကပြကြမည်ဖြစ်ကြောင်း သိရသည်။ သို့သော် ဇာတ်အဖွဲ့များသည် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ ၆ ညသာ ကပြကြမည် ဖြစ်သည်။ အဆိုပါဇာတ်အဖွဲ့များသည် ဘုရားပွဲတွင် အပြိုင်တင် ဆက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


''သန်လျင်ကျိုက်ခေါက်ပွဲက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်နေတဲ့ ဇာတ်အဖွဲ့ကြီးတွေအပြိုင် ကပြတဲ့ပွဲဆိုတော့ ဇာတ်ရုံအပြင် အဆင်တွေကအစ ခမ်းနားမှုဖြစ်အောင် ကြိုးစားပြင်ဆင်ကြတယ်။ နောက်ပြီး ရန်ကုန်မြို့ပေါ်မှာကျင်းပခဲ့တဲ့ ဘု ရားပွဲတွေတုန်းက ပါဝင်ခဲ့တဲ့ဇာတ်အဖွဲ့တွေက ပရိသတ်အားပေးမှုကောင်းခဲ့တော့ ဒီပွဲမှာဇာတ်အဖွဲ့ကြီးတွေ အနေနဲ့ ပိုပြီးအောင်မြင်နိုင်ဖို့ ကြိုးစားနေကြတယ်''ဟု ဇာတ်မန်နေဂျာ ကိုဇေယျာက ဆိုပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis