menu

Saturday 28 January 2012

နယ်ကိုယ်စားလှယ်များမှ ဗီဒီယိုဇာတ်ကားများ ၀ယ်ယူမှုနှုန်း ထက်ဝက်ခန့် ကျဆင်းသွား




ဗီဒီယိုဇာတ်ကားများအား နယ်ကိုယ်စားလှယ်များထံမှ ၀ယ်ယူမှုနှုန်းမှာ ထက်ဝက်ခန့် ကျဆင်းသွားပြီး အချို့သောနယ်များတွင် အ၀ယ်လုံးဝ ရပ်ဆိုင်းသွားသည်အထိ ကြုံတွေ့ရပြီးနောက် ယခုအခါထုတ်လုပ်ရေးများမှ သတ်မှတ်ရောင်းချသည့် ဈေးနှုန်း မဟုတ်ဘဲ နယ်ကိုယ်စားလှယ်များမှ သတ်မှတ်ဝယ်ယူလိုသည့် ဈေးနှုန်းဖြင့်သာ ရောင်းချရခြင်းများပါရှိလာသည်ဟု သတင်းရရှိသည်။


ယင်းသို့ ဗီဒီယိုဇာတ်ကားများ၏ နယ်ဖြန့်ချိရမှုအနေအထား အခက်အခဲများနှင့် ရင်ဆိုင်ရခြင်းမှာ ၂၀၁၁ ခုနှစ်ခန့်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး နှစ်ကုန်ပိုင်းကာလတွင် ယင်းကဲ့သို့ ထက်ဝက်ခန့် ကျဆင်းသွားခြင်းဖြစ် သည်ဟု သိရသည်။ ဧရာ ၀တီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်စသည့်ဒေသများတွင် ပိုမိုသိသာစွာ ကျဆင်းခဲ့ခြင်းဖြစ်သည်။

''နယ်ဈေးကွက်က အသိသာဆုံးပဲ။ အရင်ယူနေကျထက် ထက်ဝက်လောက်ကို လျော့ချပြီးယူတယ်။ မင်းသားဆိုလည်း ထိပ်တန်းငါးယောက်လောက်ကို အရင်က မညည်းမညူဝယ်ပေမယ့် အခုတော့ အဲဒီမင်းသား ငါးယောက်လောက်ကိုတောင် အရင် ဈေးထက် ထက်ဝက်လျော့ပြီးဝယ်မယ်။ ရောင်းရင်ရောင်း၊ မရောင်းရင် မ၀ယ်တော့ဘူးဆိုတာ တွေကြုံရပါတယ်။ အဓိကပြဿနာက နယ်တွေမှာ sky net တို့ 5 movie တို့မှာ ပြသမျှ ဗီဒီယိုဇာတ်ကားတွေပဲ ကြည့်ကြတယ်။ အခွေငှားကြည့်ကြတာ အရမ်းကိုနည်းသွားပြီး ခိုးကူးတွေကလည်း နယ်မှာကျယ်ကျယ်ပြန့်ပြန့်ကို လုပ်နေကြတယ်'' ဟု ထုတ်လုပ်သူတစ်ဦးက ရှင်းပြခဲ့ပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis