menu

Saturday 28 January 2012

ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးအချို့ ဇာတ်ကားသစ် ထပ်မံရိုက်ကူးမှု ရပ်နားထား




၃၅ လမ်းတစ်နေရာအား တွေ့ရစဉ်
ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးအချို့ ဇာတ်ကားသစ်ထပ်မံရိုက်ကူးမှု ရပ်နားထားပြီး ရိုက်ကူးပြီးဇာတ်ကားများကိုသာ ဆက်လက်ဖြန့်ချိသွားရန် စီစဉ်မှုများရှိလာသည်ဟု ရုပ်ရှင်နှင့် ဗီဒီယိုအသိုင်းအ၀ိုင်းအတွင်းမှ စုံစမ်းသိရှိ ရသည်။ ယင်းကဲ့သို့ ဇာတ်ကား သစ်ထပ်မံရိုက်ကူးရန် ရပ်နားမှုများဖြစ်ပေါ်လာခြင်းမှာ ရုပ်ရှင်နှင့် ဗီဒီယိုဈေးကွက်အတွင်း သိသာစွာကျဆင်းလာခြင်း၊ ရုပ်ရှင်ရုံများ၏ ၀င်ငွေအနေအထားနှင့် ရုံတင်ပြသရန် စောင့်ဆိုင်းရသည့် အချိန်ကာလကြာမြင့်ခြင်းတို့ကြောင့် ဈေးကွက်အခြေ အနေကို စောင့်ကြည့်နေရခြင်း၊ ဗီဒီယိုဈေးကွက်အတွင်းတွင်လည်း နယ်ဈေးကွက်မှာ သိသာစွာ ယိမ်းယိုင်နေခြင်းကြောင့်ဟု သိရှိရသည်။
''ဒီနှစ်ဆန်းပိုင်းမှာ ရုပ်ရှင်ထုတ်လုပ်ရေးအချို့ ဇာတ်ကားသစ်ရိုက်ကူးမှု ရပ်နားဖို့ ပြင်ဆင်နေကြပါတယ်။
လက်ထဲမှာရှိတဲ့ ရိုက်ပြီးသားဇာတ်ကားတွေကိုပဲ အရင်းပေါ်အောင် ဖြန့်သွားမယ်။ ကျန်တာကတော့ ထပ်မရိုက်တော့ဘဲ တခြားစီးပွားရေး လုပ်ငန်းတစ်ခုပြောင်းလုပ်ဖို့ ပြင်ဆင်နေကြသူတွေလည်း ရှိပါတယ်။ အဓိကတော့ ဈေးကွက်အခြေအနေကြောင့်ပါပဲ။ ဈေးကွက်အခြေအနေ အရမ်းယိမ်းယိုင်နေတဲ့အခါကျတော့ အသစ်ထပ်ပြီးမြှုပ်နှံဖို့ကို စဉ်းစားတဲ့သဘောမျိုးပါ''ဟု လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ကိုအုန်းဝင်းက ရှင်းပြခဲ့သည်။

ထို့အပြင် ရှူတင်မန်နေဂျာတစ်ဦးကလည်း ''ဒီနှစ်ဆန်းပိုင်းမှာတော့ ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးအချို့က ဇာတ်ကားရိုက်ကူးမှုတွေ လတ်တလောရပ်နားထားဖို့ ပြင်ဆင်နေကြပါပြီ။ အဲဒီလိုရပ်နားဖို့ ပြင်ဆင်နေကြသူတွေ ထဲမှာ ကားအများဆုံးရိုက်ခဲ့တယ်လို့ဆိုရမယ့် ထုတ်လုပ်ရေးတွေပါဝင်သလို တစ်နှစ်ကိုရုပ်ရှင်သုံးလေးကား မဖြစ်မနေရိုက်ကူးတဲ့ ထုတ်လုပ်ရေးမျိုးတွေလည်း ပါဝင်ပါတယ်''ဟု သူ၏ အတွေ့အကြုံအား ရှင်းပြခဲ့သည်။ ယခုနှစ်ဆန်းပိုင်း အတွင်း ဇာတ်ကားသစ်ရိုက်ကူးမှုရပ်နားခဲ့သည့် ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေးများတွင် ရိုက်ကူးပြီး ရုံတင်မပြရသေးသည့် ရုပ်ရှင်ဇာတ်ကားလေးငါး ကား၊ ဗီဒီယို ဆယ်ဂဏန်းဝန်းကျင်စီခန့် ရိုက်ကူးထားပြီးဖြစ်ပြီး ယင်း ဇာတ်ကားများကို ဦးစားပေးပြသဖြန့်ချိနိုင်ရန်သာ စီစဉ်ထားသည်ဟု သိရှိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis