menu

Saturday 31 December 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရန်ပုံငွေ ဂီတပွဲတော် အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နှစ်ပေါင်း ၂ဝ ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့သော ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ပညာရေးရန်ပုံငွေ တေး ဂီတဖျော်ဖြေပွဲသည် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီ ဖြစ်ကြောင်း ယင်းတေးဂီတ ဖျော်ဖြေပွဲစီစဉ်သူများက ဆိုကြ သည်။

ဒီဇင်ဘာလ ၃ဝ ရက်နေ့က ဈေးရောင်းပွဲတော်နှင့်အတူ တေးဂီတဖျော်ဖြေပွဲကို ယင်းဓမ္မလမ်းရှိ မြန်မာ့ကွန်ဗေးရှင်းစင်တာ (MCC)တွင် ကျင်းပနိုင်ခဲ့ရာ လူဦးရေ ထောင်နှင့်ချီသော ပရိသတ်များ လာရောက်အားပေးခဲ့ကြကြောင်း ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် အဆိုတော် ဆောင်းဦးလှိုင်က ဆိုသည်။ တေးဂီတဖျော်ဖြေပွဲတွင် ကျပ်သုံးသောင်းခုနစ်ထောင်၊ တစ်သောင်းတန် လက်မှတ်များကို အများဆုံး ဝယ်ယူအားပေးခဲ့ကြပြီး လာရောက်ကြည့်ရှုခဲ့သော နိုင်ငံကျော်စီးပွားရေး လုပ်ငန်းများ၊ လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူများနှင့် ဝင်ရောက်ဖျော်ဖြေကြသည့် အဆိုတော်များ၊ ပရိသတ်များက အလှူငွေမှ အများဆုံး သိန်း ၃ဝ မှ ငွေကျပ်သောင်းဂဏန်းအထိ အလှူငွေ ထည့်ဝင်ခဲ့ကြကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုတေးဂီတဖျော်ဖြေပွဲနှင့်အတူ ဆိုင်ခန်းပေါင်း ၅ဝ ဝန်းကျင် ပါဝင်သည့် ဈေးရောင်းပွဲတော်တစ်ခုလည်း ကျင်းပခဲ့ရာ အဆိုပါဈေးရောင်းပွဲတော်တွင် ဗိုလ်ချုပ်အောင် ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ ပါဝင်သည့်အင်္ကျီများ၊ ပြက္ခဒိန်များ၊ ဓာတ်ပုံအယ်လ်ဘမ်များ၊ ရင်ဖုံး၊ ဆွဲကြိုးစသည့် ပစ္စည်းများ အထူးအရောင်းသွက်ခဲ့ကြောင်း လာရောက် ရောင်းချသူများထံမှ သိရ သည်။
အစားသောက်နှင့် အမှတ်တရပစ္စည်းများ မျိုးစုံပါဝင်သည့် ယင်းအရောင်းဆိုင်များမှ ရောင်းရသည့် စာရင်းနှင့်အမြတ်ငွေများကိုပါ ရန်ပုံငွေအတွက် ထည့်ဝင်လှူဒါန်း ခဲ့ကြကြောင်း ၄င်းတို့က ထပ်လောင်းပြောကြားကြသည်။
ယင်းတေးဂီတဖျော်ဖြေပွဲသို့ မြန်မာ့ဒီမိုကရက်တစ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD မှ ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး လတ်တလောပရိ သတ်ရရှိမှု အားကောင်းနေဆဲ ဖြစ်သည့် လူငယ်တေးသံရှင်များ၊ နာမည်ကြီးအဆိုတော်ကြီးများ ပါဝင်ခဲ့ကြပြီး တီးဝိုင်းအဖွဲ့ခုနစ်ဖွဲ့ဖြင့် တီးခတ်ဖျော်ဖြေခဲ့ကြသည်။ အဆို ပါ ဖျော်ဖြေပွဲတွင် ပါဝင်သီဆို ခဲ့ကြသည့် တေးသံရှင်များ လက်မှတ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်စုပေါင်း ပါဝင်သော အမှတ်တရ အင်္ကျီများကို လေလံတင်ခဲ့ရာ ကျပ် သိန်း ၁ဝဝ ကျော် ရရှိခဲ့ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
By Popular news

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis