menu

Saturday 31 December 2011

Wimax အင်တာနက် လိုင်းကနဦးတပ်ဆင်ခ နှစ်သိန်းလျော့ချမည်

ပုံမှန်ဈေးနှုန်း ၈ သိန်း ၁ သောင်းဖြင့် ရောင်းချလျက်ရှိသည့် Wimax အင်တာနက်လိုင်းများကို ၆ သိန်း ၁ သောင်းကျပ်ဖြင့်သာ ရောင်းချသွားတော့မည်ဖြစ်ကြောင်း Red Link ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Wimax အင်တာနက်လိုင်း၏ ကနဦးတပ်ဆင်ခကို ကျပ်နှစ်သိန်းလျှော့ချပေးသည့်အပြင်
ယခင်က အသုံးပြုလိုသူများ ပေးဆောင်ရသည့် တပ်ဆင်ခများကိုလည်း ပေးဆောင်ရန်မလိုတော့ကြောင်း သိရသည်။ နယ်မြေဒေသအပေါ်မှုတည်၍ တပ်ဆင်ခများသည် ၂ သိန်းမှ ၃ သိန်း အထိ ယခင်ကကုန်ကျခဲ့ကြောင်း ယခုအခါ၌ အဆိုပါကုန်ကျစရိတ်များကိုလည်း အသုံးပြုသူအနေဖြင့် ပေးဆောင်ရန်မလိုအပ်တော့ကြောင်း သိရသည်။ ထိုအပြင် ၁၉ ရက်နေ့မှ ၂၅ နေ့အတွင်း ၀ယ်ယူသူများကို နှစ်ကုန်ပရိုမိုးရှင်းအဖြစ် လစဉ်ကြေးတစ်လစာ ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ စက်တင်ဘာလအတွင်း၌ အက်စ်အီးစီ ၁၅၀၀ နှင့်ရောင်းချလျက်ရှိသည့် Wimax အင်တာနက်လိုင်းများကို ကျပ်ငွေ ၈သိန်း ၁ သောင်းအဖြစ်သို့ပြောင်းလဲရောင်းချခဲ့ပြီး ယခု ဒီဇင်ဘာလ အတွင်း၌ ၆ သိန်း ၁ သောင်းကျပ်နှင့် ပြန်လည်ပြင်ဆင်ရောင်းချခဲ့ခြင်းဖြစ်သည်။ အလားတူပင် တရားဝင်ပေါက်ဈေး ၁၅ သိန်းဖြင့်ရောင်းချလျက်ရှိသည့် ADSL အင်တာနက်လိုင်းများကို သြဂုတ်လအတွင်း၌ ငွေကျပ် ၅ သိန်းအဖြစ်သို့ ရတနာပုံတယ်လီပို့ကုမ္ပဏီမှ ဈေးနှုန်းပြောင်းလဲလျှော့ချပေးခဲ့သည်။ ကနဦးတပ်ဆင်က ၆ သိန်း ၁ သောင်းကျပ်ဖြင့် ဈေးနှုန်းနိမ့် အင်တာနက်လိုင်းတစ်ခုဖြစ်လာခဲ့သည့် Wimax အင်တာနက်လိုင်းကို အရစ်ကျစနစ်ဖြင့်လည်း ရန်ကုန်မြို့၌ ၀ယ်ယူအသုံးပြုနိုင်ကြောင်း မန္တလေးမြို့အတွက် Wimax အင်တာနက်လိုင်းရောင်းချခြင်းကိုမူ ခဏတာရပ်ဆိုင်းထားကြောင်း သိရသည်။
 By Internet journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis