menu

Wednesday 19 February 2014

Justin Bieber တစ်ယောက် Atlanda မြို့ကိုပြောင်းပြီး Hip-Hop လိုင်းဘက်ပြောင်းဖို့စီစဉ်


Justin Bieber တစ်ယောက် Atlanda မြို့ကိုပြောင်းဖို့အတွက်စီစဉ်နေတာဖြစ်ပြီး သူ့ဘော်ဒါတစ်ယောက်ဖြစ်တဲ့ Usher ရဲ့အိမ်အနီးအနားဝန်းကျင်မှာ အိမ်ဝယ်ဖို့လိုက်ရှာနေတယ်လို့ဆိုပါတယ်။
TMZ.com ရဲ့အဆိုအရ Bieber ဟာအဆိုပါမြို့ရဲ့ Buckhead အရပ်မှာ အိပ်ခန်း ၇ ခန်းပါအိမ်တစ်လုံးကိုတွေ့ထားတာဖြစ်ပြီး အဲဒီ့အိမ်ကိုဒေါ်လာ ၁၁ သန်းနဲ့ဝယ်ယူဖို့ နီးစပ်နေတယ်လို့ဆိုပါတယ်။
၁၉ နှစ်သားအဆိုတော်ဟာ အိမ်နီးချင်းတွေနဲ့ပြသနာအမျိုးမျိုးဖြစ်ခဲ့ပြီးတဲ့နောက်မှာ California ပြည်နယ်၊ Calabasas ကသူ့ရဲ့အိမ်ကိုပြန်ရောင်းမှာဖြစ်ပါတယ်။
Bieber ဟာ California မှာအခြားအိမ်တစ်အိမ်ကိုလည်းဝယ်ယူမှာဖြစ်ပြီး လက်ရှိအိမ်နဲ့မိုင် ၂၀ခန့်အကွာမှာရှိတဲ့ အိမ်တွေကိုလိုက်လံကြည့်ရှုနေတယ်လို့ဆိုပါတယ်။
Bieber ဟာသူ့ကိုယ်သူ Bizzle လို့အမည်တပ်ပြီး pop ဂီတကနေ hip-hop ဂီတလိုင်းဘက်ပြောင်းဖို့စီစဉ်နေဖွယ်ရှိပါတယ်။
Ref:starpulse.com

Trend Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis