menu

Wednesday 19 February 2014

ယာဉ်ပေါ်ပါထင်းများ ပြုတ်ကျ၍ ၂ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ

Photo: ယာဉ်ပေါ်ပါထင်းများ ပြုတ်ကျ၍ ၂ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
 ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်းသတင်းအရ မြို့ချောင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ  ဆီဆုံကုန်း ကျေးရွာနေ ကွယ်ကပေါ်(၃၂)နှစ်မောင်းနှင်သော ၉ဌ/xxxxx ဖောယာဉ်သည် ကျား ၁၂ ဦး၊ မ ၁ ဦး၊ စုစုပေါင်း(၁၃)ဦးနှင့်အတူ တောင်ပေါ်မှထင်းများခုတ်ယူပြီးအပြန် မိုင်တိုင်အမှတ်(၇၉/၂-၃)ကြားသို့ အရောက်တွင် ယာဉ်ပေါ်ရှိထင်းများချည်နှောင်ထားသောကြိုးများပြတ်ကာ ထင်းများအောက်သို့ပြုတ်ကျ၍ ယာဉ်ပေါ်ပါသူများအနက်  ကျောက်တံခါးမြို့နယ်၊ ဆီဆုံကုန်းရွာနေ မောင်ဝေကူစော (၂၆)နှစ်ပါ(၂)ဦးမှာ  နဖူးမှဦးခေါင်းထိပ်ထိကွဲအက် သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး တစ်ရွာတည်းနေ ဦးဝင်းဗိုလ်(၄၆)နှစ်ပါ ကျား ၇ ဦးနှင့် မနားကဖော(၂၈)နှစ် တို့မှာ ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ကွယ်ကပေါ်အား မြို့ချောင်း အမြန်လမ်းရဲစခန်း ယာဉ်(ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis