menu

Wednesday 19 February 2014

စစ်ကိုင်းတိုင်းအတွင်း ကြိုးဆွဲချ၍ အဆုံးစီရင်မှု တစ်လအတွင်း လေးခုထိဖြစ်ပွား


ကိုတိုးကြီး| ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

မုံရွာ၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်းတွင် ဖေဖော်ဝါရီအတွင်း မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီးရင်သည့် သေမှုသေခင်း လေးခုရှိသည်ဟု တိုင်းဒေသကြီး မှုခင်းဆေးပညာရှင် ဆရာဝန်တစ်ဦးက
ဖေဖော်ဝါရီ ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီ ၁၈ တစ်ရက်တည်း၌ပင် မိမိကိုယ်ကိုကြိုးဆွဲချ၍ အဆုံးစီးရင်သူ လူနှစ်ဦးရှိနေသည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းအတွင်း ထူးခြားဖြစ်စဉ် နေ့စဉ်မှတ်တမ်းများတွင် ဖော်ပြထားသည်။

ဖြစ်စဉ်များမှာ ဖေဖော်ဝါရီ ၁၈ ရက်က တမူးမြို့၊ မြို့ မ(၁၂/ခ)ရပ်ကွက်၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာ လူမနေသည့် တောတွင်း ကောက်ရိုးစင်တွင် ၄၅ နှစ်အရွယ်ရှိ ကိုဂျဲနာရမ်း ဆိုသူသည် ဝါယာကြိုးဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင်ခဲ့သည်။ ထို့ကြောင့် တမူးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၄/ ၂၀၁၄ အရ အမှုရေးဖွင့်ခဲ့သည်။


ထို့နောက် ထီးချိုင့်မြို့နယ်၊ ချိတ်သင်းကျေးရွာအုပ်စု၊ င်္ဟသာကျေးရွာနေ ၄၆ နှစ်ရွယ်ရှိ ကိုဝင်းထွန်း ဆိုသူမှာ ၎င်း၏ အိပ်ခန်းအတွင်း ကိုရီယား ပလာတူးကြိုးအဖြူရောင်ဖြင့် ဖေဖော်ဝါရီ ၁၈ ရက်တွင်
ကြိုးဆွဲချ အဆုံးစီရင်ခဲ့သည်။

ထို့ပြင် အရာတော်မြို့နယ်၊ ဝါးတောမကျေးရွာနေ ၃၀ နှစ်ရွယ် ကိုစန်းထိုက် ဆိုသူသည် ၎င်း၏ အဆောင်အတွင် ဖေဖော်ဝါရီ ၁၆ ရက် မနက် ၈ နာရီအချိန်က မိမိကိုယ်ကို ကြိုဆွဲချ အဆုံးစီရင်ခဲ့သည်။

ခင်ဦးမြို့နယ်၊ ဝါးရုံကုန်းကျေးရွာတွင်လည်း အသက် ၃၆ နှစ်အရွယ် ကိုအောင်ဌေးဝင်း ဆိုသူသည် ၎င်း၏ နေအိမ်အတွင် ယခုလ ၁၆ ရက်နေ့ မွန်းလွှဲ ၁ နာရီအချိန်က မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်
ခဲ့သည်။

ထို့ကြောင့် ခင်ဦးမြို့ မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂ / ၂၀၁၄ အရ အမှုရေးဖွင့်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

Mizzima

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis