menu

Friday 18 October 2013

ပိုက်ဆံအတုနှင့် ရွှေငါးသိန်းကျော်ဖိုးဝယ်သွားသူ ဖော်ထုတ်နိုင်ပြီဟုဆို


ဇော်ဇော်ထွေး | သောကြာနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၃၅ မိနစ်

လှိုင်သာယာ မီးခွက်ဈေးရှိ ရွှေဆိုင်တစ်ခုမှ လက်ဝတ်ရတနာပစ္စည်း ငါးသိန်းကျော်ဖိုးအား တစ်ထောင်တန် ငွေစက္ကူအတုများဖြင့် ၀ယ်ယူသွားသူမှာ မည်သူဖြစ်သည်ကို ရဲတပ်ဖွဲ့က အတည်ပြုသိရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှူးရုံးကဆိုသည်။

ငွေစက္ကူအတုဖြင့် ရွှေဝယ်ယူခဲ့သူမှာ ဒဂုံဆိပ်ကမ်းမြို့နယ် (၉၄)ရပ်ကွက်၊ စီ (၁၀)လမ်း၊ တိုက်(၃၃)၊ အခန်း (၂၀၄) နေ ဒေါ်ခင်မာကြူနှင့် အပေါင်းအပါများဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ ၎င်းတို့သည် လှိုင်သာယာ အမှတ်(၇) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ မီးခွက်ဈေးရှိ နန်းထိုက်အောင် ရတနာရွှေဆိုင်မှာ လက်ဝတ် ရတနာ အချို့ကို စက်တင်ဘာ ၁၀ ရက်က ၀ယ်ယူသွားခဲ့ခြင်းဖြစ်သည်။


ထိုအချိန်က ရွှေဝယ်ယူသူက ဒေါ်ချိုချိုမြင့်၊ ၀ါးခယ်မမြို့နယ်နေသည်ဟု လိပ်စာပေးပြီး မိုးယုစံ အက်စ်လိမ် လက်ကောက်နှစ်ကွင်း၊ ဘတ်စ်လိမ် ခြင်းလုံးဆွဲကြိုးတစ်ကုံး၊ စုစုပေါင်း ရွှေအလေးချိန် ၁၃ ပဲ ခုနစ်ရွေး တန်ဘိုး
ငွေကျပ် ငါးသိန်းရှစ်သောင်းဖိုးကို ၀ယ်ယူသွားခဲ့ခြင်းဖြစ်သည်။

ဆိုင်ရှင်က ငွေစက္ကုများအား စစ်ဆေးကြည့်ရာတွင် တစ်ထောင်တန် ငွေစက္ကူအသေး ၅၈၀ အနက် ၂၃၃ ရွက်မှာ အတုဟု မသင်္ကာ၍ ရဲစခန်းသို့ ပို့အပ်စစ်ဆေးခဲ့ခြင်းလည်းဖြစ်သည်။

ယင်းကိစ္စနှင့် ပါက်သက်ပြီး ငွေစက၍အတု အသုံးပြုသွားသူ ဒေါ်ခင်မာကြူနှင့် အဖွဲ့အား အရေးယူပေးရန် အမှတ် (၇) မှု ခင်းတပ်ဖွဲ့စု (ရန်ကုန်)မှ ရဲအုပ် မြင့်လွင်ဦးက အမှုဖွင့်တိုင်တန်းထားသည်ဟုလည်း တိုင်းရဲ တပ်ဖွဲ့မှူးရုံးက ဆိုထားသည်။

ယင်းတိုင်တန်းမှုကို လှိုင်သာယာရဲ စခန်းက (ပ)၁၁၉၄/၂၀၁၃ဖြင့် အမှုဖွင့်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ တို့ဖြင့် အရေးယူရန် ရဲအုပ်စိန်လွင်က လက်ခံဆောင်ရွက်လျက်ရှိသည်ဟု တိုင်းရဲတပ်ဖွဲ့မှ သိရ သည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis