menu

Friday 18 October 2013

ရဲဘက်ပြေးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံး


ဇော်ဇော်ထွေး | သောကြာနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၄၁ မိနစ်

တွံတေးမြို့နယ်တွင် ရဲဘက်ပြေးတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေမှုကို မြို့နယ်ရဲစခန်းက အောက်တိုဘာ ၁၆ ရက် တွင် ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှူးရုံးကဆိုသည်။

အမှုမှာ တွံတေး-ဒလ ကားလမ်း၊ ကဘင်းကျေးရွာထိပ်၊ ကားလမ်ဘေးတွင် သေဆုံးနေသော လူတစ်ဦးကို အောက်တိုဘာ ၁၆ ရက် နံနက် ၆ နာရီခွဲ အချိန်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မြို့နယ်ရဲတပ်ဖွဲ့၏ သွားရောက်စစ် ဆေးချက်အရ သေဆုံးသူမှာ အသက် (၃၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ဖြစ်သည် ကို တွေ့ရှိခဲ့သည်။ ၄င်းသည် ၀ဲပါးရိုးဖူး ရောင်၊ ၀ဲပုခုံးပွန်းခြစ်ဒဏ်ရာတို့ဖြင့် သေဆုံးနေ သည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။


စုံစမ်းရာတွင်လည်း သေဆုံးသူသည် လွန်ခဲ့သော သုံးရက်ခန့်က ကဘင်ကျေးရွာသို့ ရောက်ရှိ တောင်းရမ်း စားသောက်ကာ အရက်အလွန်အကျွံ သောက်ပြီး စိတ်ပုံမှန် မဟုတ်သူဖြစ်ကြောင်း ကနဦးအနေဖြင့် သိရှိထားရသည် ဟုလည်း ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် အလောင်းအား တွံတေးဆေးရုံသို့ ပို့အပ်ပြီး ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်ကို ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၆/၂၀၁၃ဖြင့် အမှုဖွင့် စစ်ဆေးနေလျက်ရှိသည်ဟု ဆိုထားသည်။

ဆက်လက် စစ်ဆေးချက်များအရ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်၊ (၁၀) ရပ်ကွက် တပင်ရွှေထီးလမ်း၊ အမှတ် (၁၁) တွင် နေထိုင်သော ကိုဇော်ထွေး(၂၃)နှစ် ဖြစ်သည်ဟု ရဲဌာနက အတည်ပြုချက်ရရှိခဲ့သည်။

၎င်းသည် တောင်ဥက္ကလာပမြို့နယ် တရားရုံး ရာကြီးအမှတ် ၆၁၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အင်းစိန် အကျဉ်းထောင်တွင် ဇွန်၁၁ ရက် ၂၀၁၃ ခုနှစ်မှ စ၍ ထောင်ဒဏ်သုံးနှစ် ကျခံနေရသူဖြစ်သည်ဟု ရဲတပ်ဖွဲ့က သိရှိထားသည်။

၂၀၁၃ ဇူလိုင်လ ၁၀ ရက်တွင် အင်းစိန်ထောင်မှ တွံတေးမြို့နယ်၊ ရွှေသူဌေး စိုက်ပျိုးမွေးမြူရေး ရဲဘက်စခန်းသို့ ရဲဘက်အဖြစ် ရောက်ရှိနေသူလည်းဖြစ်သည်။

၎င်းသည် လိင်အင်္ဂါရောင်ရမ်းရောဂါဖြင့် စက်တင်ဘာ ၁၆ ရက်က တွံတေးဆေးရုံတွင် ဆေးဝါးကုသနေစဉ် ဆေးရုံမှ ထွက်ပြေးသွားသူတစ်ဦး ဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis