menu

Friday 18 October 2013

လှပစွာထုပ်ပိုးထားသော အဂတိတရားတို့၏ ပွဲတော်


မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော် များထဲတွင် သီတင်းကျွတ်အခါသမယ သည် ဘာသာရေးနှင့်သက်ဆိုင်သည့်လထူး လမြတ်ဖြစ်သကဲ့သို့ ထူးခြားသော ဝိသေ သ တစ်ခုလည်းရှိသောလ ဖြစ်သည်။ ထိုအရာသည်ကား အသက် ဂုဏ်ဝါ ကြီးမြင့်သူများကိုဂါရဝထား၍ တကူးတက သွားရောက် ကန်တော့ကြခြင်းပင်တည်း။ ဤသည်ကား ဗုဒ္ဓဘာသာရေးအရ ကန် တော့ခြင်းဟူသည် ဘဝသံသရာအဆက် ဆက်နှင့် လက်ရှိပစ္စုပ္ပန်တွင် ကိုယ်နှုတ် နှလုံးတို့ဖြင့် ပြစ်မှားစော်ကားမိသည်များ ရှိပါက ကြေ ပျက်ခွင့် လွှတ်နိုင်ပါစေကြောင်း တောင်းပန်ခြင်းပင်။ ထို့ကြောင့် မိဘဘိုး ဘွားဆရာသမားများသာမက ကျေးဇူးပြု ခဲ့ဖူးသူများကိုလည်း အလေးဂရုပြု တန် ဖိုးထားခြင်းဟုလည်း ဆိုနိုင်ပါသည်။ ဤဓလေ့က မြန်မာနိုင်ငံတွင်သာ ရှိနိုင်သည့် ယဉ်ကျေးမှုအသွင်သဏ္ဌာန် တစ်ခုဖြစ်သော်လည်း ခေတ်စနစ်အရ ကန်တော့ခြင်းအလေ့အထတွင် အရာနှစ် ခုကတော့ သံတူကြောင်းကွဲအနေဖြင့် အဓိပ္ပာယ်ပေါက် ပြောင်းလဲလာသည်က တော့အမှန်ပင်။ ထိုအရာများမှာ ….။
”လပြည့်နေ့မှာ ကန်တော့ဖို့ ပစ္စည်း တွေ ဝယ်ထားကြ။ တော်ကြာ သိတတ်မှု မရှိဘူးလို့အပြောခံနေရဦးမယ်”ဟု အသက်၅ဝကျော်အရွယ် ဦးစိုးမင်းတစ်ယောက် အိမ်သူ သက်ထားကိုမှာကြားထား လိုက်ပြီး
ဟိုဘက်အမျိုး၊ ဒီဘက်အမျိုး သာမက လူကြီးများဆီသို့ပါ အတွေးဝင် သွားခဲ့ကြောင်း ပြောသည်။ သူအသံက သာသာယာယာမရှိ၊ အနည်းငယ်မာထန် နေသည်ဟု ထင်ရသည်။ ဒီနှစ်အတွင်း စီးပွားရေး အခြေအနေက သိပ်တွက်ခြေမ ကိုက်။ ပြီးခဲ့သည့်နှစ်ကလောက် လူအများ ကြီး
ကန်တော့နိုင်မယ်မထင်ဟု သူက ညည်းလိုက်ရင်း ” ဆွေမျိုးက ပိုများတယ်။ ဦးလေးတစ်ယောက်ကို ၁ဝဝဝဝ လောက် ကန်တော့ရင် ၃ယောက် ၃ဝဝဝဝ ဖြစ် နေပြီ။ ကိုယ့်အထက်လူကြီးကိုတော့ ဒီ လောက်နဲ့မရလောက်ဘူး”ဟုဦးစိုးမင်း က ဆက်ပြောသည်။ အိမ်သူသက်ထားကို စာရင်းလုပ်ခိုင်း နေပြီး ညတွင်းချင်းပြရန်မှာထားရသည် ဟုသူကဆိုသေးသည်။ သို့မှသာရှေ့နောက် ချိန်ဆနိုင်မည်မဟုတ်လား။ ထို့ပြင် သမီး ဖြစ်သူရှေ့ရေးအတွက်အတွက် သူ့အထက် လူကြီးကိုပါကန်တော့ခိုင်းဖို့ အတွေးက ဝင်ခဲ့သည့်အတွက် သမီးဖြစ်သူကိုပါ သတိ  ပေးခဲ့ရကြောင်း ဦးစိုးမင်းက ဆိုပါသည်။ ထိုသို့ကန်တော့ရင်း အလုပ်နေရာ၊ အပြောင်းအရွှေ့၊ ရာထူးအတိုးစသည် စ သည်တို့ အတွက်ကိုပါ အသံပြုခဲ့ရန်မမေ့ ဖို့ပါ နှစ်ဆယ့်တစ်ရာစု၏ ဖခင်တစ်ဦးဖြစ် သော ဦးစိုးမင်းတစ်ယောက် ထပ်တိုးမိဘ ဝတ္တရားတစ်ခုကဲ့သို့ အသိထပ်ပေးရဦး မည့်ပုံဟု ခပ်ရွဲ့ရွဲ့ဆို၏။
”သမီးက အထာမနပ်သေးဘူးလေ” ဟု သူကပြောသည်။ လက်သင့်ရာ စား တော်ခေါ်စနစ်နှင့်မိုးကျရွှေကိုယ်တို့ အလုပ်ထဲရောက်ရှိလာသော ယနေ့ခေတ်ကြီးတွင် ကပ်ထားမှတော်ရုံကြမည်ကို သမီးသိဖို့ရာ သင့်ကြောင်း သူထုတ်ပြောသင့်ကြောင်း စဉ်းစားနေပုံရနေသည်။ ယခုခေတ်က ငွေကျပ် ၂ဝဝဝဝ၊ ၃ဝဝဝဝ လောက်နှင့် စာအိတ် ထဲထည့်လို့ သိပ်မတင့်တယ်။ လက်ဆောင်ခြင်းက ဘာဖြစ်ဖြစ် ထည်ထည်ဝါဝါရှိသောကြောင့် လက်ဆောင်ခြင်းဝယ်ရန် သမီးအား တွန်း အားပေးရန် ဦးစိုးမင်း ဆုံးဖြတ် ချက်ကိုချ ထားပုံပင်။ ယခင်က လူကြီးမိဘများကို ရိုးရာမုန့် သို့မဟုတ် အခြားနိုင်ငံခြားဖြစ် မုန့်များဖြင့်သာဂါရဝပြုကန်တော့ခဲ့ကြသည်။ သို့သော်ပြောင်းလဲလာသော ခေတ် စနစ်အရဝါကျွတ် ပွဲတော်နှင့်အတူ လက် ဆောင်ခြင်းဟုခေါ်ကြသည့် စားသောက် ဖွယ်ရာများ စုံလင်စွာထည့်သွင်းထုပ်ပိုး ထားသောခြင်းများက အစားထိုးနေရာ ယူလာခဲ့ သည်က ဆယ်နှစ်ဝန်းကျင်သာ သာ။ ကြာမြင့်လှပြီ မဆိုသာသော်လည်း ထိုဓလေ့က ပြောင်းလဲအမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။
လက်ရှိတွင် သီတင်းကျွတ်ကာလ ကန်တော့ခန်းများက မကြာမီလာမည်ဖြစ် ၍ ဈေးကွက်ပေါက်အားအရ စတိုးဆိုင် ကြီးများနှင့်စူပါမားကက်တို့တွင်ကန်တော့ လက်ဆော င်ခြင်းများတင်နေကြပြီး သီ တင်းကျွတ်ပွဲတော်ကို အမှီပြုသော ကန် တော့လက်ဆောင်ပစ္စည်း ဈေးကွက်က ပျော်ပျော်ကြီး သက်ဝင်လာခဲ့ပြီဖြစ်သည်။ လက်ဆော င်ခြင်း များ၏ ဈေးနှုန်းက   ကျပ်နှစ်သောင်းငါးထောင်ကျော်မှ နှစ် သိန်းခုနစ်သောင်းကျော်အထိ ရှိသည့် အပြင် ကန်တော့သူစိတ်ကြိုက် ပြင်ဆင် မှုဈေးကွက် က ဈေးနှုန်း သတ်မှတ်ချက် မရှိဟု သိရသည်။ ထိုပြောင်းလဲမှုတစ်ခုက ဘာသာ တရားအရ တန်ဖိုးရှိလှပသော အစဉ်အလာကိုချိုးဖောက်နေကြမှန်းလည်း မည်သူ မှ တွေးမိတော့ ဟန် မတူ။ အဘယ့်ကြောင့် ဆိုသော်ကန်တော့ခြင်းသည်ပင် မိမိအလို ရှိသော အရာတစ်ခုခုအတွက် တံစိုးလက် ဆောင်ဖြင့် လာဘ်ထိုးခြင်းဟူသောအဓိပ္ပာယ် အဖြစ် ဗန်းစကား တစ်ခုကဲ့သို့ သုံးစွဲနေ ခဲ့ကြပြီမဟုတ်ပါလော။ ထို့ကြောင့်ပင် ထို ဈေးကွက်က အရောင်းအဝယ်ကသွက်၏။
ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့သည်လည်းအသက်ဂုဏ်ဝါ ကြီး သူ၊ မြင့်မြတ်သူတို့အပေါ်တွင် ငယ်သူ၊ နိမ့်ကျသူတို့က ရိုသေလေးစား၍ ပူဇော် ကန်တော့ေ လ့ရှိကြရှိသော်လည်း ထိုအရာ ကို တစ်လွဲအရောင်ဆိုးသူတို့က ခေတ် အဆက်ဆက်ရှိနေကြသည်။ ”ရှိပါရောလားဗျာ။ အရင်ကလည်း ရှိ၊ အခုလည်း ရှိ၊ နောင်လ ည်းရှိနေမှာပဲ။ ကိုယ်တို့လုပ်ငန်းရှင်တွေအတွက် သီတင်း ကျွတ်နဲ့ သင်္ကြန်က အခါကောင်းပဲ” ဟု အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦး ကပြောသည်။ ကျန်ကာလက အစိုးရ ဌာန များသို့ အဝင်အထွက်ပြုလုပ်ရန် သိပ်မ ကောင်းသောကြောင့် ဤကာလရောက် ရန်ဆုတောင်းနေသူတို့ပင်ရှိနေကြကြောင်း ၎င်းက ဆက်ပြောပြသည်။
ယခင်က လူထုကြားထဲတွင် လက် ဆောင်ခြင်းကိစ္စက အောက်ခြေအထိ ကြား သာကြားပြီး သေချာမသိကြသော်လည်း အစိုးရသစ်တက်ပြီး ပွင့်လင်းလာမှုကြောင့် ရုပ်ရှင် ပြိုင်ပွဲတစ်ခုတွင် ပြသခဲ့သည့်နာ မည်ကျော် ”အဲဒီအခန်းဖြတ်” ဇာတ်ကား ကြည့်ကာ အိုင်ဒီယာရခဲ့ကြသူများလည်း ရှိသည်ဟု သိရသည်။ ဇာတ်လမ်းတွင် လက်ေ ဆာင်ခြင်း ကြီးများကိုကြည့်ကာ လူကြီးများရွှင်လန်း သွားပုံက ပရိသတ်ကို ဖမ်းစားသွားနိုင် ခဲ့သည်။ အမည်မဖော်လိုသူအထက်ပါ လုပ်ငန်းရှင်က လက်ဆောင်ခြင်းကို ငြင်း ပယ်ကြသော လူကြီးအချို့နှင့် မနှစ်သက် သော လူကြီးများရှိသော်လည်း အများစု က ကြိုက်ကြပါကြောင်း အတည်ပြုသည်။ ထိုကဲ့သို့ ရိုးရာယဉ်ကျေးမှုတစ်ခုက နှစ် ဦးနှစ်ဖက်အကျိုးအတွက် စီးပွားရှာသည့် လာဘ်ပေးလာဘ်ယူကိစ္စအသွင် ဖြစ်လာ ရခြင်းသည်လည်း ခိုင်လုံသော အခြင်း အရာများစွာရှိပါသည်။ အဘယ့်ကြောင့် ဆိုေ သာ် ထိုကာလကိုပင် အကြောင်းပြု၍ လိုချင်သည့်အရာကို ရသူကရသွားခဲ့ကြ သည့်ကိစ္စများကို ငြင်း၍မရနိုင်။ ယခင် ကသြဇာကြီးခဲ့သော ဌာနတစ်ခုမှ အငြိမ်း စားဝန် ထမ်းတစ်ဦးက ယခင်ကာလများ က လူကြီးများအားကန်တော့နိုင်ရန် ချိတ် ဆက်ပေးသည့်သူအားခြင်း ဘယ်နှခြင်း ဟု သတ်မှတ်ဈေးရှိပြီး ကန်တော့ခံအချို့ ၏ လက်ဆောင်ခြင်းတို့များနေ၍ ပြန် သွင်းကြသော ဈေးကွက်ပင်ရှိခဲ့ကြောင်း ပြောပြသည်။
”ဒါမထူးဆန်းဘူး။ အစဉ်အလာတစ် ခုပဲ။ အကျိုးမျှော်သူတွေရဲ့အကွက်ပဲ။ ရှောင်နေရင်တောင် အတင်းဝင်ကြတယ်” ဟု ၎င်းက ပြန်ပြောပြသည်။ လိုချင်မှုဖြင့် ချဉ်းကပ် ကြခြင်း၊ တစ်ဖက်ကလည်း ချမ်း သာလိုခြင်း နှစ်ခုပေါင်း၍ တပ်ပျက်လာ ကြကာ အကြီးစားလာဘ်ပေးလာဘ်ယူမှု အသွင်ရောက်လာကြပြီး အဖမ်းခံရ သူ၊ ပြုတ် သူတို့ ရှိကြပြီး အချို့က ချမ်းသာသွား ကြကြောင်း ၎င်းက ပြန်ပြောပြပြန်သည်။ လမ်းမတော်မှ လက်ဆောင်ခြင်းအရောင်း ဆိုင်တစ်ဆိုင်က ”ဒီနှစ်သီတင်း ကျွတ်ပွဲ တော် အတွက် လက်ဆောင်ခြင်းတွေမှာ မုန့်မျိုးစုံနဲ့ သရေစာထည့်ထားတဲ့ခြင်းတွေ ပိုပြီးရောင်းရတယ်။ အရက်ပါတဲ့ခြင်းတွေ ကတော့ ကုမ္ပဏီကြီးတွေ ပိုဝယ်ကြ တယ်”ဟုပြော သည်။ ထိုလက်ဆောင်ခြင်းတို့က လာဘ်ပေးလာဘ်ယူမှုတစ်ခုအသွင်ဟု မမြင်မိဘဲ တန်ဖိုးထားကြသူများအတွက် ကတော့ ကန်တော့ပစ္စည်း တစ်ခုဆိုပိုမှန် ကြောင်း ၎င်းက သူအမြင်ကိုထပ်ပြော ပြပြန်သည်။
သီတင်းကျွတ်လပြည့်နေ့သည် ရဟန်း တော်များ ဝါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်းဖိတ်မန္တက အမှုပြုကြသော ပဝါရဏာနေ့၊ ဘုရားရှင် တာဝတိံ သာနတ်ပြည်၌ မယ်တော်မိနတ် သားအားကျေးဇူးဆပ်သည့်အနေဖြင့် အဘိ ဓမ္မာတရားတော်ကို ဟောကြားပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာ အခါ တော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရား ရှင် ဆင်းသက်တော်မူသည်ကို ရည်စူးပူ ဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိ ပူဇော်သောနေ့၊ ဗြဟ္မာနတ်လူသုံးဘုံသူတို့ ဘုရားရှင်အား အတူတကွ ကြည်ဖြူပူဇော် သောနေ့၊ နတ်လူအများ ဘုရားဆုပန်သော နေ့စသော ဂုဏ်ထူးဝိသေသအဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။
သို့သော် ကန်တော့ခြင်း၏ အနက် သည်ကား အာဏာရှင်စနစ်ထွန်းကားခဲ့ သည့် နောက်ဆက်တွဲဆိုးကျိုးအရ လေး နက်သော အနက်အဓိပ္ပာယ်ကတော့ အကြီးအကျယ် ပျက်စီးခဲ့ပြီ ဖြစ်သည်။ ယင်းကဲ့သို့သော အချက်များကြောင့်ပင် နိုင်ငံတကာအဂတိလိုက်စားမှု တိုက်ဖျက် ရေးအဖွဲ့ (Transparency International)က နိုင်ငံပေါင်း ၁၈ဝ ကျော်တွင် မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုအဆိုး ဆုံးနိုင်ငံများစာရင်း၌ ပါဝင်နေသည်ဟု ၂ဝ၁၂ ခုနှစ်တွင် ဖော်ပြခဲ့ခြင်းဖြစ် သည်ဟု ကောက်ချက် ချနိုင်ပါ သည်။ နိုင်ငံတကာက ထိုသို့ပြောနေခြင်းကို မြန်မာက မငြင်းပါ။ အစိုးရကကျင်းပခဲ့သော  မိန့်ခွန်းနာခံခြင်း အခမ်းအနားတွင် အစိုးရဌာနများ၌ ဖြစ် ပေါ်နေသော လာဘ်ပေး လာဘ်ယူကိစ္စ ရပ်များကို တိုက်ဖျက်သွားရန် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်ကထည့်သွင်း ပြောကာ လာဘ်ပေးလာဘ်ယူကိစ္စရပ်များ ရှိနေကြောင်း ပြည်သူကို အတိအ လင်း ဝန်ခံ အသိပေးခဲ့ကြရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း ပြည်သူ့ကဏ္ဍအတွင်း အဂတိလိုက်စားမှု အဆင့်ကို တိုင်းတာသည့်အခါ နိုင်ငံ တကာ ပွင့်လင်းမြင် သာမှု(TI )၏ အညွှန်း ကိန်း၌ အောက်ဆုံးနားလောက်တွင် ရှိ နေဆဲဖြစ်ကြောင်း ထိုစောင့်ကြည့်ရေးအဖွဲ့ ကပြောကြားသည်။ အစီရင်ခံစာ စစ်တမ်း များအရ မြန် မာနိုင်ငံတွင် အဂတိလိုက် စားမှု အညွှန်းကိန်းအဆင့် ၁၅ ရာခိုင်နှုန်း တွင်ရှိပြီး ၎င်း၏နောက်တွင် ဆိုမာလီယာ၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန်နှင့် ဆူဒန်နိုင်ငံများသာ ရှိတော့သည်။
၂ဝ၁၁ ခုနှစ်က မြန်မာနိုင်ငံသည် ၁ဝ ရာခိုင်နှုန်းတွင် ၁ ဒသမ ၅ ရာခိုင်နှုန်း အဆင့်သာရှိပြီး ဆိုမာလီယာနှင့် မြောက် ကိုရီးယားနိုင်ငံတို့ထက်သာ အနည်းငယ် သာခဲ့သည်။ TI ၏အညွှန်းကိန်းကို အချိန် ၂ နှစ်အတွင်းရရှိသည့် ကိန်းဂဏန်းအ ချက်အလက်များအပေါ် အခြေခံကာ တွက်ချက်ခဲ့မှုများကိုထုတ် ပြန်ခဲ့ကြခြင်း ပင်။ ပြီးခဲ့သည် သြဂုတ် လကလည်း နေ ပြည်တော်၌ ကျင်းပသော ဒုတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် သမ္မတဦးသိန်းစိန်က ”လာဘ်ပေးလာဘ် ယူမှုဟာ ပေးသူရော ယူသူပါ အကျင့်ပျက် တဲ့ သိက္ခာမဲ့လုပ်ရပ်ဖြစ်တဲ့အပြင် အစိုးရ ရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့အတွက် ထိထိရောက်ရောက် အပြစ်ပေးအရေး ယူခြင်းများဖြင့် တားဆီး သွားကြရန် လိုအပ်ပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က သတိပေးထားခဲ့သည်။ လွှတ်တော်က အဂတိလိုက်စားမှု တိုက်ဖျက်သည့် ဥပဒေကြမ်းရေး ဆွဲပြီး သမ္မတက ယခုနှစ်အတွင်းအတည်ပြုခဲ့ သည့်အပြင် အစိုးရက နိုင်ငံသားများအား အဂတိလိုက်စားမှုနှင့် လာဘ်စားမှုများ အားဖော်ထုတ် တိုင်ကြားရန်တောင်း ဆို ထားသည်။ ဒါ ကမြန်မာတစ်နိုင်ငံတည်း တွင် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များ ရှိသည်သာမဟုတ်။ အာရှပစိဖိတ်ဒေသ တွင်းရှိ နိုင်ငံများ၏ ၆၈ ရာခိုင်နှုန်းမှာ ညွှန်းကိန်းအဆင့် ၅ဝ ရာခိုင်နှုန်းအောက် တွင်ရှိနေကြရာ အစိုးရအတွက်ကြီးမား သော စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။
မြန်မာတွင်သာမက အာရှတွင် အဂ တိလိုက်စားမှုသည် အဓိကပြဿနာတစ်ခု ဖြစ်ပြီး အရေးပေါ်ဖြေရှင်းရန် လိုအပ် ကြောင်း၊ နိုင်ငံတကာ အဂတိလိုက်စားမှု တိုက် ဖျက်ရေးအဖွဲ့ (Transparency International)) မှ ထောက်ပြထားခဲ့သေး သည်။ အဂတိလိုက်စားသော နိုင်ငံ့ဝန် ထမ်းများအား အရေးယူရန် တိုင်ကြားစာ ၁၁၉ စောင် အား ယခုနှစ်အတွင်း အစိုးရ က စစ်ဆေးမှုအပြီး ထိုထဲမှ တစ်ဦးအား ထောင်ဒဏ်နှင့် ၁၈ ဦးအား အငြိမ်းစား ပေးခဲ့ကြောင်း သမ္မတရုံးက ယခုနှစ်အ တွင်း ကများပြည်သူ သိရှိရန် သတင်းထုတ် ပြန်ထားသည်။
ထို့ပြင် နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်အရ အရေးယူသည့် နိုင်ငံ့ဝန်ထမ်း ၃၆၂ ဦး ရှိပြီး ဌာနပြောင်း ရွှေ့ အရေးယူသည့် နိုင်ငံ့ဝန်ထမ်း ၆၉ ဦး ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။ ယင်းကိုကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရ ဖြစ်စေရေးရည်ရွယ်ပြီး သမ္မတရုံး ဝန်ကြီး ဌာန ပြည်ေ ထာင်စုဝန်ကြီးတစ်ဦးအား ကြီးကြပ်စေကာ အထက်ပါအရေးယူမှု များအား ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသေးသည်။ ၂ဝ၁၃ခုနှစ် ဇန်နဝါရီလ အတွင်းက ဒုတိယသမ္မတ ဦးဆောင်သော ကော်မတီတစ်ရပ်ဖွဲ့စည်း၍ အစိုးရအဖွဲ့အစည်းများ အတွင်း အဂတိလိုက်စားမှု ကင်းရှင်းရေး နှင့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး အတွက်ဆောင်ရွက်စေခဲ့ပြီး တိုင်ကြားနိုင်သည့်စနစ်ကို ထူထောင်ကာ အများပြည်သူ ပူးပေါင်းဆောင်ရွက်လာစေရေးကို စတင်ဖိတ်ခေါ်ထားကြောင်း သတင်း ထုတ် ပြန် ချက်တွင် ဖော်ပြထားသည်။ အဂတိ လိုက်စားခြင်းသည် ဓမ္မလမ်းကြောင်းမှ သွေဖည်သွားပြီးကိုယ်ကျင့်တရား ပျက် ပြားသောလမ်းကို သွားနေခြင်းဖြစ်၍ ဒုစရိုက် ၁ဝ ပါးကို ကျူးလွန်နေခြင်းဖြစ်သည် ဟုရှေးလူကြီးများကထောက်ပြထားသည်။
သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ ၁၂ ရာသီပွဲတော်များတွင် ထင်ရှားသောပွဲတော်တစ်ခုဖြစ်ပြီး ပွဲတော် စတင်ကျင်းပခဲ့သည်အစဉ်အလာမှာ ဘုရား ရှင် သက်တော်ထင်ရှားရှိခဲ့စဉ်အခါကပင် ဖြစ်ပါသည်ဟု ပြောဆိုနိုင်ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုကျင်းပသည့် သီတင်းကျွတ်လမီးထွန်းပွဲတော် အစဉ် အလာများသည် ယင်းမှတစ်ဆင့် ကူးစက် ဆင့်ပွားလာခြင်းကြောင့် ဖြစ်ပါသည်။ ယင်းခေတ်အခါနှင့် ယခုခေတ်အခါ တို့မတူသော်ငြားလည်း ရည်ရွယ်ချက်များက တူညီနို င်ကြမည်ဖြစ်သော်လည်း လက်ဆောင်ခြင်းဆိုသည်က လာဘ်ပေး လာဘ်ယူ အသွင်တစ်ခုအနေဖြင့် ရှိမ နေသင့်တော့ဘဲ နှစ်စဉ်လူကြီးသူမများ အား ပူဇော်ကန်ေ တာ့ရာ သတ်မှတ်ချက် သာဖြစ်စေချင်တော့သည်။ သို့သော် — ကန်တော့ခြင်းအလေ့အထတွင် အရာနှစ် ခုကတော့ အာဏာရှင်ခေတ်စနစ်၏ ဆိုး မွေအဖြစ် သံတူကြောင်း ကွဲအနေဖြင့် အဓိပ္ပာယ်ပေါက် ပြောင်းလဲလာသည်က တော့ အမှန်ပင်။ ထိုအရာများမှာ …။
မင်းသုအောင်

Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis