အဆိုပါ ဗုံးဖောက်ခွဲမှု သံသယဖြစ်ခံရသူအား အလုံမြို့ နယ် western park II စားသောက်ဆိုင်မှာ ဗုံးတွေ့  မှု ဖြစ်စဉ်ကတည်းက စတင်ခြေရာခံ မိခဲ့တာလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲ အရာရှိတဦးက Myanmar News Now ကို ပြောပါတယ်။
တရားခံဟာ Taxi ပေါ် မှတ်ပုံတင် ကျန်ခဲ့ရာ သူ့ရဲ နေရပ်လိပ်စာကို အတည်ပြုနိုင်ခဲ့ပြီး။ ကုန်သည်ကြီးများ ဟိုတယ် CCTV မှတ်တမ်းအရ လူပုံကိုပါ ဖမ်းနိုင်ခဲ့ပါတယ်။
အဆိုပါ တရားခံကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အထူးဖမ်းဆီးရေး ရဲမှူးကိုယ်တိုင်း ဦးစီးပြီး လိုက်လံဖမ်းဆီး ခဲ့ပြီး ယ္ခုအခါ ရဲမှူးကားနဲ့ အတူ တရားခံ စောမြင့်လွင် အား ရန်ကုန်မြို့ ကို ပြန်ခေါ်လာနေကြောင်း သိရပါတယ်။
by Myanmar News Now

No comments:
Post a Comment