menu

Tuesday 15 October 2013

ကျပ်သိန်းပေါင်း တစ်သောင်းကျော် လိမ်လည်ဟု အမှုဖွင့်တိုင်တန်း


ဇော်ဇော်ထွေး | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၄၇ မိနစ်

တောင်ဒဂုံမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်အား လိမ်လည်သည်ဟုဆိုကာ အမှုဖွင့် တိုင်တန်းမှု တစ်ခုကို အောက်တိုဘာ ၁၄ ရက်တွင် မြို့နယ်ရဲစခန်းက အမှုဖွင့် ဆောင်ရွက်နေသည်ဟု တိုင်းရဲ တပ်ဖွဲ့မှူးရုံးက ဆိုသည်။

အဆိုပါ အမှုကို လိမ်လည်ခံရသည့် (၆၄) ရပ်ကွက်နေသူ၊ “စိန်ပန်းပြာ” သံထည်ရောင်းဝယ်ရေး ပိုင်ရှင်က အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။

သူမ ပိုင်ဆိုင်သော သံထည်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ရောင်းချသော သံထည်များအား မမိုးမိုး (စိစစ်ဆဲ) ဟု လတ်တလော ယူဆထားသူက ရောင်းချပေးမည်ဖြစ်ကြောင်း ပြောဆိုပြီး သြဂုတ်လ ၃၀ ရက်မှ စက်တင်ဘာ ၂၇ ရက်အတွင်း သံထည်ပစ္စည်းများကို ယူဆောင်သွားသည်ဟုလည်း တရားလိုက ရဲကို တိုင်တန်းထားသည်။


အဆိုပါ သံထည်ပစ္စည်းရောင်းရငွေများကို ဆယ်ရက်အတွင်း အကြေပေးဆပ်မည်ဖြစ်ကြောင်းပြောဆို၍ ကျပ်သိန်း ကိုးထောင့်လေးရာကျော်တန်ဖိုးရှိ သံထည်ပစ္စည်းများ နှင့် ငွေသားကျပ်သိန်း တစ်ထောင့် ခြောက်ရာကျော် စုစုပေါင်း တန်ဖိုးကျပ်သိန်းပေါင်း တစ်သောင်းကျော်ကို ရယူသွားခြင်းဖြစ်သည်ဟုလည်း ရဲအား ထည့်သွင်းပြောပြထားသည်။

သို့သော်လည်း အဆိုပါငွေများအား ယနေ့တိုင် ပြန်လည်ပေးဆပ်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသဖြင့် မမိုးမိုးကို အရေးယူပေးရန် စိန်းပန်းပြာ သံထည်ရောင်းဝယ်ရေးပိုင်ရှင်က စွပ်စွဲတိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို တောင်ဒဂုံရဲစခန်းက (ပ)၈၅၆/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၄၂၀ ဖြင့် စစ်ဆေးနိုင်ရန် စွပ်စွဲတိုင်တန်း ခံထားရသူအား လိုက်လံစုံစမ်းနေသည်ဟု သိရသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis