menu

Saturday 12 October 2013

မြေအောက်မြေပြင်တွင် လူလုပ်သော လောဘမုန်တိုင်းတို့ မာန်ဖီနေကြလေသည်


မြေအောက်အတောင် ၆ဝ ခန့် ဆင်းခဲ့ပြီးဖြစ်၍ တစ်နေ့တည်းမှာပင် နာရီပိုင်းအတွင်း ပင်လယ်ရေမျက်နှာပြင် အထက် ပေငါးထောင်ရှစ်ရာကျော်ကို ထပ်တက်ရလိမ့်မည်ဟု
တွေးထင်ထား ခဲ့ခြင်းမရှိခဲ့။ အခုတော့ မည်းညစ်သော ကျောက်မီးသွေး ပေကျံခံခဲ့ရရုံမျှမက ဖြူလွှအေးမြသော တိမ်မျှင်များကိုပါ ဖမ်းဆုပ်ကိုင်နိုင်ခဲ့သည်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်း သည် မြေအောက်သယံဇာတတို့ဖြင့် ပြည့်နှက်လျက်ရှိနေသည်က အမှန်ပင် ဖြစ်သည်။ လေးပင်အကျော်ပဒါန်း လမ်းမ(၂၇)မိုင် အရောက်တွင် လမ်း ဘေးဝဲယာ အပုံလိုက်မြင်တွေ့နိုင်သည် ကရွှေမည်းဟု ယူဆနိုင်သောကျောက်မီး သွေး ထုတ်လုပ်ရေးစခန်းပင် ဖြစ်သည်။
ကျောက်မီးသွေး လုပ်သားများ နေထိုင်သော တဲငယ်များနှင့်ရွာလေး တစ်ရွာတမျှစည်ကားလျက် ရှိနေသော် လည်း အချို့ တဲအိမ်တို့မှာ နေထိုင် သူပိုင်ရှင်မဲ့ လျက်ရှိ သည် ကို လည်း တွေ့ရ ပေသည်။ ”မိုးတွင်းဆိုတော့ စိုက်ချိန် ပျိုးချိန် ကိုယ့်ဒေသကိုယ် ပြန်စိုက်ကြ ပျိုးကြဆိုတော့ လူမရှိဘူးပေါ့။ ကျောက် မီးသွေး လာတူးတာကတော့ နယ်အစုံ ပါပဲ”ဟု ရေနံချောင်းနယ်ဘက်မှ လာ ရောက် လုပ်ကိုင်နေသောကိုစိုးနိုင်ကဆို လာသည်။ ကျောက်မီးသွေးတူးလုပ်သား များအနေဖြင့် ကိုယ်ပိုင်စိတ်ကြိုက်နေ ရာရွေး တူးနိုင်သော်လည်း ရရှိလာသော ကျောက်မီးသွေးမှန်သမျှကို ‘မိုးကြိုး-ခြင်္သေ့’ ကုမ္ပဏီသို့ ရောင်းချကြရသည်။ငါးဂါလန်ဝင်ပုံးကြီးတစ်ပုံးလျှင် ၄ဝဝ   ကျပ်နှုန်းဖြင့် ကုမ္ပဏီ မှပေးချေသည်ဟု သိရသည်။

မိသားစုလိုက်လာရောက်လုပ်ကိုင် ကြပြီး လေးယောက်တစ်ဆိုင်းလျှင် တစ် နေ့ ပုံးတစ်ရာဝန်းကျင်ရအောင် တူးကြ ရသည်။ ထိုဒေသတွင်မီးသွေးကျင်း ပေါင်း ၁၈ ကျင်းမှ ၂ဝ ကျင်းထိရှိနိုင်ပြီး မိုးကင်းလေကင်း ရာသီချိန်ဆိုလျှင် တစ် နေ့ပျမ်းမျှတန် ၂ဝ မှ ၂၅ တန်ထိ ထွက်ရှိသည်။ ရလာသောကျောက်မီး သွေးများကို ‘မိုးကြိုး-ခြင်္သေ့’ ကုမ္ပဏီမှ နေပြည်တော် ဘိလပ်မြေစက်ရုံသို့ တင် ပို့ရောင်းချကြောင်း လုပ်ငန်းတာဝန်ခံက ရှင်းပြခဲ့သည်။
”ကျောပေါ် လိုက်လို့ပေါ့ဗျာ။ ကျောက်မီးသွေးအလွှာက ၃ လွှာရှိ တယ်။ ၄ လွှာ၊ ၅ လွှာ၊ ၈ လွှာထိအောင် ရှိတယ်။ တူးရတာအခက်ဆုံးက ၃ လွှာ ကျော်က အခက် ဆုံးဗျ။ ကျောက်အနေ အထားက စီးတယ်။ မာတယ်။ သူ့ကို တူးရတာက အလယ်ထဲမှာ တစ်လက်မ လောက် မြေလွှာကို အရင်ဆုံးလက် တမောင်းနှိုက် တူးရ တယ်။ ပြီးမှ တစ် လွှာချင်း ဖဲ့ယူရတာပေါ့” ဟု ပွင့်ဖြူမြို့ နယ် အင်တောင်ကျေးရွာမှ ကိုဝင်းချိုက သူ့ အတွေ့အကြုံကို ပြန်ပြောင်းပြောပြခဲ့ သည်။ မိသားစုလိုက် လာရောက်လုပ် ကိုင် နေကြသော်လည်းသားသမီး ၂ ယောက်၏ပညာရေးကိုမူ ပွင့်ဖြူအ ထက်တန်း ကျောင်းတွင်သာ ပုံအပ်ထား ရသည်ဟု သူက ဖွင့်ဟသည်။
မီးသွေးကျောက်ကျင်းနေရာတွင် ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင် ထားနိုင်ခြင်းမရှိ။ ကိုယ့်ကြမ္မာကိုယ်ဖန် တီး ဆိုသလိုကိုယ်ပိုင်အလုပ်ကဲ့သို့ သဘောထား လုပ်ကိုင်ေ နကြရသည်။အကူအညီဆိုလို့ လက်ဖြင့်ကျင်းဖော် ရမည့် နေရာအား စက်ဖြင့်အငှားတူး ပေးသည်မှ လွဲ၍ ‘မိုးကြိုး-ခြင်္သေ့’ ကုမ္ပဏီက ဘာဆိုဘာမျှတာဝန်ယူမှု မရှိ ဟု ဆိုသည်။စက်တူးခတစ်နာရီလျှင်တစ်သိန်း ပေးချေရသည်။ စက်ဖြင့်တူးသဖြင့်လက် ဖြင့်ကျင်းဖော်လျှင် ၁၅ ရက်လောက်ကြာ သည်ကို တစ်နာရီအတွင်း ကျောက် ကျင်း ပေါ်နိုင်သည်။ကိုဝင်းချိုပြောပြ သည်က ”မြေအောက်ကိုအတောင် လေးငါးခြောက်ဆယ်လောက်အထပ် ထပ်တူးရတာပေါ့။ အောက်မှာ လုပ် သား ၃ ယောက်ေ လာက်ဆင်းပြီး အ ပေါ်က ကြိုးဆွဲက ၂ ယောက်လောက် တာဝန်ယူရတာပေါ့။ ကျောက်မီးသွေးအမျိုးအစားလိုက်ပြီးဈေးက ၃၅ဝဖြစ် တာ ရှိသေးတယ်။ အကြီးအေ သးမခွဲခြား ပါဘူး။ တစ်ပြေးညီပါပဲ”ဟုဆိုပါသည်။ သူ တို့အဖွဲ့ကတော့ တစ်ယောက်ပုံး ၂၅ ပုံးစီရအောင် တူးကြသည်။ သုံးရေ သောက် ရေကိုတစ်ပုံးလျှင် ၁ဝဝ ကျပ် နှုန်းေ ပး ဝယ်ကြရသည်ဟုဆိုသည်။ မိုးတွင်းကာလဖြစ်၍လက်တူးသမားအဖို့ တွက်ခြေကိုက်လှသော်လည်း မိုးများ သဖြင့်တွင်း ပြိုခံရသူများမှာ ကိုယ့်ရပ် ရွာသို့ ပြန်ပြေး သူများ လည်း ရှိခဲ့သည်။ လုပ်ငန်းခွင် အန္တရာယ်ကြီးကြီးမားမား ကြုံတွေ့ ကြရခြင်းတော့ မရှိကြသေးဟု ဆိုသည်။
”အင်းကျောက်ကျင်းတစ်ကျင်းကို ပုံးရေတစ်သောင်းကျော် လောက်တော့ ထွက်ပါတယ်။ ဒါပေမဲ့ တစ်ကျင်းနဲ့ တစ် ကျင်း အတောင်လေးဆယ်လောက် တော့ ကွာဖို့တော့ လိုတယ်ဗျ။ အဲ…ဒီ ရေကြော တွေ့လို့ကတော့ ရပ်ထားပေ တော့ဗျာ”တဲ့။ တကယ်တော့ သူတို့ အလုပ်က အင်မတန်ခက်ခဲကြမ်းတမ်း ပါသည်။ မျောတုံးများ၊ တစ်လှမ်းအ ကွာဖြင့်ကန့်လန့်ဖြတ် လှေကားထစ် များ ပြုလုပ်ကာ လက်ကိုင်ရန် ကျပ်လုံး ခန့်ရှိကြိုး တစ်ချောင်းကို အားကိုး အားထား ပြုဆင်းရ သည်။ကျင်း တစ်ဝက်ေ ကျာ်ေ ကျာ်အ ရောက်တွင် ဖင်ထိုင်လျက်အနေအထား ဖြင့်ကြိုးကိုင်လျှော့ချရသည်။ နောက် တစ်ဆင့်ရောက်မှ ထောက် တိုင်များဖြင့် သေချာေ ထာက်ကန် ထားသည့် လိုဏ် ခေါင်းတစ်လျှောက် ကိုယ်တိုင်သွား ကြည့်မိမှပင် သူတို့အရင်းအနှီးကိုသိခဲ့ရခြင်းဖြစ်သည်။
”ကျွန်တော်တို့ကတော့ ခေါင်းစွပ် ဓာတ်မီးနဲ့ပဲတူးရတာဗျ။ မီးစက်မောင်း လို့ရတယ်ဆိုပေမယ့် ကျောက်တူးစက်တစ်ခါတစ်ရံအသုံးပြုမှပဲ မောင်းတယ် ဗျ” ဖယောင်းတိုင် ၃ တိုင်စာလောက်သာ လင်းသောဓာတ်မီးမှိန်ပြပြလေးက သူ တို့ ဘဝအတွက် လမ်းဆောင်ပြသောအလင်းရောင်နိမိတ်ပင် ဖြစ်နေသည်။ မိသားစုလိုက်လာခဲ့သည် ဆိုသော် လည်း သားသမီးများ ပညာရေးဆုံးခန်းတိုင် အောင်သူတို့မစွမ်းဆောင်နိုင်ကြ။ရသမျှအသပြာငွေကြေး ခြစ်ခြစ်ကုတ်ကုတ် စုဆောင်းလျက် အိမ်ပြန်မျက်နှာ ပန်းလှဖို့ အရေး ကျန်းမာရေးကောင်းစွာဖြင့် နေ့စဉ် ပုံမှန်ကျောက် ကျင်းဆင်းနိုင်ရေး သည် ကျောက်တူးသ မားများတို့၏လောလော ဆယ် မျှော်လင့် ချက်ပင်ဖြစ် ချေလိမ့် မည်။ခဏတာအသက်ရှုမွန်းကျပ်ခဲ့ရ သော ကျောက်မီးသွေးကျင်းထဲမှထွက်လာခဲ့ပြီး လန်းဆန်းလတ်ဆတ်ေ သာ လေကို တစ်ဝရှူလျက် ၊ရှေ့ဆက်ခရီး ဆက်ခဲ့သည်။ တိမ်မျှင်၊ တိမ်ခိုး၊ တောင် တွေစိုးမိုးထားသည့် အနောက်ရိုးမအလှ ကို တစ်ဝကြီး ခံစားရင်း ငဖဲမြို့နယ်  ဂုတ်ကြီးကျေးရွာသို့ အရောက်လှမ်း ခဲ့ကြ ရသည်။
တိမ်တောင်တိမ်ခဲတိမ်ဖြူတွေလွှမ်းခြုံထားသော ရခိုင်ရိုးမဆီက ဂုတ်ကြီးကျေးရွာလေးကိုမှ ကျောက်ဖြူ-ကူမင်း – တရုတ်ရေနံနှင့် သဘာဝဓာတ် ငွေ့ပိုက် လိုင်းဖြတ် သန်းခြင်းက ထိုဒေသ ၏ အရိုးစွဲအသားကျနေသော အေးချမ်း ပျော်ရွှင်မှုကိုဖျက်သိမ်း ခံလိုက်ရခြင်း ပင်။ ”နဂါးတို့မျက်စောင်း အကြောင်းသုံး ပါးမရွေး”ဟူသော စကားကို ကြား ယောင်မိသည့်နည်းတူ လောကတွင် အ ဆိုးဝါးဆုံးနှင့်အရက်စက်ဆုံးဟု ဆိုရ မည့် လောဘစည်းဝါးတွင်းသို့ ထည့် သွင်းစဉ်းစားခံလိုက်ရခြင်းကပင် အ  နောက် ရိုးမ တောင်တစ်ကြောကိုအနာ ချုပ်ရိုးကြောင်းကြီး တစ်ခုအလား နာ ကြည်းဆွေးမြေ့စွာ တွေ့မြင်လိုက်ရ သည်။ ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည် နယ်သို့ သွယ် တန်းမည့် ‘ရွှေ’ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းသည် မြန်မာ နိုင်ငံ၏မြို့နယ် ၂၁ မြို့နယ် ကိုဖြတ်သန်း သွားခဲ့သည်။ မကွေးတိုင်း ဒေသကြီး ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဂုတ်ကြီး ကျေးရွာသည် မင်းဘူး-ပဒါန်း-အမ်း လမ်းမပေါ်တွင်ရှိသည်။ ထိုလမ်းမကြီး သည် စစ်တွေအ ထိ ကုန်စည်ကူးသန်းမှု ကိုသွယ်တန်းရာလမ်းမကြီးလည်း ဖြစ် သည်။ ပဒါန်းမှ မိုင် ၂ဝ အကွာတွင် တည်ရှိ၍အိမ်ခြေ ၁၇ဝ နှင့်လူဦးရေ ၅ဝဝ ကျော်ရှိသည်။
လူမျိုးအများစုမှာအရှိုတိုင်းရင်းသား (ချင်း) များနေထိုင် ကြသည်။ အမည်နာမရှေ့တွင် ဆလိုင်း တပ်၍ခေါ်ခဲ့ကြသည်။တောင်ပေါ် ချင်း များက ထို မြေပြန့်ချင်းများ နောက် တွင်မှလိုက်၍ဆလိုင်းတပ်လာကြသည် ဟု ဆိုသည်။ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီးစိုက်ပျိုးကြသောသီးပင် စားပင်များမှာ ကော်ဖီ၊ ငှက်ပျော၊ ကမ္ဗလာ၊ သံပရာ၊ လိမ္မော်၊ တညင်း၊ ဆူး ပုပ် စသည်တို့ကိုအများ ဆုံးစိုက်ပျိုး လုပ်ကိုင်ကြသည်။ ”ကျွန်တော့် ကော် ဖီခြံအတွက်တော့ လျော်  ကြေးပေးသွား တယ်။ နှစ်ရှည်ပ င်တြွေ ဖစ် တဲ့လိမ္မော်၊ ကမ္ဗလာအတွက် မရဖူးဗျ။ ကော်ဖီက ၃ နှစ်လောက်ဆိုဖြစ်တယ်။ လိမ္မော် တို့ ကမ္ဗလာ တို့က ၁ဝ နှစ်လောက်မှ ဖြစ် ထွန်းတာ၊ ဒီအပင်တွေ အတွက်ေ လျာ် ကြေးမပေးသွားဘူး”ဟု ဒေသစိုက်ပျိုး ရေး လုပ်ကိုင်သူ တစ်ဦးက ပြောပြသည်။ သဘာဝဓာတ်ငွေ့ပိုက် လိုင်းဖြတ် သန်း ခြင်းအ တွက် လျော်ကြေး များ ပေးခဲ့ သော် လည်းတွက်ချက်ပုံ မညီမျှမှုများရှိ နေသည်ဟု စစ်တမ်းများ ကောက်ယူမှု တွင် ပေါ်လွင်နေခဲ့သည်။
သတ်မှတ်ဧရိယာပေ ၁ဝဝ အဖြစ် သတ်မှတ်လျော်ကြေးပေးခဲ့သော်လည်း၊ မြေသုံးစွဲမှုမှာပေ ၁ဝဝ အပြင်ဘက်ဖို့မြေ များက ဒေသခံတို့၏စိုက်ခင်းများကို ပျက်ယွင်းစေခဲ့ သည်။ ”ဟိုးအပေါ်က မြေတွေပြိုတာကလည်း သီးနေတဲ့ အ ပင်တွေကိုပိတယ်။ အောက်ဘက်က လည်းပြိုတယ်။ ပေ ၁ဝဝ အပြင်ဘက်က ဖို့ မြေတွေကြောင့် ပျက်စီး သွားတာကိုလာတိုင်းမပေးတော့ဘူး”ဟု ဒေသခံ တစ်ဦးက စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြောသည်။ ပိုက်လိုင်းဖြတ်သန်းရာဒေသ တစ်လျှောက် မြေယာသုံးစွဲ ရာ၌လည်း ပိုင် ရှင်များကိုအသိပေးထားသည့် မူလမြေ ပမာဏထက်ပိုမိုသုံးစွဲခြင်း၊ မြေယာလျော် ကြေးများကိုထိုက် တန်စွာပေးလျော်မှု မရှိခြင်း၊ ဒေသခံများ၏ ဘဝရပ် တည် ရေးနှင့် လူမှုဘဝဖွံ့ဖြိုးရေးကဏ္ဍမျိုးစုံကို လည်း အနှောင့်အယှက်ဖြစ်စေခဲ့သည် ဟု မြစ်အနောက်ဘက်ကမ်းပိုက်လိုင်း စောင့်ကြည့်လေ့လာရေး Ayarwady West Development Organization (မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ ငဖဲ)နှင့် (Myanmar-China Pipeline Watch Committee) မှ အတည်ပြုခဲ့သည်။ ဓာတ်ငွေ့ ပိုက်လိုင်း များ တောင်ေ ပါ် ဒေသကို ဖြတ်သန်းသွားခဲ့ရ၍ ဖို့မြေ များမပြိုကျစေရန်တံတိုင်း များကာရံပေး ခဲ့သော်လည်း သဘာဝအရင်းအမြစ်   များ ထည့်သွင်းတွက်ချက်ခဲ့ခြင်း မရှိ သည့်အပြင်၊ စီမံကိန်း မစတင်မီကပင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်း နှင့် လူမှုဘဝသက်ရောက်ထိခိုက်မှု စစ်တမ်းများ (EIA,SIA) ကောက်ယူ စိစစ်ခြင်း မရှိခဲ့ပေ။ သဲအိတ်များချ ထားကာရံ၍ ထိုအပေါ်မှကျောက်နံရံ တည်ထားခဲ့သည်။ မိုးရွာသွန်းမှုများပြား လာသည် တွင် ရေတိုက် စားမှုကြောင့်    မြေသားများ ပြိုကျ ကာ ဒေသခံရွာ သား များ အသုံးပြုသည့် စမ်းချောင်းများအ တွင်း စီးဝင်ခဲ့၍ မှီခိုအားထားရာသောက် သုံးရေဆုံးရှုံး မှု နှင့်ရင်ဆိုင်နေကြ ရရှာ သည်။
သဘာဝရေထွက်များနှင့် ရေထိန်း တောများပျက်စီးစေခြင်း၊ ရှားပါးရေနေ၊ ကုန်းနေသတ္တဝါများ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိခိုက် ပျက်စီးစေခြင်း၊ အများပိုင် သစ် တောနှ င့် ဒေသခံအစုအဖွဲ့ပိုင် သစ် တောများကို ပျက်စီးစေခြင်းများ၊ ကမ်း ရိုးတန်းနှင့် သန္တာကျောက်တန်းများထိခိုက်ပျက်စီးခြင်း အပါအဝင် သဘာဝ ပတ်ဝန်းကျ င်နှင့် ဂေဟ စနစ်ကို အကြီး အကျယ် ထိခိုက်စေကြောင်းတွေ့ ရှိရ သည်။ မင်းဘူး-အမ်း-စစ်တွေကား လမ်းသည် အကွေ့အကောက်အတက် အဆင်းကြမ်း တမ်းစွာဖြင့် ဖောက်လုပ် ထားရှိသည်။ ထိုလမ်းပိုင်းကို တံကျင်လျှို သကဲ့သို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သည်ဖြတ်သန်း ဖောက်လုပ်ထားရှိရာလမ်းနံရံများမြေပြိုကျမှု၊ ပိုက်လိုင်းဖြတ် လမ်းပိုင်းနိမ့် ကျ ပျက်စီးစေသည့်အပြင် ကုန်တင်ကားကြီးများ လမ်းမချော် စေရန် ဂရုတစိုက်မောင်းနှင်နေကြရ သည်ကို တွေ့မြင်ခဲ့ရသည်။ ညို့ခနဲ တက်လာသော မိုးတိမ်များမှ တစ် ဆင့် မိုးများတဖွဲဖွဲရွာချ လိုက်သည်။ ဂုတ်ကြီး ကျေးရွာလေးကတော့မိုးများအောက် တွင်မလှုပ်မ ယှက်၊ ဒေသခံတိုင်း ရင်းသား ကျေး ရွာနေပြည်သူများကတော့ ငုတ် တုတ် ထိုင်နေသော်လည်းရင်ထဲမှ နှလုံး သားများက လှုပ်လှုပ်ရှားရှားဖြစ်နေ ကြ သည်။ သူတို့ ရာသက်ပန်စိုက် ပျိုးလုပ်ကိုင် လာသော စိုက်ခင်းများကို သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းကြီးက ဝါးမျိုထားခဲ့ ပြီ၊ လက်ဝယ်ရရှိခဲ့သော လျော်ကြေးများ က မည်မျှခံမည်နည်း။ နှစ်စဉ်စိုက်ပျိုး  လုပ်ကိုင်စားသောက် ခဲ့သော စိုက်ခင်း များက ထာဝရစား ဝတ်နေရေးအတွက် ဖူလုံနိုင်ပေသည်။ သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုက စတင်နေပြီဖြစ်သော်လည်း ပိုက်လိုင်း ဖြတ်သန်းခံ ကျေးရွာများမှ ပြည်သူတွေကတော့ ဘဝင်မေ အး နိုင်ကြပေ။ ကွင်းဆင်း တိုင်းတာ၍ ဈေးနှုန်း ညှိနှိုင်းထားသော အပိုဆောင်း ပျက်စီးမှု လျော်ကြေးကိုမျှော်လင့်နေ ကြသည်။
”ရှစ်လပိုင်း ၇ ရက်နေ့က မြေ စာရင်းရော၊ MOGE  က တာဝန်ရှိသူ တွေရော၊ ခရိုင် အုပ်ချုပ်ရေးမှူး တို့က ငွေပမာဏများလို့ လျှော့ပေးပါပြော တယ်။ မြန်မြန်ရမယ်ထင်လို့ ၃ဝ ရာခိုင် နှုန်း အထိ လျှော့ပေးခဲ့ပေမယ့် ခုထိမ လျော် သေးဘူး။ များတယ်လို့ ပြောရ အောင်က မြေတိုင်းတာလည်းသူတို့ ဖာသာတိုင်းတာပါ။ ပိုက်လိုင်း ကလေ အောက် ဘက်ကနေတာ ဆိုတော့ပေါက် ကွဲရင်အန္တရာယ်ဖြစ်မှာလည်း စိုးတော့ ငွေရရင်ဟိုဘက် လွတ်ရာ ချောက်ကြိုချောက်ကြာြးေ မဝယ်ပြီး သွားနေရေ တာ့မှာပဲ”ဟုပြောသော မိုင်ပေါငဲ၏ စကား သံများကိုကြားယောင်ရင်း အဆင်း လမ်းကို အကွေ့များ၌ ချော်မကျစေရန် သတိထားလာခဲ့ရသည်။ မြေအောက်မှ သယံဇာတ များကို စနစ်တကျ တွက် ချက်ခြင်းနှင့် ပြန် လည် ကာကွယ်ခြင်း မရှိ။ တူးဖော်ခြင်းသည် လည်းကောင်း၊  မြေပေါ်စိုက်ပျိုးလုပ်ကိုင်ခြင်းကိုလည်း အလွယ်ပင်ခုတ်ထွင်လုပ်ကိုင် ခြင်းသည် လည်းေ ကာင်း ဘေးထွက်ဆိုး ကျိုးများ က မနည်းလှ။ လူသားတို့အ တွက် မရှိမ ဖြစ်၊ စားဝတ်နေရေးအတွက် ဖြစ်သင့် ဖြစ်ထိုက်သည်ထက် ပို၍ ခက်ခဲပင်ပန်း ကြီးစွာ လုပ် ကိုင်ကြ ရပေသည်။
ထို့အတွက်သဘာဝ ရေ၊ မြေ၊ လေ၊ ရာသီဥတုတို့၏ ဖောက်ပြန်မှု၏ဆိုးကျိုး ခံစားရသည်လည်း ရှိနိုင်ပေသည်။ ထိုအထဲတွင်မှ လူတို့ ဖန်တီး သော ပေါ့ဆမှု၊ တန်ဖိုးမထား အသိမဲ့၊ ဆင်ခြင်သုံးသပ်မှုမဲ့သော လုပ်ရပ်များ ကြောင့်ဖြစ်ပေါ်လာသော အကျိုးဆက် များကတော့ အသိဥာဏ်အရှိဆုံးဟု ဂုဏ်ယူဝင့်ကြွားတတ်သော လူသားတို့၏ ကမ္ဘာတွင် မရှိသင့်သောအရာဟု ဆိုသော်လည်း ငြင်းနိုင်စွမ်းမရှိ လက်ခံ နေရလေပြီ။ စကားပမာဆိုရပါလျှင် မိုး အောက်မြေပြင် မြင်နိုင်သမျှ အရပ်တို့ တွင် လူသားတို့ ၏ လောဘမုန်တိုင်း အောက်၌ပင် လူသားဘဝနှင့် သဘာဝ လက်ဆောင်တန်ဖိုးများ ပြားပြားဝပ် အချေမှုန်းခံနေရပြီဟုသာ . . . ။
ဦးမင်း
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis