menu

Saturday 12 October 2013

မောင်တော နယ်စပ် လုံခြုံရေးကို ရဲတပ်ရင်းများ တိုးချဲ့ထားသည့်အပြင် လိုအပ်ပါက စစ်တပ်အကူအညီရယူမည်


ရန်ကုန် ၊ အောက်တိုဘာ ၁၁ ။ ။ ယခု အခါ ရခိုင်ပြည်နယ် မောင်တော မြို့နယ်၏ နယ်စပ်လုံခြုံရေးကို ရဲတပ်ရင်းများ တိုးချဲ့ထားသည့် အပြင် လိုအပ်ပါက ဘူးသီးတောင် မှ စစ်တပ်အကူအညီရယူ ကာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှ သိန်းက ရန်ကုန်တိုင်းမ်နေ့စဉ်သို့ ထုတ်ဖော်ပြောသည်။
သို့ရာတွင် အဆိုပါစစ်တပ် သည် ဘူးသီးတောင်မြို့နယ်တွင် တပ်စွဲထားပြီး လုံခြုံရေးလိုအပ်ပါ က မောင်တောမြို့နယ်မှ ရဲတပ် ရင်းများနှင့် ပူးပေါင်းကာ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ဦးလှသိန်းက ''နိုင်ငံတကာ စည်းမျဉ်းအရ နယ်စပ်ဘောင် ငါး မိုင်အတွင်း တပ်စွဲခွင့်မရှိလို့ ငါး မိုင်အကျော်မှာ စစ်တပ်ထား တယ်။ မောင်တောမြို့နယ် မှာလဲ နစက မရှိတဲ့နောက် ရဲတပ်ရင်းတွေအ ပြည့်အဝချထားတယ်။ လုံလောက် အောင်ထားတယ်။ ရဲမှူးကြီးတစ် ဦး ရုံးထိုင်ကွပ်ကဲနေတယ်။ ဒါပေ မဲ့ မောင်တောမြို့နယ်မှာက ခိုးမှု၊ တိုက်မှု၊ လုယက်မှု၊ ဓားမြမှုတွေ ကတော့ ရံဖန်ရံခါဖြစ်နေတဲ့အနေ အထားမှာရှိတယ်''ဟု ပြောသည်


မောင်တောမြို့နယ်တွင် ယခင်က နယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်ကို ယခုနှစ် ဇူလိုင်၁၂ရက်က ဖျက် သိမ်းလိုက်ပြီးနောက် ယင်းနေရာ တွင် နယ်စပ်လုံခြုံရေးအတွက် ရဲ တပ်ရင်းအများအပြား ချထား ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ မောင် တောမြို့နယ်နေ ပြည်သူတစ်ဦး က ''မောင်တော မှာခိုးမှု၊ လုယက် မှုတွေတော့ မကြာခဏဖြစ်တယ်။ အဓိကတော့ လုံခြုံရေးထားပေ မယ့် တချို့ပြည်သူတွေက တိုင် ကြားမှုတွေ မရှိဘူး။ ကိုယ့်ဘာသာ ကြိတ်ဖြေရှင်းလိုက်တာတွေ ရှိ တယ်။ ဘာပဲပြောပြော မောင် တောမှာနေရတာ လုံခြုံမှုမရှိသလို ခံစားရလို့ တခြားနေရာကိုတောင် ပြောင်းဖို့ စဉ်းစားထားတယ်''ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် နယ်ခြား စောင့်တပ်ထားရန် ရခိုင်ပြည်သူ များက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို မကြာခင်ရက် ပိုင်းအတွင်းက တောင်းဆိုခဲ့ရာ သူရဦးရွှေမန်းက ယင်းကိစ္စကို နိုင်ငံတော်သမ္မတထံ တင်ပြသွား မည်ဟု ပြောကြားသွားခဲ့ကြောင်း သိရသည်။

ကျော်မြတ်ဇံ
Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis