menu

Saturday 12 October 2013

ရွှေနဲ့ မွမ်းမံပြင်ဆင်ထားတဲ့ Gold-Plated Audi R8

Photo: ရွှေနဲ့ မွမ်းမံပြင်ဆင်ထားတဲ့ Gold-Plated Audi R8

============================
ခွန်နေ(AMMG)

ရွှေအရည်အသွေးဘယ်လောက်နဲ့ မွမ်းမံတည်ဆောက်ထားတယ်ဆိုတာ မသိ
ရပေမယ့် နဂိုမှုရင်း Audi R8 ထက်အရောင်တောက်သွားအောင် ရွှေကွပ် 
ပြင်ဆင်ထားတာကို ပုံပါအတိုင်းမြင်တွေ့ရမှာပါ။

မြင်တွေ့ရတဲ့ ကားကတော့ Audi R8 အမျိုးအစားဖြစ်ပြီးမော်ဒယ်လ်နံပတ်
ဘယ်လောက်ရှိတယ်ဆိုတာ ရေးသားထားခြင်းတော့မရှိပါဘူး။ သို့ပေမယ့်
ရှာဖွေထားတဲ့ မှတ်တမ်းများအရတော့ Audi R8 Spyder/Coupe အမျိုးအစားဖြစ်ပြီးအင်ဂျင်တည်ဆောက်ပုံ Version နှစ်မျိုးနဲ့ ထွက်ရှိထားတဲ့ ကားလို့သိရ ပါတယ်။

၎.၂ လီတာ၊ဆလင်ဒါ ၈ လုံး နှင့် ၅.၂ လီတာ၊ဆလင်ဒါ ၁၀ လုံး ဆိုပြီး အင်ဂျင်တည်ဆောက်ပုံ V ပုံစံနဲ့ ပုံစံနှစ်မျိုးထုတ်လုပ်ထားတာပါ။ ယခင်က
လည်းအလားတူ ရွှေရောင် Audi R8 Spyder ဆိုပြီး ယခုမြင်တွေ့ရတဲ့
ကားထက် မော်ဒယ်လ်နိမ့်တဲ့ ကားကို တရုတ်နိုင်ငံလမ်းမှပေါ်မှာ မြင်တွေ့
ခဲ့ရပါသေးတယ်။ တရုတ်ပြည်မှာမြင်တွေ့ခဲ့ရတဲ့ အဆိုပါကားကတော့
၅.၂ လီတာ၊ဆလင်ဒါ ၁၀လုံး၊ V အင်ဂျင်ပုံစံတည်ဆောက်ထားတဲ့ ကားဖြစ်
ပြီး မြင်းကောင်ရေ ၅၂၅ ထုတ်လုပ်ပေးနိုင်တယ်လို့သိရပါတယ်။

ယခုပုံသဏ္ဍာန်နဲ့ လားတူရွှေရောင် Gold Audi R8 တစ်စီးကိုတော့ အမေရိ
ကန် Rapper အဆိုတော်၊အသက်-၂၃ နှစ်အရွယ် Tyga မှာလည်းတစ်စီးရှိ
တယ်လို့သိရပါတယ်။

နဂိုမှုရင်း Audi R8 တောင်လက်ရှိကာလပေါက်ဈေး အမေရိကန်ဒေါ်လာ
၁.၇ သန်းလောက်ရှိတာဆိုတော့ ရွှေနဲ့ပါထပ်ကွပ်ထားတဲ့ Gold-Plated Audi R8 ရဲ့ဈေးကတော့ ယခင်ကဖော်ပြထားတဲ့ ရွှေရောင် Buggati ထက်မနိမ့်
တာတော့သေချာပါတယ်။

ပြပွဲမှာ သားနားစွာပြသထားတဲ့ Gold-Plated Audi R8 ကိုယခုလိုမြင်တွေ့
ရပါတယ်။

Ref:esupercarnews

TechSpace Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis