menu

Tuesday 3 September 2013

ရုရှားက ဆီးရီးယားကို စပိုင်သင်္ဘောစေလွှတ်

Priazovye  စစ္သေဘာၤ
Monday, September 2, 2013

ရုရှားနိုင်ငံက ထောက်လှမ်း ရေးသင်္ဘောတစ်စင်းအား ဆီးရီး ယားကမ်းခြေရှိရာသို့ စေလွှတ် ခဲ့ကြောင်း သိရသည်။

စေလွှတ်ခဲ့သော သင်္ဘော မှာ ဘလက်ဆီးရှိ ၎င်း၏ရေတပ် သင်္ဘောတစ်စင်းဖြစ်ကြောင်း သတင်းများကဖော်ပြသည်။
လက်ရှိအချိန်တွင် အနောက် နိုင်ငံတို့က ဆီးရီးယားအစိုးရအား စစ်ရေးအရ အရေးယူဆောင် ရွက်ရန် စီစဉ်နေမှုအတွက် ရုရှား နိုင်ငံက စိုးရိမ်တကြီးစောင့်ကြည့် နေလျက်ရှိကြောင်း သိရသည်။

ရုရှားနိုင်ငံ၏ SSV- 201 ထောက်လှမ်းရေးသင်္ဘော Priazovye သည် ယူကရိန်းနိုင်ငံရှိ ၎င်း၏ရပ်နားထားရာ ဆီဗတ်စတို ပိုလ်ဆိပ်ကမ်းမှနေ၍ တနင်္ဂနွေ ညနေပိုင်းတွင် စတင်ထွက်ခွာ လာခဲ့သည်။ Priazovye သင်္ဘော သည် မြေထဲပင်လယ်အရှေ့ပိုင်း တွင် စစ်ရေးတာဝန်များကိုထမ်း ဆောင်ရန် တာဝန်ပေးစေလွှတ် ခြင်းလည်းဖြစ်သည်ဟု စစ်ဘက် ဆိုင်ရာ သတင်းအရင်းအမြစ်ဌာန က Interfax သတင်းအေဂျင်စီ သို့ ပြောကြားခဲ့ကြောင်း သိရ သည်။

သတင်းအရင်းအမြစ်ဌာန ၏အဆိုအရ စေလွှတ်လိုက်သော သင်္ဘောမှာ ပဋိပက္ခ အရှိန်မြင့် တက်နေသော ဒေသတွင်းမှ အ ရေးပါသော သတင်းများကို စု ဆောင်းရန် တာဝန်ပေးအပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ ပြင် Priazovye သင်္ဘောသည် ဒေသတွင်း လက်ရှိ ရုရှားရေတပ် စစ်သင်္ဘောအုပ်စု၏ တရားဝင် အစိတ်အပိုင်းဖြစ်မည် မဟုတ်ဘဲ မော်စကိုရှိ စစ်ဦးစီးချုပ်ရုံးသို့ တိုက်ရိုက် သတင်းအစီရင်ခံရ မည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis