menu

Tuesday 3 September 2013

ကန်ဒေါ်လာ နှစ်ဘီလီယံကျော် တရုတ်အစိုးရထံမှချေးမည်

ရန်ကုန်၊ စက်တင်ဘာ ၂

မြန်မာအစိုးရက တရုတ်အစိုးရထံမှ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော်ချေးရန် စီစဉ်နေကြောင်း တရုတ်နိုင်ငံအခြေစိုက် ပီကင်းသတင်းဌာနတွင် ဖော်ပြထားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း မြန်မာအစိုးရက ချမှတ်ထားသော အခြေခံအဆောက်အဦးနှင့် သက်ဆိုင်သည့် စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် ဒဖြစ်ကြောင်း ယင်းသတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့ ဆက်သွယ်မေးမြန်ရာ လုပ်ငန်းဆောင်ရွက်ရန် သေချာပါက ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိသေးကြောင်း ပြောကြားသည်။

အမျိုးသား စီမံကိန်းကြီးများဖြစ်သော ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ဆောက်လုပ်ငန်းကဏ္ဍတို့နှင့် သက်ဆိုင်သည့် အခြေခံအဆောက်အဦးဆိုင်ရာ စီမံကိန်း ၂၂ ခုကို အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း ယင်းသတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာအစိုးရ ချေးယူမည့် ပမာဏ မှာ ၂ ဒသမ ၃ဘီလီယဖြစ်ပြီး ယင်းငွေပမာဏများမှ အမေရိကန်ဒေါ်လာ ၆၄၆ သန်းသည် စိုက်ပျိုးရေးနှင့် ဘဏ္ဍာရေးကဏ္ဍများအတွက် အသုံးပြုသွားရန် အတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဘဏ္ဍာရေးကဏ္ဍအတွက် အသုံးပြုရာတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ချေးငွေစီစဉ်ပေးရန်နှင့် အသေးစားနှင့် အလတ်စား ဘဏ်လုပ်ငန်းများ တည်ထောင်နိုင်ရန်အတွက် ဖြစ်ကြောင်း ယင်းသတင်းဌာနတွင် ဖော်ပြထားသည်။

ထို့အပြင် လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန်၊ တံတား ၁၆ ဆင်း တိုးချဲ့တည်ဆောက်ရန်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အဆင့်မြှင့်တင်ရန်နှင့် ရန်ကုန်မြို့ရှိ ရတနာ၊ ဧရာဝဏ် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ အကောင်ထည်ဖော်ရန် အတွက်လည်း အသုံးပြုသွားရန် ရှိကြောင်း ယင်းသတင်းဌာနတွင် ဖော်ပြချက်အရ သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဒုတိယမြောက် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း သဘောတူညီခဲ့သည့်အတိုင်း မြန်မာနိုင်ငံရှိ လယ်ယာကဏ္ဍ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းကဏ္ဍများ အဆင့်မြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို တရုတ်အစိုးရက သမဝါယမဝန်ကြီးဌာနကို ထုတ်ချေးခဲ့သည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis